“ဗျူဟာမှူး ၊တပ်ရင်းမှူးလောက်သေတာ နောက်ဆို တပ်မမှူးအထိ သေမှာ။ ဘာဖြစ်လို့လဲဆို သစ္စာမမှန်လို့ပဲ။ သေသွားတဲ့တိုင် အောင် တိုင်းပြည်တာဝန်ထမ်းဆောင်တာလို့ သတင်းစာမှာဖော်ပြခွင့်မရသလို သေဆုံးကြောင်းလည်း မပြောရဲဘူး။ မထုတ်ပြန်ရဲဘူး”
-အရင်ဆုံးအနေနဲ့ စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ ဗိုလ်ကြီးဟောင်နေမျိုးဇင်ကို ဖမ်းဆီးဖို့အတွက် လှုံ့ဆော်တာတွေနဲ့ ပတ်သက်ပြီး ဘာများပြောချင်တာရှိပါသလဲ။
နိုင်ငံတစ်ခုရဲ့တရားဝင်စိုးမိုးရေးနဲ့ ပြည်သူကို ကာကွယ်ဖို့ထမ်းဆောင်နေတဲ့ လက်ရှိအနေအထား အုပ်ချုပ်နေတဲ့ အဖွဲ့အစည်းတစ်ရပ်ရဲ့သဘောထားတွေကို ဖော်ပြနေတဲ့ ဖက်ဆစ်ဆန်သော အပြုအမူလက္ခဏာတစ်ရပ်ပါ။ တယ်လီဂရမ်ချန်နယ်တွေမှာ အမျိုးအမည်မသိတဲ့လူတစ်ယောက်ရဲ့နာမည်ကို SCREENSHOOT ရိုက်ပြီးတော့ လိုက်ဖမ်းလိုက်သတ်နေတာက သူတို့ကိုယ်တိုင်ကဖော်ပြနေတဲ့ တစ်ချိန်မှာ နိုင်ငံတကာဥပဒေတွေ၊ ပြည်တွင်း ဥပဒေတွေနဲ့ ပြန်လည်အရေးယူနိုင်ဖို့ လုံလောက်တိကျခိုင်မာတဲ့ သက်သေတွေကို ဖွင့်ဟဖော်ပြနေတဲ့ ချန်နယ် တစ်ခုရဲ့ ဝါဒဖြန့်လုပ်ဆောင်ချက်တစ်ခုပါ။
အပြစ်မဲ့ပြည်သူပေါင်းများစွာက အဲဒီတယ်လီဂရမ်မှာပေါ်လာတဲ့ စာသားနဲ့ကိုယ်ရေးတချို့ကြောင့် တချို့ ထောင်ထဲမှာအသက် ဆုံးသွားတယ်။ တချို့ညှင်းပန်းနှိပ်စက်ခံရတယ်။ တချို့က ပြန်ပေးဆွဲခံရသလို ငွေညှစ် ခံရတယ်။ ငါတို့လုပ်ရပ်တွေကို ရဲတို့၊ စစ်တပ်တို့စတဲ့လူတွေက သစ္စာရှိတဲ့ခွေးတွေသဖွယ် ပြေးကိုက်ပြေး ဟောင်တယ်ဆိုပြီး ဂုဏ်ယူစွာဖော်ပြနေပြီး တစ်ချိန်မှာ ဥပဒေနဲ့အညီပါဝင်ခဲ့တဲ့ နည်းပညာနဲ့ အားလုံးနဲ့ဖော်ထုတ် လို့ ရပါတယ်။ မင်္ဂလာဒုံကနေ ဟိုဘက်ကိုဆင်းသွားတဲ့ တိုက်သုံးလုံး ထဲမှာနေတယ်ဆိုတာ သူတို့ရှိနေတဲ့ နေရာ ကို နည်းပညာရှင်တွေရဲ့အကူအညီနဲ့ ထောက်လှမ်းသိရှိထားပြီ ဖြစ်ပါတယ်။ ပြည်သူတွေကို ကွန်ပျူတာ ကီး ဘုတ်ကတဆင့် ညွှန်ကြားစေခိုင်းနေတဲ့သူတွေလည်း ထပ်တူအကျိုးခံစားရမယ်လို့လည်း ပြောချင်ပါတယ်။
