လန်ဒန် – ဧပြီ(၂၈)
ဗြိတိန်အစိုးရဟာ အွန်လိုင်းလောင်းကစားပြုလုပ်မှုတွေ မြင့်တက်လာတကြောင့် လောင်းကစား မှုတွေကို နှိမ်နင်းဖို့ ရည်ရွယ်တဲ့ စည်းမျဉ်းအသစ်တွေကို ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီစည်းမျဉ်းတွေမှာ အသက်(၂၅) နှစ်အောက်တွေအတွက် Spin လှည့်တဲ့ အွန်လိုင်းကစားနည်း ကို (၂) ပေါင်ထပ်ကိုပြီး မပြုလုပ်ဖို့ တားမြစ်ထားတာအပြင် လောင်းကစားကုမ္ပဏီတွေအနေနဲ့ လောင်းကစားပြုလုပ်သူတွေရဲ့ ငွေကြေးတက်နိုင်မှုကို ပိုမိုကောင်းမွန်စွာ စိစစ်ဖို့ တွန်းအားပေးတာ တွေပါဝင်တယ်လို့ သိရပါတယ်။
“ဒီနေ့တော့ လူတွေကို လောင်းကစားနဲ့ပတ်သက်တဲ့ အန္တရာယ်တွေကနေ ကာကွယ်ဖို့ စမတ်ဖုန်း ခေတ်အတွက် လောင်းကစားဥပဒေတွေကို အပ်ဒိတ်လုပ်ပါမယ်” လို့ ယဉ်ကျေးမှု၊ မီဒီယာနဲ့ အားကစားဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီး လူစီဖရာဇာက တွစ်တာမှာ ပြောထားပါတယ်။
ဒါ့အပြင် စက္ကူဖြူအဆိုပြုချက်ဟာ သုံးစွဲသူတွေနဲ့ အော်ပရေတာတွေကြား ပါဝါမညီမျှမှုကို ပြန်လည် ဖြေရှင်းနိုင်တယ်လို့ ဖရာဇာရဲ့ ပြောဆိုချက်ကို ကိုးကားပြီး Time သတင်းစာက ဖော်ပြထားပါတယ်။
“အမြတ်ထုတ်ခံနေရတဲ့ စနစ်ထဲမှာ မမြင်နိုင်တဲ့ ဟာကွက်တွေ ရှိတယ်၊ စွဲလမ်းသူတွေကို စွဲလမ်းနေစေအောင် ထိန်းထားပေးပြီး ငွေကြေးတတ်နိုင်မှု အနည်းဆုံးဖြစ်တဲ့ အသိုင်းအဝိုင်းတချို့ကို ဆိုးရွားစွာ ထိခိုက်စေပါတယ်” လို့ ဝန်ကြီးက ပြောခဲ့ပါတယ်။
စက္ကူဖြူစာတမ်းမှာ ပြဿနာဖြစ်နေတဲ့ လောင်းကစားသမားတွေအတွက် အကူအညီပေးဖို့ လောင်းကစားကုမ္ပဏီတွေကို အခွန်ကောက်ခံမယ့် အစီအစဉ်တွေလည်း ပါဝင်မှာ ဖြစ်တယ် လို့ The Sun သတင်းစာက ဆိုထားပါတယ်။
ဒီပြောင်းလဲမှုတွေဟာ ၂၀၀၅ ခုနှစ် လောင်းကစားအက်ဥပဒေနောက်ပိုင်း ပေါင်(၁၄) ဘီလျံတန် တဲ့ စက်မှုလုပ်ငန်းအတွက် အကြီးမားဆုံးပြန်လည်ပြင်ဆင်မှု ဖြစ်လာမှာ ဖြစ်တယ်လို့ သိရပါ တယ်။
အဲဒီအချိန်ကစပြီး စမတ်ဖုန်းအသုံးပြုမှု တိုးလာတာနဲ့ အပြင် အွန်လိုင်းလောင်းကစားမှာ အဆမတန်တိုးမြင့်လာပြီး ပြောင်းလဲမှုတွေ ဖြစ်ခဲ့တာပါ။
“အစိုးရ၏လောင်းကစားမူဝါဒက ပရမ်းပတာဖြစ်မှု၊ ရန်ဖြစ်မှုများနှင့် နှောင့်နှေးမှုများကြောင့် ကြန့်ကြာနေရတယ်၊ ကျွန်ုပ်တို့ ဒစ်ဂျစ်တယ်ခေတ်အတွက် အံဝင်ခွင်ကျဖြစ်စေရန် analogue လောင်းကစားစည်းမျဉ်းကို အပ်ဒိတ်လုပ်ရန် လိုအပ်ပါတယ်” လို့ အတိုက်အခံ လေဘာပါတီ ပြောရေးဆိုခွင့်ရှိသူ လူစီပါဝဲလ်က ပြောပါတယ်။
ဗြိတိန်စျေးကွက်ကို ထိန်းညှိပေးတဲ့ လောင်းကစားကော်မရှင်က ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအထိ တစ်နှစ် အတွင်း လောင်းကစားပြဿနာဖြစ်ပွားမှုနှုန်း (၀.၂) ရာခိုင်နှုန်းရှိတယ်လို့ ခန့်မှန်းထား ကြပါတယ်။
ကမ္ဘာကျော် ပရီးမီးယားလိဂ်ကလည်း ဒီလအစောပိုင်းမှ သူတို့ရဲ့ ဘောလုံးကလပ်အသင်းတွေ အနေနဲ့ ၂၀၂၆-၂၇ ရာသီကစပြီး ဘောလုံးဂျာစီ ရှေ့မှာ လောင်းကစား စပွန်ဆာပေးတာကို ရပ်တန့်ဖို့ စုပေါင်း သဘောတူထားတယ်လို့ သိရပါတယ်။
Ref: CNA