တနင်္သာရီ၊ ဧပြီ(၁၉)

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ရက် ပိုင်းကစပြီး တိုက်ပွဲတွေ ပြန်လည်ငြိမ်သက်သွားပေမယ့် စစ်ရှောင်ပြည်သူအများစု နေရပ်မပြန်ရဲသေးဘူးလို့ စစ်ရှောင်အရေးကူညီနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တနင်္သာရီမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ မတ် ၂၈ ရက်နေ့ကနေ ဧပြီ ၁၂ ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲတွေနေ့စဉ်ရက်ဆက် ဖြစ်ပွားခဲ့ပါတယ်။

အဲဒီတိုက်ပွဲတွေကြောင့် တနင်္သာမြို့နယ် သဲဖြူ ၊ သိန်းခွန်၊ ချောင်းနှစ်ပေါက်၊ ဘန်းလမွတ်၊ ရမ်းဖို့၊ ညောင်ပင်ကုန်း၊ ကမ်းတိုရွာတွေအပါအဝင် ကျေးရွာပေါင်း ၁၀ ရွာကျော်လောက်က ဒေသခံ ၁၅၀၀၀ နီးပါးဟာ ဘေးလွတ်ရာတောတောင်နဲ့ နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတာပါ။

ဒါပေမဲ့ နှစ်ဖက်တိုက်ပွဲတွေဟာ အခုရက်ပိုင်းထဲ ပြန်လည်ငြိမ်သက်သွားပေမယ့် စစ်ရှောင်ပြည်သူတွေကတော့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာမှာကို စိုးရိမ်တာကြောင့် နေရပ်ပြန်မရဲကြသေးဘူးလို့ စစ်ရှောင်အရေးကူညီနေသူတစ်ဦးက ပြောပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေဟာ ရက်ကြာရှည်လာတာနဲ့အမျှ အခြေခံစား သောက်ကုန်၊ ဆေးဝါး၊ အမိုးအကာအပြင် သောက်သုံးရေကအစ လိုအပ်ချက်တွေ မြင့်မားလာတယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်းထဲမှာတော့ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်အတွင်း နှစ်ဖက်တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ ၄၀၀၀၀ ကျော်အထိ ရှိလာတယ်လို့ ဒေသတွင်း သုတေတနအဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.