-စစ်တပ်က ပြည်သူတွေကို အကြမ်းဖက်လုပ်ရပ်တွေလုပ်ဆောင်နေတဲ့အပေါ် ဘယ်လိုသုံးသပ်ချင်ပါသလဲ။ တပ်ထဲက မိတ်ဆွေတွေနဲ့ ညီအစ်ကိုတွေကရော ဘာတွေပြောပြချင်တာ ရှိမလဲ။
ဖက်ဆစ်အာဏာရှင်တွေရဲ့ စစ်ရာဇဝတ်မှုနဲ့ ဆိုးဝါးရက်စက်မှုပေါင်းစုံကို ကျူးလွန်နေတဲ့ ကိုယ်တိုင်လည်း တရား ဝင်မှုမရှိတဲ့ ကာကွယ်ရေးဦးစီးချုပ်ရာထူးကို အတင်းလုယူထားတယ်။ သူ့ဘက်တော်သားတွေကိုလည်း လု ယက်၊ အကြမ်းဖက်ခွင့်တွေပေးပြီးတော့ တကယ့်ကို ရက်ရက်စက်စက် ဖက်ဆစ်ထက်ဆိုးတဲ့ အုပ်ချုပ်မှုနဲ့ အုပ်ချုပ်နေတဲ့ လူတွေအတွက်တော့ အခုချိန်မှာ ခွေးရူးကောင်းစားရင် ခဏပေါ့။ နေဝင်ချိန်ရောက်သွားရင် ခွေးရူးတွေ ဘယ်လိုရောက်သွားလဲ ဇာတ်သိမ်းကို ပျော်ရွှင်စွာနဲ့ ဝိုင်းရေးဖို့ပဲ လိုပါမယ်ခင်ဗျ။
-လက်ရှိမြေပြင် စစ်ဆင်ရေးတွေမှာ စစ်တပ်ဘက်က အရှုံးတွေဆက်တိုက်ပေါ်နေတာ ဘာကြောင့်လို့ ထင်ပါသလဲ။ စစ်ကောင်စီတပ်ဖွဲ့တွေကို ဘာတွေ တိုက်တွန်းလိုတာ ရှိလဲ။
စစ်တပ်က အကျအဆုံးများတယ်ဆိုတာလည်း သေချာပါတယ်။ ကျွန်တော်တို့ PDF လူငယ်မောင်မယ်လေး တွေလည်း ကျဆုံးတာ အမြောက်အများရှိပါတယ်။ အဓမ္မဘက်မှာ သွားရပ်လို့ ဓမ္မဘက်တော်သားတွေရဲ့ ချေမှုန်းခြင်းကိုခံရရင် ဝမ်းတော့နည်းပါတယ်။ ကျွန်တော်တို့တိုင်းပြည်အတွက် ဆူးငြှောင့်ခလုတ်ဖြစ်အောင် သူတို့ လုပ်ခဲ့ကြလို့ သူတို့သမိုင်းရေးသွားတာပေါ့လေ။ တပ်မတော်တပ်ထိန်းဆိုတာ စည်းကမ်းထိန်းသိမ်းရေး ပေါ့ဗျာ။ စစ်စည်းကမ်းသည် တပ်မတော်ရဲ့ ကျောရိုး။ ကျောရိုးသဖွယ်ဖြစ်တဲ့ စစ်စည်းကမ်းကောင်းမွန်မှ ပြည်သူရဲ့ထောက်ခံမှု ရရှိပြီးတော့ ဂုဏ်သိက္ခာမြင့်ပြီးတော့ လက်နက်ကိုင်တပ်ဖွဲ့ကြီးတစ်ခုအဖြစ် အောင်မြင် ပြီးတော့ အောင်ပွဲတွေနဲ့ တရားသောစစ်ကို ဆင်နွှဲတဲ့ တပ်မတော်အဖြစ် တင့်တယ်အောင်မြင်မှာ ဖြစ်တယ်။
