ဘန်ကောက် – ဧပြီ(၈) 

ထိုင်းနိုင်ငံရဲ့ ဆုန်ကရန်(ရေကစားပွဲတော်)ကနေ ပြည်တွင်း ပြည်ပခရီးသွားတွေဆီက အခွန်ငွေ ဘတ်(၁၈) ဘီလျံအထိရရှိနိုင်မယ်လို့ အာဏာပိုင်တွေက ခန့်မှန်းထားပါတယ်။ 

ဒီနေ့ ဧပြီလ(၇) ရက်နေ့မှာထိုင်းခရီးသွားအာဏာပိုင်အဖွဲ့က နိုင်ငံတဝှမ်းကျင်းပမယ့် ဆုန်ကရန် အခမ်းအနားတွေကို ထုတ်ပြန်ကြေညာခဲ့တာပါ။ 

ထိုင်းနှစ်ကူးကာလအတွင်း ထိုင်းနိုင်ငံခရီးသွားတွေဆီက ခရီးစဉ်ပေါင်း (၃.၈) မီလျံအထိ လည်ပတ်နိုင်မယ်လို့ မျှော်မှန်းထားသလို နိုင်ငံခြားခရီးသွားတွေကိုလည်း ခရီးစဉ်(၃) သိန်း ကျော်အထိ လည်ပတ်နိုင်ဖို့ ရှိနေတယ်လို့ သိရပါတယ်။ 

ရေကစားပွဲတော်လို့ လူသိများတဲ့ ဆုန်ကရန်ပွဲတော်ဟာ ထိုင်းနိုင်ငံမှာ နှစ်စဉ်ကျင်းပနေတဲ့ ပွဲတော်တွေထဲက အရေးကြီးတဲ့ ပွဲတော်တစ်ခုဖြစ်ပြီး ကမ္ဘာအရပ်ရပ်က လူသိများတဲ့ ထိုင်း နှစ်သစ်ကူးဟာ မိသားစုဆီကို ပြန်ကာ လူကြီးသူမတွေကို အရိုအသေပေးကြရသလို ရိုးရာ အခမ်းအနားတွေပါဝင်တဲ့ ဘုရားကျောင်းကန်တွေကို လူအများသွားရောက်လည်ပတ်ကြ တာဖြစ်ပါတယ်။ 

ဒီနှစ်သင်္ကြန်အတွက် အကြီးဆုံးသော ပွဲတော်တွေအဖြစ် ရန်ကျူလာမာ ဆုန်ကရန် အခမ်းအနား နဲ့ International Amazing Splash 2023 ကို ဘန်ကောက်မြို့မှာ ဧပြီလ(၁၃) ရက်နေ့ကနေ (၁၅) ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ကာ ထိုင်းခရီးသွားအာဏာပိုင်က (၁၃) ရက်နေ့ကနေ (၁၆) ရက် နေ့အထိ နိုင်ငံတဝှမ်းမှာ ရေကစားပွဲတော်တွေ ကျင်းပသွားမှာဖြစ် တယ်လို့ သိရပါတယ်။ 

ထိုင်းနှစ်သစ်ကူး ရိုးရာအခမ်းအနားတွေကိုလည်း ဘန်ကောက်မြို့မှာရှိတဲ့ ဘုန်းကြီးကျောင်း၊ ထမဟာရက်ချ်၊အိုင်ကွန်ဆိုင်ယမ် ရှော့ပင်မောနဲ့ အေးရှာတစ်တို့မှာလည်း ကျင်းပသွားမှာ ဖြစ် ပါတယ်။ 

ဒါ့အပြင် ချင်းမိုင်၊ဥဒုံဌာနီ၊ ဖူးခက်စတဲ့ ခရိုင်ဒေသန္တရ တွေက အထင်ကရနေရာတွေမှာလည်း ဒေသအသီးသီးရဲ့ အဓိက ရေကစားပွဲတော်တွေ ကျင်းပသွားမှာပါ။ 

ပွဲတော်ကာလတစ်လျှောက်မှာ ပြည်တွင်းနဲ့ နိုင်ငံတကာ ခရီးသွားဧည့်သည်တွေကြား ယုံကြည် စိတ်ချစွာ အပြန်းဖြေနိုင်ဖို့ လုံခြုံရေးတိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်သလို ခရီးသွားဧည့်သည်ဆိုင် ရာ ရဲတပ်ဖွဲ့ဗျူရိုနဲ့ အနီးကပ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ထိုင်းနိုင်ငံခရီးသွားအာဏာပိုင် အေဂျင်စီက ပြောထားပါတယ်။ 

Ref: PR Thai

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.