ကိုလံဘို၊ ဧပြီ(၁၄)

ငွေကြေးအကျပ်အတည်းဖြစ်နေတဲ့ သီရိလင်္ကာနိုင်ငံက မျိုးတုံးပျောက်ကွယ်တော့မယ့် (ကမ္ဘာဟောင်း)မျောက် အမျိုးအစား အကောင်တစ်သိန်းကို တရုတ်ပြည်သို့တင်ပို့ဖို့ စဉ်းစားနေတယ်လု့ိ နိုင်ငံရဲ့စိုက်ပျိုးရေးဝန်ကြီးက  ပြောကြားခဲ့ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်သူတွေကြားမှာ စိုးရိမ်ပူပန်မှုတွေ မြင့်တက်ခဲ့ပါ တယ်။

ကမ္ဘာဟောင်းမျောက်အမျိုးအစားတွေကို သီရိလင်္ကာနိုင်ငံမှာသာ တွေ့ရှိရပြီး သဘာဝထိန်းသိမ်းစောင့်ရှောက်ရေး နိုင်ငံတကာသမဂ္ဂ (IUCN) မှ ထုတ်ပြန်ထားတဲ့ အနီရောင်အဆင့်စာရင်းမှာ ပါဝင်တဲ့ မျိုးတုံးပျောက်ကွယ် တော့မယ့် အမျိုးအစားလည်းဖြစ်နေတာပါ။

သီရိလင်္ကာနိုင်ငံဟာ အသက်ရှိတိရစ္ဆာန်တွေ ပြည်ပတင်ပို့မှုကို ပိတ်ဆို့ထားတဲ့နိုင်ငံဖြစ်ပေမယ့်လည်း ဆိုးရွား တဲ့ စီးပွားရေးအကျပ်အတည်းကို ရင်ဆိုင်လာရတဲ့ အခြေအနေမှာတော့ ရောင်းချရေးကိစ္စတွေကို အဆိုပြု လာခဲ့တာ ဖြစ်ပါတယ်။

ဒီလိုရောင်းချမယ်လို့ ဆိုထားပေမယ့်လည်း  ဘဏ္ဍာရေးဆိုင်ရာ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။
 “တရုတ်နိုင်ငံတဝှမ်းရှိ တိရိစ္ဆာန်ရုံ ၁၀၀ ကျော်အတွက် ဒီမျောက်တွေကို သူတို့လိုချင်တယ်။ ကျွန်တော်တို့အ နေနဲ့တော့ အဲဒီတောင်းဆိုချက်ကို လေ့လာပြီး ကျွန်တော်တို့ ဘယ်လိုလုပ်ပေးလို့ရမလဲဆိုတာကို ကြည့်သွား မှာပါ” လို့  AFP သတင်းဌာနကို သီရိလင်္ကာစိုက်ပျိုးရေးဝန်ကြီးက ပြောပါတယ်။

သီးနှံတွေကို ဖျက်ဆီးတာ၊ အစားအသောက်ရှာဖွေဖို့အတွက် လူနေကျေးရွာတွေအတွင်းကို ဝင်ရောက် နှောက်ယှက်တာနဲ့ တစ်ခါတရံလူတွေကို တိုက်ခိုက်တာတွေကြောင့် သီရိလင်္ကာနိုင်ငံမှာ မျောက်တွေကို အဖျက်ပိုးမွှားတွေအဖြစ် ရှုမြင်ကြတာပါ။

သီရိလင်္ကာနိုင်ငံအနေနဲ့ အခုနှစ်အတွင်း တိရိစ္ဆာန်မျိုးစိတ်အတော်များများကို ကာကွယ်စောင့်ရှောက်ရေး စာရင်းကနေထုတ်ပယ်ထားပြီး မျောက်အမျိုးအစား ၃ ခုအပါအဝင် ဒေါင်းတွေနဲ့ ဝက်ဝံရိုင်းတွေ ပါဝင်ပြီး အဲဒီတိရစ္ဆာန်တွေကို သတ်ဖြတ်ဖို့အတွက်လည်း လယ်သမားတွေကို ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။

သီရိလင်္ကာရဲ့ တိရိစ္ဆာန်အခွင့်အရေး စောင့်ရှောက်ရေးအဖွဲ့ The Environmental Foundation မှ အဲဒီ ဆိုပြုရောင်းဝယ်မှုကို ဝေဖန်ထားပြီး အဲဒီမျောက်အမျိုးအစားတွေနဲ့ ပတ်သက်ပြီး နှစ်ပေါင်း ၄၀ ကျော်ကြာ နိုင်ငံတဝှမ်း စစ်တမ်းဆောင်ရွက်ထားခြင်းမရှိသေးသလို အမျိုးအစားဦးရေး လေ့လာချက်ကို ကနဦး ဆောင်ရွက်သင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ သိချင်တာက သူတို့ (တရုတ်)တွေက မျောက်တွေအများကြီးဘာလို့ လိုချင်တာလဲဆိုတာ သိချင်တယ်။ အသားအဖြစ်စားဖို့အတွက်လား၊ သို့မဟုတ် ဆေးဘက်ဆိုင်ရာ သုတေသနအတွက်လား၊ ဒါမှမဟုတ် တခြားသော ရည်ရွယ်ချက်လား။ ဒီမျောက်တွေဟာ သီရိလင်္ကာနိုင်ငံအတွင်းမှာ ကာကွယ်စောင့် ရှောက်ဖို့လိုတဲ့စာရင်းထဲ မပါပေမယ့် နိုင်ငံတကာရဲ့ မျိုးတုံးပျောက်ကွယ်မယ့် တိရိစ္ဆာန်တွေနဲ့ သက်ဆိုင်တဲ့ အနီရောင်အဆင့် စာရင်းထဲမှာ ပါဝင်နေတုန်းပါပဲ” လို့ ဖောင်ဒေးရှင်းအကြီးအကဲက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
Toque macaque (ကမ္ဘာဟောင်း) မျောက်အမျိုးအစားဟာ သီရိလင်္ကာနိုင်ငံမှာ အကောင်ရေ ၂ သန်းနဲ့ ၃ သန်းကြားရှိနေတာပါ။

The Environmental Foundation ရဲ့အကြီးအကဲမှ မျောက်တွေ၊ ဆင်တွေလို လူနဲ့ တိရစ္ဆာန်တွေအကြား ဖြစ်ပွားတဲ့ ပဋိပက္ခတွေဟာ တောရိုင်းတိရိစ္ဆာန်အလေ့အထကို တိမ်မြှုပ်စေတဲ့ ချဲ့ထွင်လုပ်ဆောင်လာတဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေကြောင့် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
Ref: AFP/zl

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.