ဗျူနိုအေးရိစ်၊ ဧပြီ(၂၉)

အာဂျင်တီးနားအစိုးရက နိုင်ငံရဲ့ ဒေါ်လာအရန်ငွေတွေ လျော့နည်းလာမှုကို လျှော့ချဖို့ ရည်ရွယ်ပြီး တရုတ် သွင်းကုန်တွေအတွက် ဒေါ်လာထက် ယွမ်ငွေဖြင့် စတင်ပေးချေတော့မယ်လို့  ကြေညာခဲ့ပါတယ်။

ဧပြီလအတွက် ဒေါ်လာ ၁ ဘီလီယံခန့် တရုတ်သွင်းကုန်တွေကို ဒေါ်လာအစား ယွမ်ငွေဖြင့်သာ ပေးချေဖို့ ရည်မှန်းထားပြီးနောက် လစဉ်သွင်းကုန် ဒေါ်လာ သန်း(၇၉၀)ခန့်ကို ယွမ်ငွေနဲ့သာ ပေးချေသွားမယ်လို့ အစိုးရထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

အဲဒီဆုံးဖြတ်ချက်ဟာ ဒေါ်လာငွေထွက်ရှိမှုကို ဖြေလျှော့ဖို့ ရည်ရွယ်ထားတာဖြစ်ကြောင်း အာဂျင်တီးနား စီးပွား ရေးဝန်ကြီး ဆာဂီယိုမာဆာက တရုတ်သံအမတ်ကြီးနဲ့ ကဏ္ဍအသီးသီးမှ ကုမ္ပဏီတွေနဲ့ တွေ့ဆုံမှုအပြီးမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မကြုံစဖူးမိုးခေါင်မှုကြောင့် လယ်ယာထွက်ကုန်တင်ပို့မှု သိသိသာသာကျဆင်းလာခြင်းနဲ့ အခုနှစ် ရွေးကောက် ပွဲမတိုင်မီ နိုင်ငံရေးမရေရာမှုတို့ကြောင့် တောင်အမေရိကနိုင်ငံဟာ သူံရဲ့ဒေါ်လာအရန်ငွေတွေအတွင်း အကျပ်အတည်းအခြေအနေနဲ့ ရင်ဆိုင်နေရချိန်မှာ အခုလို ဆုံးဖြတ်ချက်ထွက်ပေါ်လာတာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာလကလည်း အာဂျင်တီးနားရဲ့ နိုင်ငံတကာ အရန်ငွေတွေကို အားကောင်းစေဖို့ ကြိုးပမ်းချက်အနေနဲ့ တရုတ်နဲ့ ငွေကြေးလဲလှယ်မှုအား ဒေါ်လာ ၅ ဘီလီယံ အထိ တိုးချဲ့ခဲ့ပါသေးတယ်။  

သဘောတူညီချက်အရ အာဂျင်တီးနားဟာ သွင်းကုန်နှုန်းကိုမြှင့်တင်ဖို့ ဖြစ်နိုင်ခြေရှိတာမှန်သမျှ လုပ်ဆောင် နိုင်မှာဖြစ်ကြောင်း ဝန်ကြီးက ထပ်လောင်းပြောကြားခဲ့ပြီး ယွမ်ငွေနဲ့ တင်သွင်းတဲ့ သွင်းကုန်တွေကို စံသတ် မှတ်ရက်ပေါင်း (၁၈၀) ထက် ရက်ပေါင်း (၉၀) အတွင်း ခွင့်ပြုပေးမှာဖြစ်တယ်လို့ သိရပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.