ပေကျင်း – ဧပြီ(၉)
တရုတ်နိုင်ငံက ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ကွန်ရဲ့ နိုင်ငံတော်ခရီးစဉ်မှာ ပုံမှန်မဟုတ်တဲ့ ခမ်းနားထည်ဝါမှုတွေနဲ့ ကြိုဆိုခဲ့ပြီး ပြင်သစ်မဟာမိတ် အမေရိကန်ကို တန်ပြန်ဖို့ တရုတ်ရဲ့ ခြေလှမ်းသစ်တွေဖြစ်နိုင်တယ်လို့ လေ့လာသူတွေက ပြောခဲ့ပါတယ်။
ခေါင်းဆောင်နှစ်ဦးဟာ တရုတ်နိုင်ငံတောင်ပိုင်းက ရှီရဲ့ ဖခင်ဖြစ်သူနေရပ်ဟောင်းမှာ တရုတ် လက်ဖက်ရည်သောက်ဖို့ စီစဉ်ထားတဲ့ စီးပွားရေးကုန်ထုတ်စွမ်းအားကြီး မြို့တော် ကွမ်ကျိုး မှာ အတူသွားရောက်လည်ပတ်ခဲ့ပါသေးတယ်။
အလည်အပတ်ခေါင်းဆောင်တွေကို ရှီကျင့်ဖျင်ရဲ့ ကြိုဆိုမှုဟာ ရှားပါးပြီး ရှီက အမေရိကန်ရဲ့ ဝိုင်းဝမ်းချုပ်နှောင်မှုနဲ့ နှိမ်နင်းမှုကို ဆန့်ကျင်တဲ့ အထောက်အပံ့ကို ရှာဖွေနေတဲ့အတွက် တရုတ် အနေနဲ့ အီးယူရဲ့ အဓိက အဖွဲ့ဝင်နိုင်ငံရဲ့ ဆက်ဆံရေးကို အလေးထားတာဖြစ်တယ်လို့ သံတမန် တွေက ဆိုထားတာပါ။
“တရုတ်နိုင်ငံခြားရေးပေါ်လစီရဲ့ ထိုးစစ်မှာ အမေရိကန်-တရုတ် ဆက်ဆံရေးကို နောက်ခံထားပြီး လုပ်နေတာမို့ အထူးသဖြင့် အလယ်အလတ် ဒါမှမဟုတ် ပြင်သစ်လို အင်အားကြီးနိုင်ငံတွေနဲ့ လက်တွဲလုပ်ရတာက အမေရိကန်ကို တန်ပြန်ဖို့ ကြိုးစားရမယ့် အရာပါ။” လို့ဒန်ဗာ တက္ကသိုလ်ရဲ့ တရုတ်လေ့လာမှုနဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ပါမောက္ခက ပြောပါတယ်။
တရုတ်နိုင်ငံရဲ့ အဓိက ရည်ရွယ်ချက်မှာ ဥရောပနဲ့ အမေရိကန်တို့ ပိုမိုနီးကပ်တဲ့ ဆက်ဆံရေးကို တားဆီးဖို့ ဖြစ်တယ်လို့ လေ့လာသုံးသပ်သူ နိုဘာကင်ကလည်း ပြောထားပါတယ်။
မက်ကွန်ကို အီးယူအတွင်း အဓိက မူဝါဒတွေ ချမှတ်ရာမှာ အရေးပါသူအဖြစ် သံတမန်တွေက ယူဆထားကြတဲ့အတွက် ဥရောပမှာ တရုတ်ရဲ့ အရေးကြီး မိတ်ဖက်ဖြစ်လာနိုင်တယ်လို့ ဘာကင် ကပြောခဲ့ပါတယ်။
ပြင်သစ်သမ္မတဟာ ဥရောပ ကော်မရှင်အကြီးအကဲ Ursula von der Leyen နဲ့ တရုတ်နိုင်ငံကို သွားရောက်ခဲ့ပြီးနော် ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး တရုတ်ကိုဖိအားပေးမှုတွေ လုပ်ခဲ့တာဖြစ် ပါတယ်။
တရုတ်နိုင်ငံကို သွားရောက်ခဲ့ဖူးတဲ့ ပြင်သစ်ဝန်ကြီးချုပ်ဟောင်း ရာဖရင်ကလည်း ပြည်သူ့ခန်းမ ဆောင်ကြီးမှာ သဘောတူလက်မှတ်ရေးထိုးပွဲအတွက် ရှီကျင့်ဖျင်ရဲ့ ဆွဲဆောင်မှုတချို့ဟာ သက်ရောက်မှုရှိတယ်လို့ ရိုက်တာကို မှတ်ချက်ပြုထားပါတယ်။
“ဒါက သံတမန်ရေးအရ မဟုတ်ဘူး၊ တစ်ကြိမ်မဟုတ် နောက်တစ်ခုက နည်းနည်း မြှောက်ပင့်နေတာ မဟုတ်ဘူးလား” လို့ သူကပြောပါတယ်။
တရုတ်နိုင်ငံပိုင် Global Times သတင်းစာရဲ့ အယ်ဒီတာ့အာဘော်မှာတော့ “ဝါရှင်တန်၏ ဗျူဟာ မြောက် လက်အောက်ခံတစ်ဦးဖြစ်ခြင်းသည် အဆုံးမဲ့ဖြစ်ကြောင်း သိသာထင်ရှားပါတယ်၊ တရုတ်-ပြင်သစ်ဆက်ဆံရေးဟာ တရုတ်-ဥရောပ ပူးပေါင်းဆောင်ရွက်မှုအတွက် ပေါင်းကူး တံတားဖြစ်လာပြီး နှစ်ဖက်စလုံးအတွက်ရော ကမ္ဘာသို့ပါအကျိုးရှိစေတယ်” လို့ ထုတ်နှုတ် ဖော်ပြထားပါတယ်။
Ref: Reuters