April 2023

စစ်ကောင်စီ ဖြေလျော့ပေးလိုက်တဲ့ အလုပ်အကိုင်အေဂျင်စီတွေထဲမှာ စည်းကမ်းဖောက်ဖျက်တဲ့ အေဂျင်စီတွေလည်းပါဝင်နေ

မော်လမြိုင်၊ ဧပြီ(၂၈) စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ပြန်လည်ဖြေလျော့ပေးလိုက်တဲ့ ပြည်ပအလုပ်အကိုင်ရှ ာဖွေရေး အေဂျင်စီတွေထဲမှာ စာချုပ်စည်းကမ်း ချိုးဖောက်တဲ့အေဂျင်စီတွေလည်း ပါဝင်နေတယ်လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်နေသူတွေ သံလွင်တိုင်းမ်ကို ပြောပါတယ်။ ထိုင်းနိုင်ငံကို မြန်မာ MOU အလုပ်သမားတွေ ပို့ဆောင်ပေးနေတဲ့ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ ၁၃၃ ခုကို စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း သတ်မှတ်ချက်နဲ့မကိုက်ညီဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ပိတ်သိမ်းခဲ့တာပါ။ ဒါပေမဲ့…

မွန်ပြည်နယ်မှာ ရေရှားပါးမှုပြဿနာကို ပြည်သူတွေကိုယ်ထူကိုယ်ထ ဖြေရှင်းနေရ

မော်လမြိုင်၊ ဧပြီ(၂၈) မွန်ပြည်နယ်ရဲ့ မြို့နယ်အများစုမှာ ရေရှားပါးမှုပြဿနာ ရင်ဆိုင်ရပေမယ့် စစ်ကောင်စီဘက်က ကူညီပေးတာ မရှိသလောက်နည်းပါးနေတဲ့အတွက် ပြည်သူတွေအချင်းချင်း ကိုယ်ထူကိုယ်ထ ဖြေရှင်းနေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အပူချိန်ပြင်းထန်မှုကြောင့် မွန်ပြည်နယ်ရဲ့ မော်လမြိုင်၊ ချောင်းဆုံ၊ ပေါင်၊ ကျိုက်မရော၊ မုဒုံနဲ့ သံဖြူဇရပ်မြို့ နယ်တို့မှာ ရေရှားပါးမှုပြဿနာကို သင်္ကြန်ပြီးနောက် ဆိုးဆိုးဝါးဝါး ခံစားနေရတာ ဖြစ်ပါတယ်။ ရေရှားပါးမှုတွေ…

နိုင်ငံရေးပါတီတွေကို စစ်ကောင်စီဆက်တိုက် မှတ်ပုံတင်ခွင့်ပြု

နေပြည်တော်၊ ဧပြီ(၂၈) နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် လျှောက်ထားကြတဲ့ နိုင်ငံရေးပါတီတွေထဲက ပါတီ ၅ ခုကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်း ဥပဒေ ပုဒ်မ ၉ နဲ့အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း စစ်ကောင်စီခန့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပါတယ်။ ပထမဦးဆုံး မှတ်ပုံတင်ခွင့်လျှောက်ထားခဲ့တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ကို ဧပြီ ၂၀ ရက်နေ့မှာ…

KNU နယ်မြေမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၃ ဦးအပါအဝင် ဒေသခံ ၅ ဦး ဒဏ်ရာရ

ဖာပွန်၊ ဧပြီ(၂၈) ကရင်အမျိုးသားအစည်းအရုံး KNU တောင်ငူခရိုင်၊ ဖာပွန်ခရိုင်နဲ့ ဒူးပလာယာခရိုင်နယ်မြေတို့မှာ အခုရက်ပိုင်းတွေအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီး ၃ ဦးအပါအဝင် ဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်နေ့ နံနက် ၁၁ နာရီအချိန်က KNU ဖာပွန်ခရိုင် ဘူးသိုမြို့နယ်…

