ရောမ – ဧပြီ(၂၇)
အီတလီနိုင်ငံပြန်လည်တည်ထောင်ခြင်းနဲ့ ဖက်ဆစ်အာဏာရှင် လက်အောက်က လွတ်မြောက်တဲ့ အထိမ်းအမှတ်နေ့မှာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက်ပြီး စကားပြောခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ (၂၅) ရက်နေ့က အီတလီနိုင်ငံ ကာဆာချယ်ဗီပြတိုက်မှာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အခုလိုပြောခဲ့တာပါ။
ဖက်ဆစ်စနစ်ကို မြန်မာပြည်မှာလည်း အမြစ်ဖြတ်ရတော့မှာပါ။ အကြမ်းဖက်စစ်ကောင်စီ ရရှိနေတဲ့ ဝင်ငွေရလမ်းတွေ အားလုံးကို ဖြတ်တောက်နိုင်ရင် ဖက်ဆစ် စစ်တပ်ကျဆုံးမှာပါလို့ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောခဲ့ပါတယ်။
အဲဒီပွဲကို လူပေါင်း (၁၅၀၀၀) လောက်တက်ရောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – NUG