အာဂျင်တီးနားက တရုတ်သွင်းကုန်တွေအတွက် ဒေါ်လာအစား ယွမ်ငွေဖြင့်သာ ပေးချေမယ်
ဗျူနိုအေးရိစ်၊ ဧပြီ(၂၉) အာဂျင်တီးနားအစိုးရက နိုင်ငံရဲ့ ဒေါ်လာအရန်ငွေတွေ လျော့နည်းလာမှုကို လျှော့ချဖို့ ရည်ရွယ်ပြီး တရုတ် သွင်းကုန်တွေအတွက် ဒေါ်လာထက် ယွမ်ငွေဖြင့် စတင်ပေးချေတော့မယ်လို့ ကြေညာခဲ့ပါတယ်။ ဧပြီလအတွက် ဒေါ်လာ ၁ ဘီလီယံခန့် တရုတ်သွင်းကုန်တွေကို ဒေါ်လာအစား ယွမ်ငွေဖြင့်သာ ပေးချေဖို့ ရည်မှန်းထားပြီးနောက် လစဉ်သွင်းကုန် ဒေါ်လာ သန်း(၇၉၀)ခန့်ကို ယွမ်ငွေနဲ့သာ ပေးချေသွားမယ်လို့ အစိုးရထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။…