မော်လမြိုင်၊ ဧပြီ(၂၈)

စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ပြန်လည်ဖြေလျော့ပေးလိုက်တဲ့ ပြည်ပအလုပ်အကိုင်ရှ ာဖွေရေး အေဂျင်စီတွေထဲမှာ စာချုပ်စည်းကမ်း ချိုးဖောက်တဲ့အေဂျင်စီတွေလည်း ပါဝင်နေတယ်လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်နေသူတွေ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ထိုင်းနိုင်ငံကို မြန်မာ MOU အလုပ်သမားတွေ ပို့ဆောင်ပေးနေတဲ့ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ ၁၃၃ ခုကို စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း သတ်မှတ်ချက်နဲ့မကိုက်ညီဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ပိတ်သိမ်းခဲ့တာပါ။

ဒါပေမဲ့ မေလနောက်ဆုံးအပတ်မှာတော့ အဲဒီအေဂျင်စီတွေကို အလုပ်ခေါ်စာအသစ် တင်ခွင့်အတွက် ပိတ်သိမ်းထားရရာကနေ ပြန်လည်ဖြေလျော့ပေးလိုက်တယ်လို့ စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာ နက ကြေညာလာပါတယ်။

ပြန်လည်ဖြေလျော့ပေးလိုက်တဲ့ အေဂျင်စီ ၁၃၃ ခုမှာ အေဂျင်စီ ၁၆ ခုဟာ စာချုပ်စည်းကမ်းတွေ ချိုးဖောက်ခဲ့တဲ့အတွက် သူတို့ ပို့ဆောင်လိုက်တဲ့ မြန်မာ MOU အလုပ်သမားတွေ အလုပ်ထုတ်ခံရတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့တာပါ။

အလုပ်သမားအရေး ကူညီဆောင်နေသူ ကိုရဲမင်းကတော့ စစ်ကောင်စီက ပြန်လည်ဖြေလျော့ပေး လိုက်တဲ့ အေဂျင်စီတချို့ဟာ စာချုပ်ပါစည်းကမ်းတွေကို ဖောက်ဖျက်ဖူးတာကြောင့် သူတို့ထပ်ပို့ပေးမယ့် အလုပ်သမားတွေအတွက် နစ်နာမှုတွေ ရှိလာနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဒီMOUစနစ်မှာ ဟိုတလောကလည်း ကြားမှာပေါ့။ လူတစ်ထောင်ကျော်ကို ဖြုတ်လိုက်တယ်။ တော် တော်ဒုက္ခရောက်ကြတယ်။ ကျွန်တော်တို့ ဝင်ရောက်ညှိနှိုင်းပေးတဲ့ တချို့အတွက်တော့ အဆင်ပြေသွားတယ်။ နောက်လူသုံးရာကျော်ကို အုပ်စုလိုက်ကြီး ဖြုတ်လိုက်တယ်။ နှစ်ရက်အတွင်းမှာ လူပေါင်းနှစ်ရာကျော်ကို အလုပ်ဖြုတ်ခံထိတာမျိုး ဖြစ်ခဲ့တယ်။ MOUနဲ့ ပို့ပြီး ရောက်တာခြောက်လ၊ ခုနစ်လအတွင်းပဲရှိသေးတယ်။ ဆိုလိုတာက အခုလည်း အဲဒီလိုပဲနောက်ထပ်ဝင်လာမယ့်သူတွေအတွက် မှန်ကန်တဲ့အလုပ်အကိုင်အခွင့်အလမ်းတွေ ရှိနေနိုင်သလို၊ မမှန်မကန်ဘဲနဲ့ ယခင်သူတို့လက်ခံပြီးသားလူတွေအတွက် မရမကပို့မယ့်အနေအထားပါ။ အဲဒီမှာသူတို့ပို့မယ့် လုပ်ငန်းခွင်တွေက မှန်ကန်ပါ့မလားဆိုတာ ကျွန်တော်တို့သံသယရှိတယ်။ ဘာလို့ဆို ထိုင်းနိုင်ငံက အလုပ်သမားပို့ဆောင်မှုတွေမှာ သုံးလပဲအချိန်ပေးထားတာမျိုးတွေရှိတယ်။ အဲဒီတော့အရင်သဘောတူလက် ခံထားတဲ့ စာချုပ်ထားတဲ့ အလုပ်အကိုင်တွေကရော ပိတ်ထားတဲ့ ကြားကာလအလွန်မှာ ရှိနေပါဦးမလား။ နောက်ထပ်အေဂျင်စီတွေနဲ့ ပြောင်းလုပ်လိုက်တာမျိုးလည်း ရှိနေနိုင်ပါတယ်။ ဒီတော့ ဘယ် လို အလွဲလွဲအချော်ချော်ဖြစ်နေနိုင်ဦးမလဲဆိုတာမှန်းလို့ရတယ်။ အလုပ်နေရာလွဲတာတွေ၊ ရောက်ရောက်ချင်းအလုပ်မရတာတွေ လာပါလိမ့်ဦးမယ်” လို့ အလုပ်သမားတွေ အဆင်ပြေရေး လိုက်လံညှိနှိုင်းဆောင်ရွက်ပေးနေတဲ့ MHAC (Myanmar Humanitarian Action Center) မဟာမိတ်အဖွဲ့ စီမံအုပ်ချုပ်သူ ကိုရဲမင်းက သံလွင်တိုင်းမ် ကိုပြောပါတယ်။

