April 2023

အာဆီယံနိုင်ငံတွေထဲမှာ မြန်မာရဲ့စီးပွားရေးတိုးတက်မှုနှုန်း အနိမ့်ဆုံးဖြစ်လာနိုင်

ရန်ကုန် ၊ ဧပြီ (၁၂) ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့စီးပွားရေးတိုးတက်မှုနှုန်းဟာ ၂ ရာခိုင်နှုန်းသာရှိတဲ့အတွက် အခြားသော အာဆီယံဒေသတွင်း နိုင်ငံတွေနဲ့ယှဉ်ရင် အနိမ့်ဆုံးအနေအထားကို ရောက်ရှိလာနိုင်တယ်လို့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) က ခန့်မှန်းပါတယ်။ OECD က ထုတ်ပြန်တဲ့ ၂၀၂၃ ခုနှစ် အရှေ့တောင်အာရှ၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေရဲ့ စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုဆိုင်ရာ အစီရင်ခံစာမှာ…

စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲတွေပိုဖြစ်လာ

မော်လမြိုင်၊ ဧပြီ(၁၂) စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား အခုနှစ်ဇန်နဝါရီကနေ မတ်လအထိ ပထမသုံးလတာအတွင်း တိုက်ပွဲဖြစ်ပွားမှုပိုများလာပြီး အကြိမ်ရေ ၄၀၀ နီးပါး ရှိခဲ့တယ်လို့ သုတေသနအဖွဲ့ဖြစ်တဲ့ ISP-Myanmar က ဧပြီ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ISP-Myanmar ရဲ့ အချက်အလက်တွေအရ စစ်အာဏာသိမ်းမှုအလွန် နှစ်နှစ်ကျော်ကာလ အခုနှစ် မတ်လကုန်အထိ နိုင်ငံအနှံ့ နှစ်ဖက်ထိတွေ့ အပြန်အလှန်ပစ်ခတ်ခဲ့ကြတဲ့ လက်နက်ကိုင်တိုက်ပွဲပေါင်း…

သရက်ချောင်းမှာ စစ်ကောင်စီစစ်ကြောင်းထိုးနေလို့ ဒေသခံ ၃၀၀၀ နီးပါးထွက်ပြေးနေရ

သရက်ချောင်း၊ ဧပြီ(၁၂) တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်ထဲကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းဝင်ရောက်လာတာကြောင့် ဒေသခံ ၃၀၀၀ နီးပါးဟာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဧပြီ ၁၁ ရက်နေ့ မနက်ပိုင်းကစပြီး တပ်အင်အား ၆၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ သင်ကျွန်းရွာလမ်းကနေ တောင်ပျောက်တိုက်နယ်ထဲကို စစ်ကြောင်းဝင်ရောက်လာတာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ် စစ်ကြောင်းဟာ…

စိတ်ပိုင်းဆိုင်ရာအဆိပ်သင့်စေလို့ Tik Tok ကို ဗီယက်နမ်အစိုးရက စုံစမ်းစစ်ဆေးမယ်

ဟနွိုင်း၊ ဧပြီ(၁၂) စိတ်ပိုင်းဆိုင်ရာ အဆိပ်သင့်စေတဲ့ အကြောင်းအရာတွေပါဝင်ပြီး နိုင်ငံရဲ့ လူငယ်၊ ယဉ်ကျေးမှုနဲ့ ထုံးတမ်းဓလေ့ တွေကို ခြိမ်းခြောက်မှုတွေဖြစ်ပေါ်စေတာကြောင့် နိုင်ငံအတွင်းရှိ Tik Tok လုပ်ငန်းလည်ပတ်မှုအားလုံးကို မေလကနေ စတင်ပြီး စုံစမ်းစစ်ဆေးသွားမယ်လို့ ဗီယက်နမ်နိုင်ငံရဲ့ သတင်းအချက်အလက်ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ တရုတ်ပိုင် အက်ပလီကေးရှင်း တစ်ခုဖြစ်တဲ့ Tik Tok မှာပါဝင်တဲ့ အကြောင်းအရာတွေဟာ အခြားသော ဆိုရှယ်မီဒီယာတွေထက်…

အမေရိကန်နဲ့ ဖိလစ်ပိုင်တို့ရဲ့ အကြီးမာဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်

မနီလာ – ဧပြီ(၁၂) အာရှအင်အားကြီး တရုတ်ကို တန်ပြန်ဖို့အတွက် မဟာမိတ်နှစ်နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ ဖိလစ်ပိုင် တို့ရဲ့ အကြီးမားဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဧပြီလ(၁၁) ရက်နေ့မှာ စတင်ခဲ့ ကြတယ်လို့ သိရပါတယ်။ ဘာလီကာတန်လို့ အမည်ပေးထားတဲ့ နှစ်စဉ်စစ်ရေးလေ့ကျင့်မှုမှာ တပ်ဖွဲ့ဝင် (၁၈,၀၀၀) နီးပါး ပါဝင်ပြီး ဒီတစ်ကြိမ်လေ့ကျင့်မှုဟာ တောင်တရုတ်ပင်လယ်အတွင်း ပထမဆုံး အကြိမ်အဖြစ် လက်တွေ့ပစ်ခတ်တဲ့ လေ့ကျင့်မှု…

၂ လကျော်ကြာ ပျောက်ကွယ်နေတဲ့ ဖြစ်ရပ်မှာ ကလေးငယ်တစ်ဦးကို နမ်းရှိုက်ဖို့ တောင်းဆိုနေ တဲ့ ဒလိုင်းလားမား ဝန်ချတောင်းပန်

တိဗက် – ဧပြီ(၁၂) ကလေးငယ်တစ်ဦးကို ထိတွေ့နမ်းရှိုက်ဖို့ တောင်းဆိုနေတာကို ပြသထားတဲ့ ရုပ်သံဖိုင် ထွက်ပေါ် လာပြီးနောက် လူမှုကွန်ရက်ပေါ်မှာ ဝေဖန်မှုတွေခံထားရတဲ့ တိဗက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမား အနေနဲ့ ဝန်ချတောင်းပန်ခဲ့ပါတယ်။ ဒီရုပ်သံဖိုင်မှာ ဂါရဝပြုဖို့ မတ်တပ်ရပ်နေတဲ့ ကလေးငယ်ရဲ့ နှုတ်ခမ်းကို နမ်းရှိုက်ဖို့အတွက် အသက် (၈၇) နှစ်အရွယ် ဒလိုင်းလားမားက တောင်းဆိုနေတဲ့ပုံတွေ ပါဝင်လာခဲ့တာပါ။ အဲဒီနောက် ဘာသာရေးခေါင်းဆောင်က…

သင်္ကြန်မှာ စစ်ကောင်စီက အကြမ်းဖက်လုပ်ရပ်တွေလုပ်ပြီး အထင်လွဲအောင်လုပ်နိုင်တယ်လို့ NUG ယာယီသမ္မတ သတိပေး

မော်လမြိုင် – ဧပြီ(၁၁) သင်္ကြန်နှစ်သစ်ကူးကာလ မှာ စစ်ကောင်စီက အကြမ်းဖက်လုပ်ရပ်တွေကို အချိန်ကိုက်လုပ်ဆောင်ပြီး တော်လှန်ရေးအင်အားစုတွေကို အထင်အမြင်လွဲမှားစေနိုင်တဲ့ လုပ်ရပ်တွေကို ယုတ်မာကောက်ကျစ်စွာ ဖန်တီးနိုင်တာကြောင့် သတိကြီးကြီးထားဖို့ လိုတယ်လို့ NUG ယာယီသမ္မတ ကပြောပါတယ်။ ဒီနေ့ ဧပြီလ(၁၁) ရက်နေ့မနက်ပိုင်းမှာ ကျင်းပခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (၁၄) ကြိမ်မြောက် အစည်းအဝေးမှာ အခုလိုပြောခဲ့တာပါ။ “မကြာခင်မှာပဲ မြန်မာတွေရဲ့ နှစ်သစ်ကူးပြောင်းကာလတခုဖြစ်တဲ့…

ကန့်ဘလူမြို့နယ် ပ.က.ဖ ရုံးဖွင့်ပွဲကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်လို့ လူ(၁၀၀) ကျော် အသေအပျောက်ရှိတယ်လို့ဆို

ကန့်ဘလူ – ဧပြီ(၁၁) စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ ပ.က.ဖ ရုံးဖွင့်ပွဲ ကျင်းပနေချိန်မှာ စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ဖွင့်ပွဲတက်ရောက်လာသူ (၁၀၀) ကျော် အသေအပျောက်ရှိတယ်လို့ ကယ်ဆယ်ရေးလုပ်နေတဲ့ သူတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ဒီနေ့ ဧပြီလ(၁၁) ရက်နေ့ မနက်အစောပိုင်းက စစ်ကောင်စီရဲ့ Jet Fighter ၊ Mi 35…