April 2023

ဘားအံ-သထုံလမ်းပိုင်းမှာ ကားဗုံးပေါက်ပြီး အမျိုးသားတစ်ဦးသေဆုံး

သထုံ၊ ဧပြီ(၂၃) ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မြိုင်ကလေးကျေးရွာ ဘားအံ-သထုံကားလမ်းပေါ်မှာ ဧပြီ ၂၂ ရက်နေ့ မနက်ပိုင်းက ကားဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ ဒေသ ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီနေ့ မနက် ၁၁ နာရီအချိန်လောက်မှာ ဘားအံဘက်ကနေ သထုံဘက်ကို မောင်းနှင်လာတဲ့ အိမ်စီးကားတစ်စီးဟာ မြိုင်ကလေးကျေးရွာ ရွာကြီးပိုင်းဘက် ကားလမ်းပေါ်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။…

အာဆီယံဘုံသဘောတူညီမှု ၅ ချက် ၂ နှစ်ပြည့်တဲ့အထိ အကောင်အထည်မဖော်နိုင်သေး

ရန်ကုန် ၊ ဧပြီ (၂၃) မြန်မာ့အကျပ်အတည်းဖြေရှင်းဖို့ အာဆီယံခေါင်းဆောင်တွေဆုံးဖြတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ချက်ဟာ ၂ နှစ်ပြည့်တဲ့အထိတိုင် ထိထိရောက်ရောက် အကောင်အထည်မဖော်နိုင်သေးဘူးလို့ နိုင်ငံရေးအကဲခတ်တွေက ဝေဖန်လိုက်ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီ ၂၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကတာမြို့ရှိ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ရုံးမှာ ပြုလုပ်တဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေး ဖြေရှင်းဖို့ ဘုံသဘောတူညီချက်…

မွန်ပြည်နယ်ရဲ့ မြို့နယ်တချို့မှာ ရေရှားပါးမှုနဲ့ စတင်ကြုံတွေ့နေရ

မော်လမြိုင် ၊ ဧပြီ (၂၃) မွန်ပြည်နယ်အတွင်းရှိ မြို့နယ်တချို့မှာ သင်္ကြန်ကာလပြီးနောက်ပိုင်း အပူချိန်လွန်ကဲစွာ မြင့်တက်လာမှုနဲ့အတူ ရေရှားပါးမှုပြဿနာကို စတင်ကြုံတွေ့လာရပြီလို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရေရှားပါးမှုပြဿနာကို ပြည်နယ်အတွင်းက မြို့နယ်တွေဖြစ်တဲ့ မော်လမြိုင်၊ ချောင်းဆုံ၊ ပေါင်၊ ကျိုက်မရော၊ မုဒုံနဲ့ သံဖြူဇရပ် မြို့နယ်တို့ရှိ မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတချို့မှာ ဆိုးဆိုးဝါးဝါး ခံစားနေရတာ ဖြစ်ပါတယ်။…

မြဝတီမြို့နယ် မဲကနယ်ဒေသမှာ တိုက်ပွဲတွေပိုမိုပြင်းထန်လာ

မြဝတီ၊ ဧပြီ(၂၃) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆)နယ်မြေ မြဝတီမြို့နယ် မဲကနယ်ဒေသမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာပြီး စစ်ကောင်စီဘက်က တိုက်လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ထပ်မံပြု လုပ်လာတယ်လို့ တော်လှန်ရေးအင်အားစုတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီပထမအပတ်ကတည်းက စတင်ဖြစ်ပွားနေတဲ့ မဲကနယ်ဒေသတိုက်ပွဲမှာ အထိနာနေတဲ့ စစ်ကောင်စီ တပ်ဟာ ဧပြီ(၂၂)ရက်နေ့ မနက်(၁)နာရီအချိန်လောက်မှာလည်း တိုက်ခိုက်ရေးလေယာဉ်နဲ့ လာရောက်တိုက်ခိုက်သွားတယ်လို့ တော်လှန်ရေးအင်အားစုအဖွဲ့တွေက ဆိုကြပါတယ်။ KNU…

