ဖာပွန်၊ ဧပြီ(၂၉)

KNU ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေအတွင်းရှိ မယ်ခါးထာ့တပ်စခန်းကို ပြန်လည်သိမ်းပိုက်ရရှိနိုင်ဖို့ စစ်ကောင်စီတပ်က မြေပြင်နဲ့ဝေဟင်ကနေတစ်ဆင့် အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ထိ ခိုက်သေဆုံးမှုများပြားခဲ့တဲ့အတွက် ပြန်လည်ဆုတ်ခွာသွားခဲ့ရတယ်လို့ တပ်မဟာ(၅) သတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်ကောင်စီတပ်က မယ်ခါးထာ့တပ်စခန်းကို ပြန်လည်ရရှိနိုင်အတွက် လတ်တလောမှာ အပြင်းအ ထန် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အသေးစိတ်အခြေအနေကိုတော့ လတ်တလောမှာ မပြောဆိုနိုင်သေးကြောင်း တပ်မဟာ(၅) ပြောခွင့်ရသူက ဆိုပါတယ်။

ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်အနီးရှိ စစ်ကောင်စီရဲ့ အရေးပါတဲ့ မယ်ခါးထာ့တပ်စခန်းကို ပြီးခဲ့တဲ့ မတ်လ ကုန်ပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၅)ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများ ပြားစွာရှိခဲ့ကာ လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းရခဲ့တယ်လို့ တပ်မဟာ(၅)က သတင်းထုတ်ပြန်ထားတာပါ။

သိမ်းပိုက်ခံထားရတဲ့ မယ်ခါးထာ့တပ်စခန်းကို ပြန်လည်ရယူနိုင်ဖို့အတွက် စစ်ကောင်စီတပ်က မြေ ပြင်ကနေ အင်အား(၁၀၀)ကျော်နဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေသလို ဝေဟင်ကနေလည်း လေကြောင်းပစ်ကူအသုံးပြုပြီး တိုက်ခိုက်နေတဲ့အတွက် KNLA တပ်မဟာ(၅)နဲ့ ထိတွေ့ပစ်ခတ်မှုတွေ နေ့စဉ်ဆိုသလို ဖြစ်ပွားနေတယ်လို့ တပ်မဟာ(၅)သတင်းရင်းမြစ်ဆီကနေ သိရပါတယ်။

ဒီလို မယ်ခါးထာ့တပ်စခန်းကို ပြန်လည်သိမ်းပိုက်ရရှိနိုင်ဖို့ စစ်ကောင်စီတပ်ဘက်က ကြိုးပမ်းရာမှာ KNLA တပ်မဟာ(၅)ရဲ့ ပြန်လည်တုံ့ပြန် တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီဘက်က အထိနာနေပြီး လူစုကွဲသွားတာတွေရှိသလို ဆေးကုသခွင့်မရဘဲ ပစ်ထားရတာတွေလည်း ရှိနေတယ်လို့ တပ်မ ဟာ(၅)နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်ထိ မယ်ခါးထာ့စခန်းကို စစ်ကောင်စီတပ်က ပြန်လည်ရယူနိုင်ခြင်း မရှိသေးဘူးလို့လည်း အခြားသတင်းရင်းမြစ်တစ်ဦးက ပြောဆိုထားပါတယ်။

KNU ဖာပွန်ခရိုင် တပ်မဟာ(၅)အုပ်ချုပ်နယ်မြေထဲမှာ စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ် BGF နဲ့ KNLA တပ်မဟာ(၅)ပူးပေါင်းတပ်ဖွဲ့တို့အကြားထိတွေ့တိုက်ပွဲတွေ နေ့စဉ်လိုလို ဖြစ်ပွားလျက်ရှိနေပြီး ပြီးခဲ့တဲ့ မတ်လ (၁) လတာအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲပေါင်းအကြိမ်(၂၀၀)နီးပါးမှာ စစ်ကောင်စီဘက်က တပ်ခွဲမှူး(၁)ဦးအပါအ ဝင် (၁၀၀)ကျော် ထိခိုက်သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း တပ်မဟာ(၅) သတင်းပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.