မော်စကို – မေ(၁၄) 

ရုရှား၊ယူကရိန်းနဲ့ တခြားဥရောပနိုင်ငံတွေကို လာမယ့် မေလ(၁၅) ရက်နေ့ကစပြီး တရုတ်နိုင်ငံက အထူးသံတမန်တစ်ဦး စေလွှတ်သွားမှာဖြစ်ပြီး ရုရှားရဲ့ ကျူးကျော်စစ်စတင်ပြီးနောက်ပိုင်း စစ် ဒဏ်ခံနေရတဲ့ နိုင်ငံကို သွားရောက်မယ့် တရုတ်နိုင်ငံရဲ့ ထိပ်တန်း သံတမန်တစ်ဦး ဖြစ်တယ် လို့ သိရပါတယ်။ 

တရုတ်ဟာ ယူကရိန်းအရေးကနေ အရှေ့အလယ်ပိုင်းအထိ ကမ္ဘာ့အကျပ်အတည်းတွေကို ဖြေရှင်းရာမှာ ဦးဆောင်အခန်းကဏ္ဍကနေ ကြားဝင်ဖျန်ဖြေသူအဖြစ် ရပ်တည်ဖို့ ကြိုးပမ်း နေတာပါ။

ယူကရိန်းကျူးကျော်စစ်မှာ ကြားနေအဖြစ်ရပ်တည်တယ်လို့ တရုတ်ဘက်က ပြောဆိုထားပေ မယ့် ရုရှားကို ရှုတ်ချဖို့ ငြင်းဆိုခဲ့တဲ့အတွက် ဝေဖန်ခံထားရပါတယ်။ 

စစ်ပွဲတစ်နှစ်ကျော်ကြာချိန်မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ယူကရိန်းခေါင်းဆောင်နဲ့ ပြီးခဲ့တဲ့ လက ဖုန်းနဲ့ စကားပြောဆိုခဲ့တာဖြစ်ပါတယ်။ 

ယူကရိန်းနိုင်ငံကိုသွားမယ့် ကိုယ်စားလှယ်အဖွဲ့ကို ရုရှားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လီဟူ ကဦးဆောင်ပြီးသွားရောက်မှာဖြစ်တယ်လို့ သိရပါတယ်။ 

သံအမတ်ကြီးလီရဲ့ ယူကရိန်း၊ပိုလန်၊ပြင်သစ်၊ဂျာမနီနဲ့ ရုရှားနိုင်ငံ ခရီးစဉ်တွေရဲ့ ရည်ရွယ်ချက်မှာ ယူကရိန်းအကျပ်အတည်းရဲ့ နိုင်ငံရေးအရ ပြေလည်မှုရရှိဖို့ အင်အားစုအားလုံးနဲ့ ဆက်သွယ်ဖို့ ဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ဝမ်ဝန်ဘင်က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ 

“လီရဲ့ ခရီးစဉ်ဟာ တရုတ်နိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ပြောဆိုဆွေးနွေးမှုများကို မြှင့်တင်သည့် ကတိကဝတ်ကို ပြသခဲ့ကြောင်း ဆိုခဲ့ကာငြိမ်းချမ်းရေးဘက်မှာ တရုတ်နိုင်ငံက အခိုင်အမာ ရပ်တည်နေတာကို အပြည့်အဝ ပြသနေ ပါတယ်” လို့ ဝမ်ကပြောခဲ့ပါတယ်။  

အပစ်အခတ်ရပ်စဲရေး၊ စစ်ပွဲရပ်စဲရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ စတင်ရေးနဲ့ အခြေအနေ တိုးမြင့်လာမှုတို့ကို နိုင်ငံတကာ သဘောတူညီမှုတွေ ပိုမိုတည်ဆောက်ရေးမှာ တရုတ်အနေနဲ့ အပြု သဘောဆောင်တဲ့ အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ဖို့ ဆန္ဒရှိတယ်လို့ သူက ပြောပါသေး တယ်။ 

နော်ဝင်နိုင်ငံကို ရောက်ရှိနေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ရှင်ကျန်း ကလည်း လီရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး “ကျွန်တော်တို့ အားလုံးက အခြေအနေကို စိုးရိမ်နေပြီး ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေး အရ ဖြေရှင်းပေးဖို့ တောင်းဆိုပါတယ်၊ တရုတ်ဘက်က ပဋိပက္ခမှစပြီး ပေါ်ပေါက်လာတဲ့ နေ့က တည်းက ရပ်တည်ပြီး တောင်းဆိုနေတာပါ” လို့ ပြောခဲ့ပါတယ်။ 

ဒါပေမယ့် တရုတ်အစိုးရရဲ့ ယူရေးရှား အထူးကိုယ်စားလှယ်ကတော့ လီရဲ့ ရွေးချယ်မှုဟာ စောင့်ကြည့်ချင်စရာဖြစ်တယ်လို့ ဆိုထားပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.