လစာတိုးပေးမယ်ဆိုတဲ့သတင်းဟာ ကောလာဟလသာဖြစ်တယ်လို့ စစ်ကောင်စီထုတ်ပြန်

နေပြည်တော်၊ ဧပြီ(၂၃) စစ်ကောင်စီလက်အောက်ခံ နိုင်ငံ့ဝန်ထမ်းတွေကို လစာနှုန်းထား တိုးမြှင့်ပေးမယ်ဆိုတဲ့သတင်းဟာ ကောလာဟလသာ ဖြစ်တယ်လို့ ဧပြီ ၂၂ ရက်နေ့ထုတ် စစ်ကောင်စီ ဝါဒဖြန့်သတင်းစာမှာ ဖော်ပြပါတယ်။ နိုင်ငံ့ဝန်ထမ်းတွေကို လစာနှုန်းထားတိုးမြှင့်ပေးမယ်ဆိုပြီး လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ပျံ့နှံ့နေတဲ့ ကောလာဟလတွေကြောင့် အခုလို ထုတ်ပြန်ရတာလို့ ဆိုထားပါတယ်။ စစ်ကောင်စီ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိုက်ရဲ့ ဖြေဆိုချက်အရ နိုင်ငံဘဏ္ဍာရေး အခြေအနေအရ…

တောင်တရုတ်ပင်လယ်အရေးမှာ ဖိလစ်ပိုင်နဲ့တရုတ်အကြား မတူညီမှုတွေက အဆုံးသတ်ရလဒ်မဟုတ်ကြောင်း ဖိလစ်ပိုင်အစိုးရပြော

မနီလာ၊ ဧပြီ(၂၃) တောင်တရုတ်ပင်လယ်အတွင်း ဖိလစ်ပိုင်နဲ့ တရုတ်နိုင်ငံအကြားကွဲပြားမှုတွေဟာ နှစ်နိုင်ငံအကြား ဆက်ဆံ ရေးရဲ့ အဆုံးသတ်ရလဒ်မဟုတ်ဘူးလို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။ “အထူးသဖြင့် ဖိလစ်ပိုင်နိုင်ငံသားတွေနဲ့ ငါးဖမ်းသမားတွေရဲ့ ထိုက်တန်တဲ့စားခွင့်ကို လေးစားလိုက်နာခြင်းနဲ့ နှစ်နိုင်ငံအကြား ကွဲပြားခြားနားချက်တွေဟာ သူတို့တွေအတွက် စီမံခန့်ခွဲ့မှုနည်းလမ်းရှာရာမှာ အတားအ ဆီးမဖြစ်နိုင်ပါဘူး” လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံချိန်မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဖိလစ်ပိုင်ဟာ…

ဘယ်ဂိုရော့ဒ်မြို့ကို ရုရှားတိုက်လေယာဉ်ပစ်ခတ်မှုကြောင့် လူ(၃) ဦးဒဏ်ရာရ

ဘယ်ဂိုရော့ဒ် – ဧပြီ(၂၃) ရုရှားနိုင်ငံပိုင် Sukhoi-34 လို့ခေါ်တဲ့ အသံထက်မြန်တဲ့ တိုက်လေယာဉ်တစ်စင်းဟာ ယူကရိန်း အနီးက ဘယ်ဂိုရော့ဒ်မြို့ကို ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် လူ(၃) ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ် လို့ သိရပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာက ရုပ်သံမှတ်တမ်းတွေအရ လမ်းပေါ်မှာ ကွန်ကရစ်တွေ၊ ပျက်စီးနေတဲ့ ကားတွေ၊ ပြတင်းပေါက်အကွဲတွေနဲ့ ပျက်စီးနေတဲ့ အဆောက်အအုံကို တွေရပြီး စတိုးဆိုင် တစ်ဆိုင်ရဲ့ ခေါင်မိုးပေါ်မှာ ကားတစ်စီးဇောက်ထိုးဖြစ်နေတဲ့ပုံလည်း…