စစ်ကောင်စီ ဖြေလျော့ပေးလိုက်တဲ့ အေဂျင်စီ ၁၃၃ ခုအနက် အေဂျင်စီ ၁၆ ခုဟာ လာမယ့်မေလ ၂ ရက်နေ့ကစပြီး နဂိုအတိုင်းအလုပ်ခေါ်စာ အသစ်တွေလက်ခံပြီး စာချုပ်အသစ်တွေ ချုပ်ဆိုနိုင်တယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။

ဒါပေမဲ့ ကျန်တဲ့ပြည်ပအလုပ်အကိုအေဂျင်စီ ၁၁၇ ခုအနေနဲ့ အလုပ်ခေါ်စာ အသစ်တစ်ခု စာချုပ်ချုပ်ဆိုရာမှာ ကန့်သတ်အနေနဲ့ အလုပ်သမား ၁၀၀ သာ ချုပ်ဆိုခွင့်ပြုထားတယ်လို့ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ကိုင်နေသူတွေထံကနေ သိရပါတယ်။

ပြည်ပအလုပ်အကိုင်အေဂျင်စီတချို့ဟာ မြဝတီမြို့မှာ MOU အလုပ်သမားတွေအတွက် နိုင်ငံကူးလက်မှတ် လျှောက်ထားမှုကြောင့် စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း Black List စာရင်းသွင်းခဲ့ပေမယ့် သုံးလအကြာမှာ ပြန်လည်ဖြေလျော့ပေးခဲ့တာပါ။

ပြီးခဲ့တဲ့၂၀၂၂ခုနှစ်အတွင်း စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနကို ပြည်ပအလုပ်အကိုင် အေဂျင်စီရှာဖွေရေး လုပ်ငန်းတွေ လုပ်ကိုင်ဖို့အတွက် လျှောက်ထားမှုများပြားခဲ့ပြီး အသစ်လျှောက်ထားတဲ့လုပ်ငန်း ၁၀၀ ကျော် ထပ်တိုးလာတယ်လို့ ဆိုထားပါတယ်။

ဒါကြောင့် မူလကရှိနေတဲ့ အေဂျင်စီလုပ်ငန်းပေါင်း၂၀၀ ကျော် အပါအဝင် ပြည်ပအလုပ်အကိုင်ရှာ ဖွေရေးအေ ဂျင်စီလုပ်ငန်းပေါင်း ၃၄၃ ခုအထိ ရှိလာနေတယ်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီ းဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – EPA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.