April 2023

လေကြောင်းရန်ကာကွယ်ရေးတပ်က CDM တပ်ကြပ်ကြီး ဇေယျနဲ့ ဆက်သွယ် မေးမြန်းချက်။

“အဓိကကတော့ တပ်သားသစ်စုဆောင်းဖို့ မက်လုံးတစ်မျိုးပေါ့။ အသက်မပြည့်တဲ့သူ တွေကို ဆွဲဆောင်တဲ့ ပုံစံမျိုးပါပဲ” -ဒီလေကြောင်း၊ ရေကြောင်း အခြေခံသင်တန်းပေးနေမှုက ဘယ်လို ရည်ရွယ်ချက်တွေ ရှိနေမလဲ။ စစ်ကောင်စီ ကိုယ်တိုင်က လေကြောင်းမှာဆိုရင် နိုင်ငံတော်ကာကွယ်ရေးမှာ အထောက်အကူဖြစ်လာစေဖို့ဆိုပြီး ပြောထား တဲ့အတွက် သုံးသပ်ပေးပါဦး။ ရေကြောင်းနဲ့လေကြောင်းလူငယ်သင်တန်းဖွင့်ရတာက အခုလက်ရှိကြည်း၊ ရေ၊ လေအကုန်လုံးပါပဲ။ အင်အားစု ဆောင်းရ ခက်ခဲလာတယ်။ အဲဒီလို ခက်ခဲလာတဲ့အချိန်မှာ…

ကရင်နီပြည်နယ်အစိုးရ ပြည်ထဲရေးဝန်ကြီး ခူးညေးရယ်နဲ့ ဆက်သွယ်မေးမြန်းချက်။

“တချို့ကကျွန်တော်တို့လေ့လာရသလောက် ထွက်ပြေးလာတဲ့ သူတို့ရဲဘော်လေးတွေ ရှိတယ်။ လုပ်သက်အား ဖြင့် တစ်လခွဲ၊ နှစ် လပေါ့။ သူတို့ရဲဘော်တွေက အသက်အရွယ်အားဖြင့် ငယ်သေးတယ်။ ၁၇၊၁၈ အဲဒီအရွယ် လေးတွေ။ သူတို့ တိုက်ခိုင်းတယ်ပေါ့” -အရင်ဆုံး ကရင်နီပြည်နယ်ရဲ့ ဘယ်နေရာတွေမှာ စစ်ရေးပြင်းထန်မှုတွေ ဆက်ရှိနေပါသလဲ။ စစ်ကောင်စီ ဘက်ကရော ဘယ်လိုပုံစံနဲ့ ထိုးစစ်ဆင်တာတွေ ရှိနေလဲ။ တိုက်ပွဲဖြစ်တဲ့နေရာတွေက KNDF၊ PDF…

နှစ်နှစ်အတွင်း ပဲ့ထိန်းဒုံးကျည်တွေ စတင်ထုတ်လုပ်ဖို့ သြစတြေးလျ ရည်မှန်းထား

ဆစ်ဒနီ၊ ဧပြီ(၂၇) သြစတြေးလျနိုင်ငံအနေနဲ့ ကာကွယ်ရေးအစီအစဉ်တွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာတာကြောင့် တာဝေးပစ်ခတ်နိုင်စွမ်းအားကို အာရုံစိုက်ဖို့နဲ့ ပဲ့ထိန်းဒုံးကျည်တွေ ထုတ်လုပ်မှုကို မျှော်မှန်းထားတာထက် နှစ်နှစ်စောကာ ၂၀၂၅ ခုနှစ်မှာ ပြည်တွင်းမှာပဲ စတင်သွားတော့ဖြစ်တယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။ တရုတ်နိုင်ငံဟာ ပွင့်လင်းမြင်သာမှုမရှိဘဲ ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန်ကစတင်ပြီး မည်သည့်နိုင်ငံမှာမဆို အကြီးမားဆုံး စစ်ရေးတည်ဆောက်မှုကို စတင်လုပ်ဆောင်ခဲ့ကြောင်း၊ အင်ဒို-ပစိဖိတ်မှာလည်း ပဋိပက္ခ ဖြစ်နိုင်ချေရှိတဲ့ အဓိကပါဝါပြိုင်ဆိုင်မှုတွေပါဝင်တဲ့ ကာကွယ်ရေးဆိုင်ရာပြန်လည်သုံးသပ်မှု အကြံပြုချက်တွေကို…