ဖက်ဆစ်ထက်ဆိုးတဲ့ အကြမ်းဖက်မှုပေါင်းစုံနဲ့ ပြည်ပကို အားကိုးပြီးတော့ တရုတ်၊ ရှရုားအားကိုးပြီး မြန်မာပြည်သူတွေကို ရက်စက်ညှင်းပန်းနေတဲ့ သူကိုယ်တိုင်ဖျက်ဆီးနေတဲ့ လူဆိုးဘဝရောက်သွားပြီဖြစ်တဲ့ မလုပ်ရဲ တာ ဘာမှမရှိဘူးဆိုတဲ့ မင်းအောင်လှိုင် တွေးမိလိမ့်မယ်လို့ ထင်ပါတယ်။ စစ်စည်းကမ်းမရှိတော့လို့ ကိုင်ထား တဲ့လက်နက်တွေက လူသတ်လက်နက်တွေ ကိုယ်ကျင့်တ ရားတွေ ပျက်ပြားသွားပြီ။ သူတို့စားနေတဲ့ ရိက္ခာက ကျွန်တော်တို့ ပြည်သူတွေ ပေးထားတဲ့ အခွန်ငွေ။ ပြည်သူကျွေးတာစားပြီး သူတို့ကိုင်ထားတဲ့လက်နက်က ပြည်သူကို ကာကွယ်ပေးဖို့ လက်နက်နဲ့ ပြည်သူကို ပြန်နှိမ်နှင်းသတ်ဖြတ် သေတာနည်းသလား။ သေမှာပဲ။ ဗျူဟာမှူး ၊တပ်ရင်းမှူးလောက်သေတာ နောက်ဆို တပ်မမှူးအထိ သေမှာ။ ဘာဖြစ်လို့လဲဆို သစ္စာမမှန်လို့ပဲ။ သေသွားတဲ့တိုင်အောင် တိုင်းပြည်တာဝန်ထမ်းဆောင်တာလို့ သတင်းစာမှာဖော်ပြခွင့်မရသလို သေဆုံးကြောင်း လည်း မပြောရဲဘူး။ မထုတ်ပြန်ရဲဘူး။ စစ်တပ်ထဲမှာရှိတာကို လူသိမခံဝံ့တဲ့ စစ်တပ်မိသားစုဝင်တွေ ပြည်သူ တွေကြားထဲမှာ အမြောက်အမြား ပွားလာတာကို ကြည့်ခြင်းအားဖြင့် သူတို့အနာဂတ်က ကောင်းခြင်းအလား အလာမဟုတ်ဘူးလို့ မင်းအောင်လှိုင်စစ်တပ်ကို ပြောချင်ပါတယ်။
–အခုနောက်မှာ စစ်တက္ကသိုလ်မှာ တက်ရောက်တဲ့ ကျောင်းသားတွေ တော်တော်လေး နည်းပါးသွားတာ တွေ့လာရပါတယ်။ ဘာကြောင့်လို့ သုံးသပ်ပါသလဲ။
စစ်က္ကသိုလ်ကျောင်းဆင်းဆို မုန်းကြတာသန်းနဲ့ချီရှိနေတဲ့ တိုင်းပြည်ဖြစ်သွားပြီကိုး။ ကျောင်းတော်ကြီးရဲ့ ဂုဏ်သိက္ခာကို တလွဲတွေးပြီး စစ်တက္ကသိုလ်ကျောင်းဆင်းတွေဟာ အာဏာလေးသာ ပေးလိုက်၊ ဂုဏ်သိက္ခာ မဲ့မှုမျိုးကို လူတော်တော်များများ ဆောင်ရွက်လာကြတာ ကြားသိရတာ အင်မတန်မှ ကြေကွဲရပါတယ်။ ပြည်သူ ကြားသွားရင် ဘယ်သူစစ်တက္ကသိုလ်ကျောင်းဆင်းလို့ ဟစ်အော်ရဲသလဲ။ ကျွန်တော်ကတော့ ကမ္ဘာ့ဘယ် နားသွားသွား စစ်တက္ကသိုလ်ကျောင်းဆင်းဖြစ်တယ်ဆိုတာ မျက်လုံးတည့်တည့် ကြည့်ပြီး ပြောရဲတယ်။ ကျွန် တော်တို့ရဲ့ အဓိကတာဝန်က ပြည်သူကို စောင့်ရှောက်မယ့် ပြည်သူတွေ ဘေးကင်းလုံခြုံမှုကို ကျွန်တော်တို့ရဲ့ အသက်နဲ့ ရင်းပြီးတော့ ကာကွယ်ရမယ်ဆိုတဲ့ စစ်သားကောင်းစိတ်ဓာတ်ကို စစ်တက္ကသိုလ်ကြီးက ကျွန်တော်ကို လေ့ကျင့်ပေးလိုက်တယ်။ ဒီရွှေပွင့်လေးမြင်တာနဲ့ ယူနီဖောင်းလေးမြင်တာနဲ့ ပြည်သူက အသက်အိုးအိမ် စည်း စိမ် လွတ်လပ်စွာ စီးပွားရှာစားခွင့်တွေအတွက် ဒီစစ်သားကြီးက အကာအကွယ်ပေးမှာပဲဆိုတဲ့ ဂုဏ်ယူမှုကို အသိအမှတ်ပြုဖို့ ဒီအပွင့်လေးတွေ တင်ပေးလိုက်တာဖြစ်တယ်။ ပြည်သူ့အထက်မှာနေပြီး အာဏာရှင်ပေါက်စ သဖွယ်လုပ်ဖို့ စစ်တက္ကသိုလ်က သင်ပေးလိုက်တာ မဟုတ်ဘူးလို့ ကျွန်တော်က လက်ခံယုံကြည်တယ်။
-နောက်ဆုံးအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်တိုက်ခိုက်မှုအပေါ် ဘယ်လိုမြင်လဲ။
အထက်က ပြင်းထန်ရက်စက်တဲ့ အမိန့်ပေးမှုတွေလည်းပါတယ်။ နှစ်နှစ်လောက်အထိ အိမ်မပြန်ရ မစားရမ သောက်ရတော့ လမ်း ဘေးက ပလာတာလောက်လုတယ်။ နောက်ကုန်စုံဆိုင်လောက်လုတယ်။ လမ်းကြုံရင် မုဒိန်းလေး ကျင့်လာတယ်။ တဖြည်းဖြည်း အတင့်ရဲလာပြီး အဆိုးဝါးဆုံး အခြေအနေကိုရောက်လာလို့ အခုလို မျိုး လူမဆန်မှုပေါင်းများစွာကို ကျူးလွန်လာတယ်လို့ ကျွန်တော် က ပြောလိုတယ်။ ဖက်ဆစ်မင်းအောင်လှိုင်ရဲ့ နောက်လိုက်တွေထဲမှာ စိတ်ဓာတ်လည်း မရှိတော့ဘူး။ ယုံကြည်ချက်လည်း မရှိတော့ ဘူး။ ခံယူချက်လည်း မရှိတော့ဘူး။ လူထုထောက်ခံမှု မရှိတော့လို့ ဘယ်လူထုကြားထဲကို မသွားရဲတော့ဘူး။ သူခိုးမုဒိန်းကောင်ထက် ဆိုးတဲ့ ဖက်ဆစ်တွေ ဖြစ်ကုန်ကြပြီ။ စစ်တပ်ထဲမှာ လက်ရှိရှိနေတဲ့သူတွေကို အမှန်ကိုမြင်စေချင်တယ်။ အမြင် မှန်လာရင် ပြည်သူလူ ထုကြိုဆိုတဲ့ ပြည်သူ့ရင်ခွင်တွေဘက်ကို ဝင်လာမယ်ဆိုရင် ခုနကဖြစ်နေတဲ့ တပ်ထဲက ပြသာနာတွေအားလုံး လက်ရှိပဋိပက္ခတွေ အားလုံးအဆုံးသတ်သွားလိမ့်မယ်လို့ မြင်ပါတယ်ခင်ဗျ။