ချင်းမိုင်၊ ဧပြီ(၂၈)
ယာဉ်ကြောပိတ်ဆို့မှုတွေကို ရှောင်ရှားဖို့အတွက် ထိုင်းနိုင်ငံချင်းမိုင်မြို့ရှိ တက္ကစီယာဉ်မောင်းအချို့ဟာ ခရီး သွားတွေအကြားရေပန်းစားတဲ့ နေရာတစ်ခုရှိရှေ့ရှိ ပလက်ဖောင်းပေါ်က ဖြူနီစည်းပေါ်မှာ ခေတ္တရပ်နား နိုင်ဖို့ အဝါရောင်အစင်းကြောင်းတွေကို ရေးဆွဲခဲ့ကြပါတယ်။
အဲဒီယာဉ်မောင်းနှစ်ယောက်လုပ်ဆောင်နေတဲ့ လှုပ်ရှားမှုကို ခရီးသွားတစ်ဦးက ဗီဒီယို ရိုက်ကူး မျှဝေပြီးတဲ့အခါ မှာတော့ သူတို့နှစ်ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့တာပါ။
သူတို့အနက် တစ်ဦးက ပလက်ဖောင်းအမှတ်အသားတွေကို ရေးဆွဲနေတာ မြင်တွေ့ရပြီး နောက်တစ်ဦးမှာ ထီးတစ်လက်ကိုင်ဆောင်ပြီး နေကာပေးနေတာကို ဗီဒီယိုထဲမှာ မြင်တွေ့ခဲ့ရပါတယ်။
သမိုင်းဝင် အထင်ကရ နေရာဖြစ်တဲ့ Tha Phae ဂိတ်အနီးမှာ အဲဒီကိစ္စ ဖြစ်ပွားခဲ့တာဖြစ်ကြောင်း The Thaiger သတင်းမှာ ဖော်ပြထားတာပါ။ ထိုင်းနိုင်ငံမှာ လမ်းဘေးပလက်ဖောင်းတွေရှိ အဖြူအနီစင်းတွေမှာ ပါကင် ထိုးခြင်းကို ခွင့်မပြုထားပါဘူး။
အဝါရောင်နဲ့ အဖြူရောင် အစင်းကြောင်းတွေပါတဲ့ လမ်းတလျှောက်ကိုတော့ ယာယီရပ်နားခွင့်ပြုထားတာဖြစ် ပါတယ်။
ဒီဗီဒီယိုပျံ့နှံ့ပြီးနောက်ပိုင်းမှာ ချင်းမိုင်စည်ပင်သာယာရေးရုံးမှ တာဝန်ရှိသူတွေက အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်စုံစမ်းစစ်ဆေးခဲ့ပြီး တက္ကစီယာဉ်မောင်း နှစ်ဦးကလည်း ဝန်ခံခဲ့တယ်လို့ သိရပါတယ်။
ယာဉ်မောင်းတွေအနေနဲ့ အများပြည်သူသွားလာတဲ့ လမ်းကိုဖျက်ဆီးမှုဖြင့်အပြစ်ရှိကြောင်းတွေ့ရှိရတဲ့ အတွက် ဒဏ်ငွေ ဘတ် ၅၀၀၀ ပေးဆောင်ဖို့ အမိန့်ချမှတ်ခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
The Thaiger