ပလက်ဖောင်းဖြူနီကြားကို အဝါရောင်ပြောင်းခဲ့တဲ့ သုံးဘီးယာဉ်မောင်းတွေ အဖမ်းခံရ

ချင်းမိုင်၊ ဧပြီ(၂၈) ယာဉ်ကြောပိတ်ဆို့မှုတွေကို ရှောင်ရှားဖို့အတွက် ထိုင်းနိုင်ငံချင်းမိုင်မြို့ရှိ တက္ကစီယာဉ်မောင်းအချို့ဟာ ခရီး သွားတွေအကြားရေပန်းစားတဲ့ နေရာတစ်ခုရှိရှေ့ရှိ ပလက်ဖောင်းပေါ်က ဖြူနီစည်းပေါ်မှာ ခေတ္တရပ်နား နိုင်ဖို့ အဝါရောင်အစင်းကြောင်းတွေကို ရေးဆွဲခဲ့ကြပါတယ်။ အဲဒီယာဉ်မောင်းနှစ်ယောက်လုပ်ဆောင်နေတဲ့ လှုပ်ရှားမှုကို ခရီးသွားတစ်ဦးက ဗီဒီယို ရိုက်ကူး မျှဝေပြီးတဲ့အခါ မှာတော့ သူတို့နှစ်ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့တာပါ။ သူတို့အနက် တစ်ဦးက ပလက်ဖောင်းအမှတ်အသားတွေကို ရေးဆွဲနေတာ မြင်တွေ့ရပြီး နောက်တစ်ဦးမှာ…

ဗြိတိန်မှာ အွန်လိုင်းလောင်းကစားစည်းမျဉ်းတွေကို တင်းကျပ်တော့မယ်

လန်ဒန် – ဧပြီ(၂၈) ဗြိတိန်အစိုးရဟာ အွန်လိုင်းလောင်းကစားပြုလုပ်မှုတွေ မြင့်တက်လာတကြောင့် လောင်းကစား မှုတွေကို နှိမ်နင်းဖို့ ရည်ရွယ်တဲ့ စည်းမျဉ်းအသစ်တွေကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီစည်းမျဉ်းတွေမှာ အသက်(၂၅) နှစ်အောက်တွေအတွက် Spin လှည့်တဲ့ အွန်လိုင်းကစားနည်း ကို (၂) ပေါင်ထပ်ကိုပြီး မပြုလုပ်ဖို့ တားမြစ်ထားတာအပြင် လောင်းကစားကုမ္ပဏီတွေအနေနဲ့ လောင်းကစားပြုလုပ်သူတွေရဲ့ ငွေကြေးတက်နိုင်မှုကို ပိုမိုကောင်းမွန်စွာ စိစစ်ဖို့ တွန်းအားပေးတာ တွေပါဝင်တယ်လို့…

တရုတ်အနေနဲ့ သူသမ္မတဖြစ်ရင် ထိုင်ဝမ်ကို တိုက်ခိုက်မှာ မဟုတ်ဘူးလို့ Foxconn ဖောင်ဒေး ရှင်းတည်ထောင်သူ ကြုံးဝါး

တိုင်ပေ – ဧပြီ(၂၈) ထိုင်ဝမ်ရဲ့ Foxconn ဖောင်ဒေးရှင်းတည်ထောင်သူ ဘီလျံနာ တယ်ရီဂူ က လွတ်လပ်ရေးကို ကြွေးကြော်မယ့်သူ မဟုတ်တဲ့အတွက် သူ သမ္မတ ဖြစ်လာပါက တရုတ်အနေနဲ့ ကျွန်းနိုင်ငံ အပေါ် စစ်ပွဲ ဖော်ဆောင်ဖို့ မရှိဘူးလို့ ပြောခဲ့ပါတယ်။ ကျွန်းနိုင်ငံမှာ ရွေးကောက်ပွဲနီးလာတာနဲ့အတူ တရုတ်နဲ့ တင်းမာမှုတွေမြင့်တက်လာပြီး ကျွန်းနိုင်ငံ ရဲ့ အချုပ်အခြာအာဏာကို ထိပါးတဲ့…

အီတလီလွတ်မြောက်ရေးနေ့ လူထုတွေ့ဆုံပွဲမှာ NUG ဝန်ကြီးဒေါ်ဇင်မာအောင် မိန့်ခွန်းပြော

ရောမ – ဧပြီ(၂၇) အီတလီနိုင်ငံပြန်လည်တည်ထောင်ခြင်းနဲ့ ဖက်ဆစ်အာဏာရှင် လက်အောက်က လွတ်မြောက်တဲ့ အထိမ်းအမှတ်နေ့မှာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက်ပြီး စကားပြောခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ (၂၅) ရက်နေ့က အီတလီနိုင်ငံ ကာဆာချယ်ဗီပြတိုက်မှာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အခုလိုပြောခဲ့တာပါ။ ဖက်ဆစ်စနစ်ကို မြန်မာပြည်မှာလည်း အမြစ်ဖြတ်ရတော့မှာပါ။ အကြမ်းဖက်စစ်ကောင်စီ ရရှိနေတဲ့…