ဖိလစ်ပိုင်ကမ်းခြေအလွန်မှာ ဩဇီနိုင်ငံသားအစုလိုက်အပြုံလိုက်သေဆုံးခဲ့တဲ့ ဒုတိယကမ္ဘာစစ် သုံးသင်္ဘောပျက်တစ်စင်း တွေ့ရှိ

မနီလာ – ဧပြီ(၂၃) ဖိလစ်ပိုင်ကမ်းခြေအလွန်မှာ ဒုတိယကမ္ဘာစစ်ကာလက တော်ပီဒိုဒုံးနဲ့ ပစ်ချခံခဲ့ရတဲ့ ဂျပန် သယ်ယူပို့ဆောင်ရေး သင်္ဘောပျက်တစ်စင်းကို ရေနက်စူးစမ်းလေ့လာသူတွေက ရှာဖွေတွေ့ရှိခဲ့ ပြီး အဲဒီသင်္ဘောကုန်းဘက်ပေါ်မှာ ဩစတြေးလျနိုင်ငံသား (၁၀၀၀)ကျော်သေဆုံးထားတာကို လည်း လေ့လာလာသူတွေက တွေ့ရှိထားပါတယ်။ အမေရိကန်ရေငုပ်သင်္ဘောတစ်စင်းမှ ပစ်ခတ်ခဲ့တဲ့ သင်္ဘောဟာ ၁၉၄၂ ခုနှစ် ဇူလိုင်လ(၁) ရက်နေ့ မှာ နစ်မြုပ်ခဲ့တာဖြစ်ပြီး စစ်သုံ့ပန်းတွေကို သယ်ဆောင်နေခဲ့တယ်ဆိုတာနဲ့…

အဆိုတော် မေလသံစဉ်ကို စစ်ကောင်စီ ဖမ်းဆီးအမှုဖွင့်

ရန်ကုန် – ဧပြီ(၂၂) အာဏာသိမ်းစစ်ကောင်စီက အဆိုတော်မေလသံစဉ်ကို ဆူပူရန်လှုံ့ဆော်မှု ပုဒ်မ ၅၀၅-က နဲ့ အရှေ့ဒဂုံရဲစခန်းမှာ ချုပ်ရက်ရမန်ယူထားတယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ(၂၁) ရက်နေ့က ပဇီကြီးကျေးရွာဖြစ်စဉ်နဲ့ပတ်သက်ပြီး ပရိုဖိုင်ချိန်းထားတဲ့ မှတ်ချက်ရေးသားမှုတွေကြောင့် ဒဂုံမြို့သစ်အရှေ့ပိုင်မြို့မရဲစခန်းမှာ ချုပ်ရက်ရမန်ယူခဲ့တာ လို့ ဆိုပါတယ်။ အဆိုတော်မေလသံစဉ်ကို ပြီးခဲ့တဲ့ ဧပြီလ(၁၁) ရက်နေ့က သူ့ရဲ့နေအိမ်မှာ…

စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင် ဒုညွှန်ချုပ် ပစ်ခတ်ခံရပြီးသေဆုံး

ရန်ကုန် – ဧပြီ(၂၂) ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ် အောင်ရတနာဆေးရုံးနားမှာ စစ်ကောင်စီ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ စစ်ကောင်စီဝါဒဖြန့် သတင်းတွေမှာဖော်ပြထားပါတယ်။ ဒီနေ့ ဧပြီလ(၂၂) ရက်နေ့ နေ့လည် (၂) နာရီဝန်းကျင်မှာ ရွေးကော်ရုံး ဒုညွှန်ချုပ် ဦးစိုင်းကျော် ဟာ သူ့ရဲ့ဇနီးဖြစ်သူကို ဆေးခန်းပို့ပြီး ပြန်လာချိန်မှာပစ်ခတ်ခံရတာဖြစ်တယ်လို့ ဆိုထားပါတယ်။ ဝေဇယန္တာလမ်းပေါ် (၁၆)…