မော်လမြိုင်၊ ဧပြီ ၁၃
မွန်ပြည်နယ် စစ်ကောင်စီဟာ ၂၀၂၃ မွန်ပြည်နယ် ဗဟိုမဏ္ဍပ်ကိုဖွင့်ပွဲကို ဒီကနေ ဧပြီ ၁၃ ရက်နေ့ သင်္ကြန်အကြိုနေ့မှာ လုံခြုံရေးအပြည့်နဲ့ အပြင်လူ ဝင်ခွင့်မပေးဘဲ ဖွင့်လှစ်ခဲ့ပါတယ်။
သင်္ကြန်ဗဟိုမဏ္ဍပ် ဖွင့်လှစ်ရာ မော်လမြိုင်ကမ်းနားလမ်းမှာ အများပြည်သူ သွားလာခွင့်ကို ကန့်သတ်ခဲ့သလို ဗဟိုမဏ္ဍပ်အနီးမှာလည်း အတွင်းစည်း၊အပြင်စည်း လုံခြုံရေးကို အရပ်ဝတ်တွေနဲ့ပါ လုံခြုံရေး ဆောင်ရွက်ခဲ့ပါတယ်။
ဒါအပြင် မဏ္ဍပ်ကို လာရောက်ကြတဲ့ ယိမ်းအဖွဲ့တွေကိုလည်း ဖုန်းတွေယူဆောင်ခွင့်မပေးခဲ့သလို လာရောက်ကြတဲ့ဌာနဆိုင်ရာဝန်ထမ်းတွေကို ဓာတ်ပုံရိုက်ပြီ မီဒိယာတွေဆီ မဖြန့်ဝေဖို့ သတိပေးတာတွေ ရှိခဲ့တယ်လို့ ဖွင့်ပွဲသွားရောက်ခဲ့တဲ့ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။
စစ်ကောင်စီရဲ့ ဗဟိုမဏ္ဍပ်ဖွင့်ပွဲကို ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ စစ်တပ်ဘက်က အကြီးအကဲတွေ တက်ရောက်ခဲ့ပြီး စစ်ကောင်စီဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ စစ်ကောင်စီကို ထောက်ခံတဲ့ အဖွဲ့အစည်းတချို့က ယိမ်းအကတွေနဲ့ ဖျော်ဖြေခဲ့တာပါ။
သတင်း- သံလွင်တိုင်းမ်