April 2023

“စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှုလို့သာပြောနေတာ။ သူလုပ်နေတာက အရပ်သားတွေကိုပစ်မှတ်ထား လုပ်နေတာပဲလေ။ လေယာဉ် တွေနဲ့ဗုံးကြဲတယ်။ လက်နက်ကြီးတွေနဲ့ပဲ တိုက်ပွဲမဖြစ်ဘဲ နေ့ရော၊ ညရော အရပ်သားတွေ လူထုတွေပုန်းနေတဲ့ရွာတွေကို လိုက ပစ်နေတာပဲလေ”

KNU ပြောခွင့်ရ ပဒိုစောတောနီးနဲ့ ဆက်သွယ်မေးမြန်းချက်။ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆)နယ်မြေ မြဝတီမြို့နယ် မဲကနယ်ဒေသမှာ ပြီးခဲ့တဲ့ ဧပြီ ပ ထမအပတ်ကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တို့ကြား တိုက်ပွဲတွေ ပြင်းထန် နေသလို အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီ ဘက်က လေကြောင်းတိုက်ခိုက်တာအပြင် အတွဲလိုက်ဒုံးပစ်ခတ် တိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်နေတာပါ။ ဒါကြောင့် စစ်ကောင်စီဘက်က KNU နယ်မြေထဲမှာ…

လွှတ်တော်စင်မြင့်ရောက်ဖို့ စစ်ဖိနပ်အောက် တိုးဝင်ကြတဲ့ နိုင်ငံရေးပါတီများ

နိုင်ငံမတည်ငြိမ်သေးဘူးလို့ အကြောင်းပြပြီး အရေးပေါ်အခြေအနေကို အကြိမ်ကြိမ်သက်တမ်းတိုး၊ သာမာန်မဟုတ်သော အခြေအနေဆိုပြီး ဥပဒေကို လက်တစ်လုံးခြားလုပ် အာဏာသက်တမ်းကို ဆွဲဆန့်နေတဲ့ စစ်ခေါင်းဆောင်ရဲ့ ရွေးကောက်ပွဲလုပ်ပြီး အာဏာလွှဲမယ်ဆိုတဲ့ မက်လုံးကို ယုံစားတဲ့ နိုင်ငံရေးပါတီ ၆၃ ပါတီမှတ်ပုံတင်ခဲ့ကြပါတယ်။ နိုင်ငံ့သမိုင်းကို ပြန်ကြည့်ရင် စစ်ခေါင်းဆောင်တွေဟာ ဘယ်တုန်းကမှ ကတိတည်ခဲ့တာကို မတွေ့ရပါဘူး။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုမယ်၊ အနိုင်ရပါတီကို အာဏာလွှဲမယ် စစ်တပ်ကတော့…

သင်္ကြန်အလွန်တစ်ပတ်အတွင်း ကိုဗစ်အတည်ပြုလူနာ ၁၉၀ နီးပါးရှိလာ

ရန်ကုန်၊ ဧပြီ(၂၅) မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါပိုး ပြည်တွင်းကူးစက်မှု ဧပြီလဆန်းမှာ အနည်းငယ်မြင့်တက်လာခဲ့ပြီး သင်္ကြန်ကာလအလွန် ဧပြီတတိယပတ်မှာတော့ ကိုဗစ်ရောဂါအတည်ပြုလူနာ ၁၉၀ နီးပါး ရှိလာတယ်လို့ စစ်ကောင်စီ ဝါဒဖြန့်သတင်းစာမှာ ဖော်ပြပါတယ်။ မြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်တဲ့ ဧပြီ ၁၇ ရက်ကနေ ဧပြီ ၂၃ ရက်နေ့အထိ တစ်ပတ်အတွင်း ကိုဗစ်အတည်ပြု လူနာ ၁၈၉ ဦးအထိရှိခဲ့တယ်လို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ကိုဗစ်အတည်ပြုလူနာ…

စစ်အာဏာသိမ်း (၈၁၃) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၄၃၀ ဦးအထိရှိလာ

မော်လမြိုင်၊ ဧပြီ(၂၅) AAPP ရဲ့ ဧပြီ(၂၄)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၈၁၃)ရက်အတွင်း ပြည်သူ (၃၄၃၀)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၁၅၁၄ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၈၈၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…

မွန်ပြည်နယ်က နေလှန်းဆားကွင်း ပိတ်သိမ်းတာတွေရှိလာ

မော်လမြိုင်၊ ဧပြီ(၂၅) မွန်ပြည်နယ်မှာ ဆားဈေးနှုန်း ဆက်တိုက်ကျဆင်းလာပြီး အရှုံးပေါ်နေတာကြောင့် ဆားရာသီမကုန်ခင်မှာပဲ နေလှန်းဆားကွင်းတွေ ပိတ်သိမ်းတာတွေ ရှိလာတယ်လို့ ဆားတောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဆားဈေးနှုန်းဟာ သင်္ကြန်မတိုင်မီ ဆားကြမ်းရိုးရိုး တစ်ပိဿာကို ကျပ်(၁၆၀) ဝန်းကျင်ရှိရာကနေ သင်္ကြန်ကာလအလွန်မှာတော့ တစ်ပိဿာကို ကျပ်(၁၁၀) ဝန်းကျင်အထိ ဈေးနှုန်းကျဆင်းသွားတာ ဖြစ်ပါတယ်။ ဆားဈေးနှုန်း ဆက်တိုက်ကျဆင်းနေတာကြောင့် ဆားတောင်သူတွေဟာ ဆားရာသီမကုန်ခင်မှာပဲ ဆားကွင်းတွေ…

