ဆိုးလ်၊ မေ(၄)
သူနာပြုတွေရဲ့ လစာနဲ့ လုပ်ငန်းခွင်အခြေအနေတွေ တိုးမြင့်လာတာနဲ့အညီ သူနာပြုဥပဒေကြမ်းကလည်း ဆရာဝန်တွေရဲ့ အလုပ်ကိုထိခိုက်လာမှာစိုးရိမ်တာကြောင့် တောင်ကိုးရီးယားက ဆရာဝန် (၁) သောင်းကျော် ဟာ မေလ (၃) ရက်နေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က လွှတ်တော်မှာ အတည်ပြုခဲ့တဲ့ အဲဒီဥပဒေကြမ်းဟာ ကိုဗစ်-၁၉ တိုက်ဖျက်ရေး ရှေ့တန်း စစ်မျက်နှာမှာ တိုက်ပွဲတွင် အနစ်နာခံအပင်ပန်းခံနေတဲ့ သူနာပြုတွေကိုကူညီဖို့ အဓိကရည်ရွယ်ပြီး ရေးဆွဲခဲ့ တာဖြစ်တယ်လို့ သိရပါတယ်။
သူတို့ရဲ့စရိတ်စကနဲ့ မှတ်ပုံတင်ထားတဲ့ သူနာပြုတွေအတွက် အလုပ်အကိုင်တွေ တိုးချဲ့ပေးမယ်လို့ ဆိုထားချိန် အဲဒီဥပဒေကြမ်းဟာ သူနာပြုတွေက ဆေးကုသခွင့်လိုင်စင်မရှိဘဲ ကုသဖို့ခွင့်ပြုထားတာဖြစ်တယ်လို့ ဆရာဝန် တွေကရှုမြင်ကြတာဖြစ်ပါတယ်။ ဒါကြောင့် သမ္မတယွန်းဆုခ်ယိုကို ဗီတိုအာဏာနဲ့ အဲဒီဥပဒေကြမ်းကို လွှတ်တော်အမတ်တွေအနေနဲ့ ပြန်လည်ရေးသားဖို့ ဆရာဝန်တွေက တိုက်တွန်းခဲ့ကြပါတယ်။
သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးကတော့ ဆေးဘက်ဆိုင်ရာအဖွဲ့တွေနဲ့ အာဏာရပါတီတို့ ဆွေးနွေးပြီးနောက် ဆုံးဖြတ်မယ်လို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
တောင်ကိုရီးယားရှိ ဆရာဝန်အားလုံးကို ကိုယ်စားပြုတဲ့ ကိုရီးယားဆေးဘက်ဆိုင်ရာအဖွဲ့ အပါအဝင် အဖွဲ့ တစ်ဒါဇင်ကျော်က သပိတ်မှောက်ခဲ့ကြပြီး သူနာပြုအကူတွေ အများဆုံးအဖွဲ့ဖြစ်တဲ့ ကိုရီးယားလိုင်စင်ရ လက်တွေ့ကျသူနာပြုအသင်းမှ ပြောဆိုချက်အရ ဆန္ဒပြသူ (၁) သောင်းခန့် ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
ဆန္ဒပြသူအများစုဟာ သူတို့ရဲ့ အားလပ်ရက်တွေ သို့မဟုတ် နေ့ခင်းဘက်တွေမှာ အလုပ်ချိန်ကို အနည်း ငယ်သာ အသုံးပြုကြပြီး ပါဝင်ကြတာဖြစ်ပြီး အဓိကဆေးရုံတွေဟာလည်း ပုံမှန်အတိုင်း လည်ပတ်နေ တာ ကြောင့် သပိတ်ရဲ့သက်ရောက်မှုဟာ အကန့်အသတ်အဖြစ် ရှိလိမ့်မယ်လို့ သိရပါတယ်။
ဒါပေမယ့်လည်း တောင်းဆိုချက်တွေကို မလိုက်လျောပါက မေလ ၁၇ ရက်နေ့မှာ နိုင်ငံတစ်ဝှမ်း အထွေထွေ သပိတ်ကြီး ဆင်နွှဲမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အဲဒါဟာ ကာလရှည်ကြာဖြစ်ပွားနေတဲ့ COVID-19 တိုက်ဖျက်ရေးအတွက် ပြင်းထန်သော ဆေးဘက်ဆိုင်ရာစနစ်ကို အနှောင့်အယှက်ဖြစ်စေနိုင်တယ်လို့ ဆိုထားပါတယ်။
“ဥပဒေဟာ တရားမျှတပြီး ဆင်ခြင်တုံတရားရှိသင့်ပါတယ်” လို့ ကိုရီးယားဆေးဘက်ဆိုင်ရာအသင်းဥက္ကဋ္ဌ လီပေလ်ဆိုးက ပြောကြားခဲ့တာပါ။ တရားမျှတပြီး ကျိုးကြောင်းဆီလျော်တဲ့ ဆုံးဖြတ်ချက်တစ်ခုချဖို့ အစိုးရကို အင်္ဂါနေ့က သတင်းစာရှင်းလင်းပွဲမှာ တောင်းဆိုခဲ့တာပါ။
ဆရာဝန်တွေနဲ့ သူနာပြုအဖွဲ့တွေကြား ဖျန်ဖြေပေးတဲ့ အခန်းကဏ္ဍမှ ပါဝင်ခဲ့တဲ့ ကျန်းမာရေးဝန်ကြီးဌာနက ဥပဒေကြမ်းကို လွှတ်တော်မှာ အတည်ပြုဖို့ သူတို့ကိုယ်စားလှယ်အများစုကို အသုံးပြုခဲ့တဲ့ အဓိက အတိုက်အခံ ဒီမိုကရက်တစ်ပါတီကို အပြစ်တင်ခဲ့ပါတယ်။
ဆေးဘက်ဆိုင်ရာလုပ်သားတွေအကြား စိတ်ဝမ်းကွဲမှုဟာ သူတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုကို နှောင့်နှေးစေပြီး ကျန်းမာရေးစနစ်ကို ထိခိုက်စေလိမ့်မယ်လို့ တာဝန်ရှိသူတွေက ထုတ်ဖော်ပြောကြားခဲ့ကြပါတယ်။
ဝန်ကြီးဌာနက အလုပ်ချိန် သက်တမ်းတိုးဖို့နဲ့ ၂၄ နာရီ အရေးပေါ် စောင့်ရှောက်မှု ဝန်ဆောင်မှုတွေကို ဆက် လက်လုပ်ဆောင်ဖို့ ပိုကြီးတဲ့ဆေးရုံတွေနဲ့ ဆေးခန်းတွေကို တောင်းဆိုထားကြောင်း ဝန်ကြီးဌာနက ဗုဒ္ဓဟူး နေ့မှာ ပြောခဲ့ပါတယ်။
Ref:CNA