ဘန်ကောက် – ဧပြီ(၂၉)
ထိုင်းနိုင်ငံမှာ ဆိုင်ယမ်နိုဒ်အဆိပ်ကြောင့် လူသေဆုံးမှုတွေ များပြားလာတာနဲ့ ပတ်သက်ပြီး သံသယတရားခံအမျိုးသမီးတစ်ဦးကို ဖမ်းဆီးထားပြီး အဲဒီအမျိုးသမီးဟာ ထိုင်းရဲတပ်ဖွဲ့ရဲ့ အကြီးတန်းအရာရှိတစ်ဦးရဲ့ ဇနီးသည်ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ(၂၇) ရက်နေ့က ထိုင်းအာဏာပိုင်တွေက ဒီဖြစ်စဉ်ကြောင့် ထိခိုက်ခဲ့ရသူ (၁၃) ဦးအထိရှိလာပြီလို့ ပြောခဲ့ပြီး ဖမ်းဆီးခံထားရသူအမျိုးသမီးကို ကြိုတင်ကြံစည်သတ်ဖြတ်မှု နဲ့ တရားစွဲထားတယ်လို့ သိရပါတယ်။
ထိုင်းရဲတပ်ဖွဲ့ အရာရှိတစ်ဦးရဲ့ ဇနီးသည်ဖြစ်သူ မစ္စဆာရာရတ် ရန်ဆီဝူထာပွန်ဟာ နှစ်ပေါင်းများ စွာအတွင်း ဖြစ်ပွားခဲ့တဲ့ လူ(၉) ဦးကို သတ်ဖြတ်မှုနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက ဖမ်းဆီးခံခဲ့ရတာပါ။
ဒီလူသတ်မှုတွေဟာ ငွေကြေး ဥစ္စာပစ္စည်းတွေကြောင့်ဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့ကဆိုထားပြီး ဖမ်းဆီးခံထားရတဲ့ မစ္စဆာရာရတ်ဟာ စိတ်ဝေဒနာခံစားနေရတဲ့ ရောဂါလက္ခဏာ ရှိနေတယ်လို့ လည်းပြောထားပါတယ်။
ရဲအရာရှိတွေဟာ ၂၀၂၀ ခုနှစ်အတွင်းဖြစ်ပွားခဲ့တဲ့ သံသယ ဖြစ်ဖွယ် သေဆုံးမှုတွေထဲက (၁၃) ခုကို နောက်ကြောင်းပြန်စစ်ဆေးနေတယ်လို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲ ဆူရာချတီ ဟက်ပန်က ဧပြီလ(၁၇) ရက်နေ့မှာ ဆိုပါတယ်။
သံသယတရားခံကတော့ သူမကိုစွဲဆိုထားတဲ့ အမှုတွေကို ငြင်းဆိုထားသလို ရဲတပ်ဖွဲ့ကလည်း ဘယ်လို အမှုတွေနဲ့ တရားစွဲမယ်ဆိုတာတော့ အသေးစိတ်မသိရသေးပါဘူး။
ဒီအမှုတွေရဲ့ ဖြစ်ပွားမှုအများဆုံးမှာ ဘန်ကောက်မြို့အနောက်ဘက်မှာရှိတဲ့ ခရိုင်(၅) ခရိုင်မှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
သံသယတရားခံ အမျိုးသမီးရဲ့ နေအိမ်မှာ ပစ္စည်းတစ်ခုကို အရာရှိတွေ ရှာဖွေ တွေ့ရှိခဲ့ပြီးနောက် အဲဒီအရာဟာ ဆိုင်ယမ်နိုဒ် ဖြစ်တယ်လို့ ယူဆပြီး သူမဟာ သေဆုံးသူတွေရဲ့ အစားအစာနဲ့ သောက်သုံးတဲ့ အရည်တွေမှာ အဆိပ်ခတ်ခဲ့တယ်ဆိုတဲ့ သံသယနဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
လက်တလော စုံစမ်းစစ်ဆေးသူတွေက သူမရဲ့ အမျိုးသားဖြစ်သူနဲ့ တခြားမျက်မြင်သက်သေ တွေကို စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် အဆိပ်သင့်တဲ့ အစားကို အန်ထုတ်ပြီး သေဘေးမှ လွတ်ြမောက်လာတဲ့ (၁၃) ယောက်မြောက် ထိခိုက်ခံရသူအကြောင်းကိုလည်း ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောဆိုထားပါတယ်။
ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲ ဆူရာချီဟာ နောက်ထပ်အလားအလာရှိနိုင်တဲ့ အမှု တွေနဲ့ ပတ်သက်ပြီး သတင်းအချက်အလက် တစုံတရာ ရှိပါက ရဲတပ်ဖွဲ့ကို ဆက်သွယ်အကြောင်း ကြားဖို့ တောင်းဆိုထားပါတယ်။
ရဲတပ်ဖွဲ့ရဲ့ တရားခံကို ကနဦး သံသယရှိခဲ့ပုံဟာ ဘန်ကောက် အနောက်ဘက် ရတ်ချဘူရီခရိုင် ဒေသန္တရမှာရှိတဲ့ သူ့ရဲ့ သူငယ်ချင်းဖြစ်သူ အမျိုးသမီးတစ်ဦး သတ်ဖြတ်ခံခဲ့ရတာနဲ့ စတင်ခဲ့ တာဖြစ်တယ်လို့ မူရင်းသတင်းမှာ ဖော်ပြထားပါတယ်။
Ref:AFP