လေပြင်းတိုက်ခိုက်မှုကြောင့် သောင်ရင်းမြစ်ဘေးစစ်ရှောင်တွေ နေရာထိုင်ခင်းအခက်ကြုံနေရ

မြဝတီ၊ ဧပြီ(၂၅) လေပြင်းတိုက်ခတ်မှုကြောင့် ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းအနီးနေထိုင်နေတဲ့ လေးကေ့ကော် စစ်ဘေးရှောင်ပြည်သူတွေရဲ့ နေအိမ်တွေထိခိုက်ပျက်စီးသွားတာကြောင့် နေထိုင်ရေးအတွက် အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ လေးကေ့ကော်လူငယ်ကွန်ရက်အဖွဲ့က ထုတ်ပြန်ပါတယ်။ ဧပြီ(၂၃)ရက်နေ့ ညနေပိုင်းအချိန်က လေပွေ၊ လေပြင်းတွေ တိုက်ခိုက်ခဲ့တဲ့အတွက် သောင်းရင်းမြစ်ကမ်းအနီးမှာရှိတဲ့ လေးကေ့ကော်စစ်ဘေးရှောင်ပြည်သူတွေနေထိုင်တဲ့ ပလောတပိုစစ်ရှောင်စခန်းက နေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့တာပါ။ လက်ရှိမှာတော့ စစ်ဘေးရှောင်ပြည်သူတွေအတွက် နေအိမ်အဆောက်အဦးတွေနဲ့ တကိုယ်ရေသုံးပစ္စည်းတွေ၊ စားနပ်ရိက္ခာတွေ…

သရက်ချောင်းဒေသခံ ၁၀၀ ကျော်ကို စစ်ကောင်စီတပ်ဖမ်းဆီး

သရက်ချောင်း၊ ဧပြီ(၂၅) တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ရငဲရွာနဲ့ဝဲရစ်ကျေးရွာနေ ဒေသခံ ၁၀၀ ကျော်ကို စစ်ကောင်စီတပ်က အကြောင်းမဲ့ လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တပ်အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ဧပြီ ၂၃ ရက်နေ့ မနက်ပိုင်းက ရငဲကျေး ရွာအတွင်း ဝင်ရောက်လာပြီးနောက် ဒေသခံ ၈၀ ကျော်ကို နေအိမ်တွေမှာ…

မယ်စိထာဂိတ်စခန်းကို KNLA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်

ဘားအံ၊ ဧပြီ(၂၅) ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ စစ်ကောင်စီ မယ်စိထာဂိတ်စခန်းကို ဧပြီ ၂၄ ရက်နေ့ မနက်ပိုင်းမှာ ကရင် အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တပ်မဟာ (၁)နဲ့ တပ်မဟာ (၅) ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။ စစ်ကောင်စီ စကခ (၈) လက်အောက်ခံ အမှတ် (၄၀၁)ခြေမြန်တပ်ရင်း အထိုင်စခန်းတစ်ခုဖြစ်တဲ့…

ဥရောပနဲ့ တရုတ်ပူးပါင်းဆောင်ရွက်မှုဟာ အကန့်အသတ်မရှိဘူးလို့ တရုတ်အထူးသံတမန်ပြောကြား

ဘေဂျင်း၊ ဧပြီ(၂၅) တရုတ်ရဲ့ ဥရောပအပါအဝင် အခြားနိုင်ငံတွေနဲ့ ဆက်ဆံရေးဟာ ရုရှားနိုင်ငံလိုပဲ အကန့်အသတ်မရှိကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုတွေဟာလည်း အဆုံးမရှိပါဘူးလို့ ဥရောပသမဂ္ဂဆိုင်ရာ တရုတ်သံတမန်က ဧပြီ (၂၄) မှာ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ရုရှား- ယူကရိန်းအရေးနဲ့ပတ်သက်ပြီး တရုတ်အနေနှင့် ကြားနေမှုကို အာမခံချက်ပေးကြောင်း ထည့် သွင်းပြောကြားခဲ့တာပါ။ ဒါပေမယ့်လည်း ယူကရိန်းအပါအဝင် အရင်ဆိုဗီယက်ယူနီယံနိုင်ငံတွေရဲ့ အချုပ်အခြာ အာဏာနဲ့ပတ်သက်ပြီး ပြင်သစ်နိုင်ငံအပေါ်မေးခွန်းထုတ်ခဲ့တဲ့…