ဂျကာတာ – ဧပြီ(၂၁) 

အင်ဒိုနီးရှားမှာ ကိုဗစ် ကန့်သတ်ချက်တွေ တရားဝင်ရုပ်သိမ်းပြီးနောက်အီးဒ်ပွဲတော် အားလပ် ရက်မှာ အိမ်ပြန်ခွင့်ရဖို့ပြည်သူ(၁၂၃) သန်းကျော် မျှော်လင့်နေတဲ့အတွက် ဒီနှစ်ဟာ အလုပ် 

အများဆုံး ဖြစ်နိုင်တယ်လို့ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။ 

နေရပ်ပြန်ကြမယ့် သူတွေဟာ ကုန်းကြောင်း၊ရေကြောင်းနဲ့ လေကြောင်းတွေကို အသုံးပြုပြီး သွားလာကြမှာဖြစ်တယ်လို့ ဝန်ကြီးဌာနက ဆိုထားပါတယ်။ 

ဒီနှစ်ကျရောက်တဲ့ အထိမ်းအမှတ်ပွဲတော်ဟာ ကိုဗစ်ဖြစ်ပွားပြီးနောက်ပိုင်း ပထမဆုံးကြိမ် နေရပ်ပြန်ကြမယ့်သူတွေထဲမှာ မစ္စတာ အာဖရီဇယ်နဲ့ သူ့ရဲ့ မိသားစုလည်း အပါအဝင် ဖြစ်ပါတယ်။ 

“ပြီးခဲ့တဲ့နှစ်က ကျွန်တော်တို့မှာ စိုးရိမ်စရာတွေရှိနေတုန်းပဲ ဒါပေမယ့် အခုတော့ ကိုဗစ် ၁၉ ဟာ ပျောက်ကွယ်သွားပုံရတယ်” လို့ သူက အရှေ့ဂျာကာတာရှိ ပူလိုဂီဘန်းမှ အနောက်ဆူမတြား က ဘူခတ်တင်ဂီကိုသွားဖို့ ဘတ်စ်ကားစောင့်နေစဉ်ပြောခဲ့တာပါ။ 

ဘတ်စ်ကားအော်ပရေတာတွေကလည်း ဒီနှစ်အတွက် ခရီးသည် (၂၀) ရာခိုင်နှုန်းအထိ တိုးလာ တယ်လို့ CNA ကိုပြောပါတယ်။ 

“ကပ်ရောဂါလွန်ကာလ မို့လို့ ဒီနှစ်မှာ ကျွန်တော်တို့ရဲ့ လမ်းကြောင်းတွေမှာ လူတွေပိုများလာ တယ်၊ ဒီနှစ်ကစပြီး လူတွေ လွတ်လပ်စွာ အိမ်ပြန်နိုင်ပြီ” လို့ သယ်ယူပို့ဆောင်ရေးကုမ္ပဏီတစ်ခုမှ မစ္စ ဆူဒါနီက ပြောခဲ့ပါတယ်။ 

ဂျကာတာမြို့လယ်မှာရှိတဲ့ ရထားဘူတာဟာ အိမ်ပြန်ခရီးသည် တစ်ရက်ကို (၂) သောင်းအထက် ရှိနေပြီး အီးဒ်မှာတော့ ခရီးသည်အရေအတွက် ပိုတိုးလာနိုင်တယ်လို့ ဆိုထားပါတယ်။  

“အခုလောလောဆယ် အသက် (၁၈) နှစ်အထက် အရွယ်တွေအတွက် ကာကွယ်ဆေး (၃) လုံးထိုး ရမယ်၊ အသက် (၁၃) နှစ်ကနေ (၁၇) နှစ်ကြား အရွယ်အတွက် ကာကွယ်ဆေး (၂) လုံးထိုးရမယ်၊ ပြီးတော့ ကာကွယ်ဆေးမထိုးရသေးတဲ့ ခြောက်နှစ်ကနေ ၁၂ နှစ်ကြားက လူကြီးတွေနဲ့ပါ  ဒီလို အပ်ချက်တွေကို ပြည့်မှီတဲ့သူတွေအနေနဲ့ ရထားတွဲသုံးလို့ရသေးတယ်။” လို့ အများပိုင်အော်ပရေ တာဖြစ်တဲ့ ကီရီတာအေပီ အင်ဒိုနီးရှားမှ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ 

ဒါ့အပြင် ပြီးခဲ့တဲ့ အီးဒ် အားလပ်ရက်မှာ ကိုဗစ်စစ်ဆေးမှုနဲ့ PCR လို စည်းမျဉ်းတွေ ရှိနေတုန်း ဖြစ်တယ်လို့ သူက ပြောပါသေးတယ်။ 

ဂျကာတာမှာ အာဏာပိုင်တွေက အားလပ်ရက်ကာလ ခရီးသွားတွေ တိုးမြင့်လာစေဖို့ အတွက် တစ်ရက်ကို ရထား အစင်း(၇၀) အထိချပေးထားတယ်လို့ သိရပါတယ်။ 

သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက ဒီနှစ်အတွင်း နှစ်စဉ် ခရီးသွား(၁၂၃) သန်းကျော်ဟာ သူတို့တွေရဲ့ ချစ်မြတ်နိုးရသူတွေနဲ့ အလည်အပတ်ခရီး သွားရောက်နိုင်မယ်လို့ ခန့်မှန်းထား ပြီး အခုအခြေအနေဟာ ပြီးခဲ့တဲ့နှစ်က ခန့်မှန်းခြေခရီးသွား(၈၆) သန်းထက်တိုးတက်လာတယ်လို့ သိရပါတယ်။ 

ဒေသတွင်းအခေါ် “Mudik”  ရာသီလိုလူသိများတဲ့ အစုလိုက်အပြုံလိုက် ထွက်ခွာပြတာဟာ တိုင်းပြည်ရဲ့ နှစ်ရှည်လများ ကျင့်သုံးလာတဲ့ ထုံးတမ်းစဉ်လာတွေထဲက တစ်ခုဖြစ်တယ်လို့ သိရပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.