ကျိုက်ထို၊ ဧပြီ(၂၈)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိပ်ဇရပ်အပိုင် ကျောက်ပုံကြီးကွင်းအနီးပတ်ဝန်းကျင်ကို စစ်ကောင် စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘုန်းကြီးတစ်ပါးကျည်စထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဧပြီ ၂၆ ရက်နေ့ ညနေ ၄ နာရီလောက်မှာ သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ – ၂၀၇ ကနေ သုံးခွကျေးရွာအနီးပတ်ဝန်းကျင်ကို လက်နက်ကြီး ၄ ချက်ထက်မနည်း ပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ဆွမ်းဆန်စိမ်းအလှူခံထွက်ပြီး ပြန်လာတဲ့ ဘုန်ကြီးတစ်ပါး ဦးခေါင်းကျည်စထိမှန် ဒဏ်ရာရရှိခဲ့တဲ့အတွက် သိမ်ဇရပ်ဆေးရုံသို့ ပို့ဆောင်ပေးထားပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့ဘုန်းကြီးဟာ သုံးခွကျေးရွာ၊ ဓမ္မဗျူဟာကျောင်းတိုက်က သက်တော် ၅၀ အရွယ် ဦးဇောတိက ဖြစ်တယ်လို့ သိရပါတယ်။စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်နေ့ ညနေပိုင်းမှာ မုပ္ပလင်စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုက်ခိုက် ခံရပြီး စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးခဲ့တာကြောင့် ကျိုက်ထိုမြို့နယ်အတွင်း ကျေး ရွာထဲကို အကြောင်းမဲ့ လက်နက်ကြီးပစ်ခတ်တာတွေ လုပ်ဆောင်နေတာပါ။

ကျိုက်ထိုမြို့နယ်မှာတော့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြီးခဲ့တဲ့ မတ်လအ တွင်း အရပ်သားပြည်သူ ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့သလို ဒေသခံထောင်နဲ့ချီ ထွက်ပြေးတိမ်း ရှောင်ခဲ့ရတယ်လို့ KNU သထုံခရိုင်ရဲ့အချက်အလက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.