ကျိုက်မရောစံပယ်ဂူတံတား-ကျုံကွယ်-နွတ်အောက်လမ်းပိုင်းမသုံးဖို့ KNDO ထုတ်ပြန်

ကျိုက်မရော၊ ဧပြီ(၂၇) ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO တပ်ရင်း(၆)နယ်မြေထဲကို စစ်ကောင်စီတပ်က အင် အားဖြည့်တင်းတာတွေ လုပ်ဆောင်နေတာကြောင့် ပြည်သူတွေအနေနဲ့ ကျိုက်မရောစံပယ်ဂူတံတား-ကျုံကွယ်-နွတ် အောက်လမ်းပိုင်း အသုံးမပြုကြဖို့ KNDO တပ်ရင်း(၆)ဘက်က အသိပေးထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြည်သူလူထုကို အကာအကွယ်ယူပြီး မွန်ပြည်နယ်၊ ကျိုက်မရောက်မြို့နယ်၊ စံပယ်ဂူတံတား- ကျုံကွယ်-နွတ်အောက်လမ်းပိုင်းတွေကနေတစ်ဆင့် KNDO တပ်ရင်း(၆) နယ်မြေထဲကို တပ်အင်အားတွေ ဆက်တိုက်ဖြည့်တင်းနေတယ်လို့ ဆိုပါတယ်။ ဒါကြောင့်…

စစ်အာဏာသိမ်း (၈၁၅) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၄၄၀ဦးအထိရှိလာ

မော်လမြိုင်၊ ဧပြီ(၂၇) AAPP ရဲ့ ဧပြီ(၂၆)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၈၁၅)ရက်အတွင်း ပြည်သူ (၃၄၄၀)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၁၅၅၁ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၉၀၆) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄ ဦးအထိရှိလာခဲ့ပြီး…

“အာဏာသိမ်းစစ်အုပ်စု ဘယ်ခြေလှမ်း လှမ်းမလဲ”

နေပြည်တော်၊ ဧပြီ(၂၇) စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးဝါးလာနေတဲ့ မြန်မာ့နိုင်ငံရေး အကျပ်အတည်းပေါ် စစ်အုပ်စုက ဧပြီတတိယပတ်မှာ မြန်မာ့အရေးကြားဝင်ညှိနှိုင်းပေးနိုင်မယ့် နိုင်ငံတကာအစုအဖွဲ့ ကိုယ်စားလှယ်တွေနဲ့ ခပ်စိပ်စိပ်တွေ့ဆုံမှုတွေ ရှိလာနေပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီရဲ့ နိုင်ငံတကာဆက်ဆံရေးဌာန၊ညွှန်ကြားရေးမှူး ချုပ် Peng Xiubin က စစ်အာဏာရှင်ဟောင်း အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ သမ္မတဟောင်း ဦးသိန်းစိန်တို့ကို လာရောက်တွေ့ဆုံမှုတွေရှိခဲ့တယ်ဆိုတဲ့ သတင်းတွေပေါ်ထွက်နေတာပါ။…

ကျိုက်မရောအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အပူလျှပ်ဖျားနာပေမယ့် ဆေးကုသခွင့်မရ

