တနင်္သာရီ၊ ဧပြီ(၂၈)
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် တမုတ်ချုံကျေးရွာအနီးမှာ ဧပြီ ၂၇ ရက်နေ့ နေ့လည်ပိုင်းက စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှု ရှိနိုင်တယ်လို့ တနင်္သာမြို့နယ် ပကဖတာဝန်ရှိသူတွေ သံလွင်တိုင်းမ်ကို ပြောပါတယ်။
အဲဒီနေ့ နေ့လည် ၂ နာရီကျော်အချိန်လောက်မှာ မြိတ်ဘက်ကနေ တနင်္သာရီမြို့ထဲ မောင်းဝင်လာတဲ့ တပ်အင် အား ၁၀၀ ကျော်ပါ စစ်ကား ၅ စီးကို ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုနာရီဝက်နီးပါးကြာ ဖြစ်ပွားပြီးနောက် ဒေသကာကွယ်ရေး တပ်ဖွဲ့တွေလည်း ပြန်လည်ဆုတ်ခွာခဲ့သလို စစ်ကောင်စီဘက်ကလည်း ယာဉ်တန်းကို ဆက်လက်မောင်းနှင်သွားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးထက်မနည်း ထိခိုက် သေဆုံးနိုင်ပြီး ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က အထိအခိုက် တစ်စုံတစ်ရာမရှိဘဲ ဆုတ် ခွာနိုင်ခဲ့ပါတယ်။
ကြားဖြတ်တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီယာဉ်တန်းဟာ လမ်းတလျှောက် သေနတ်ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်သွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၈ ရက်နေ့ကလည်း တနင်္သာရီမြို့နယ်၊ ချောင်းညီကိုကျေးရွာနားမှာ မြိတ်ကနေ ဘုတ်ပြင်းဘက်ကို မောင်းနှင်းလာတဲ့ စစ်ကောင်စီရိက္ခာယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် ၅ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Pu Law PDF