မော်လမြိုင်၊ ဧပြီ(၂၇) မွန်ပြည်နယ်၊ ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ အပူချိန်ပြင်းထန်မှုကြောင့် နိုင်ငံရေးအကျဉ်းသားအများစု အပူလျှပ်ဖျားနာတာတွေ ရှိနေပေမယ့် ဆေးကုသခွင့်မရရှိကြဘူးလို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အကျဉ်းထောင်ထဲရှိ နိုင်ငံရေးအကျဉ်းသားတွေကိုထားရှိတဲ့ အကျဉ်းခန်းတွေဟာ အခန်းကျဉ်းတာ၊ မျက်နှာကြက်မရှိတာ၊ လေဝင်လေထွက် ကောင်းစွာမရတဲ့အတွက် လက်ရှိဖြစ်နေတဲ့ အပူချိန်ပြင်း ထန်မှုတွေကြောင့် အပူလျှပ်ပြီး ဖျားနာတာတွေ ဖြစ်ပေါ်နေပါတယ်။ အပူလျှပ်ဖျားနာမှုကြောင့် နိုင်ငံရေးအကျဉ်းသား ၇၀…

ရေးမြို့နယ် အစင်ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေ မိုင်းဆွဲတိုက်ခိုက်ခံရ

ရေး၊ ဧပြီ(၂၇) မွန်ပြည်နယ်၊ ရေးမြို့နယ် အစင်ကျေးရွာအနီးပတ်ဝန်းကျင်မှာ ညပိုင်းအချိန်ကင်းလှည့်နေတဲ့ အစင်ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ရေးပြောက်ကျား တပ်ဖွဲ့က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဧပြီ ၂၅ ရက်နေ့ ည ၉ နာရီအချိန်လောက်က ဆိုင်ကယ် ၃ စီးနဲ့ ကင်းလှည့်လာတဲ့ အစင်ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် ပြည်သူ့စစ်အဖွဲ့ဝင် ၇ ဦးကို ရေးပြောက်ကျားတပ်ဖွဲ့က…

KNU ကွန်ကရက်ညီလာခံ စတင်ကျင်းပ၊ ထိပ်ပိုင်းခေါင်းဆောင် အပြောင်းအလဲမရှိနိုင်

မော်လမြိုင်၊ ဧပြီ(၂၇) ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံရေး၊ စစ်ရေးအခြေအနေ အကြောင်းအရပ်ရပ်ကြောင့် ရွှေ့ဆိုင်းခဲ့ရတဲ့ (၁၇)ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံး KNU ကွန်ကရက်ညီလာခံကို ဧပြီ ၂၄ ရက်နေ့က စတင်ကျင်းပလျက်ရှိပြီး လက်ရှိညီလာခံအခင်းအကျင်းအရ ထိပ်ပိုင်းခေါင်းဆောင်တွေ အပြောင်းအ လဲမရှိနိုင်ဘူးလို့ KNU သတင်းရင်းမြစ်က သုံးသပ်ပြောဆိုပါတယ်။ ၂၀၁၇ ခုနှစ်က နောက်ဆုံးကျင်းပခဲ့တဲ့ KNU ကွန်ကရက်ညီလာခံကို ၄ နှစ် တစ်ကြိမ်…

ထိုင်ဝမ်ကို ပို့လိုက်တဲ့ မလေးရှားထုတ် ခေါက်ဆွဲခြောက်တွေမှာ ကင်ဆာဖြစ်စေနိုင်တဲ့ ပစ္စည်း တွေပါဝင်

ကွာလာလမ်ပူ – ဧပြီ(၂၇) မလေးရှားနိုင်ငံ ပီနန်မြို့က ခေါက်ဆွဲခြောက်ထုတ်လုပ်ရေး လုပ်ငန်းကနေထုတ်လုပ်တဲ့ ပစ္စည်း တွေမှာ ရောဂါ ဖြစ်ပွားစေနိုင်တဲ့ အရာဝတ္တုတွေပါဝင်တဲ့အတွက် ထုတ်ကုန်တွေကို ပြန်လည် စစ်ဆေးတာတွေလုပ်နေတယ်လို့ သိရပါတယ်။ “Ah Lai White Curry Noodles” ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူက ထိုင်ဝမ်ရှိ ကျန်းမာရေးဦးစီးဌာန ရဲ့ တောင်းဆိုချက်တွေအရ ကင်ဆာဖြစ်ပေါ်စေနိုင်တဲ့ ပစ္စည်းတွေ ပါဝင်တာရှိမရှိကို…