ပေကျင်း – ဧပြီ(၆) 

အဆင့်မြင့် ချစ်ပ်ပြား ထုတ်လိုက်နိုင်မှုကိုတားဆီးဖို့ ရည်ရွယ်တဲ့ အမေရိကန်ဦးဆောင်တဲ့ နည်းပညာ တင်ပို့မှုကန့်သတ်ချက်တွေကို စီစစ်ဖို့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကို တရုတ်တိုက်တွန်း ခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်သံဌာကမှာ ဖော်ပြထားပါတယ်။ 

ဂျပန်၊နယ်သာလန်နဲ့ အမေရိကန်တို့က သူတို့ရဲ့ အစီအစဉ်တွေနဲ့ နောက်ဆက်တွဲ အစီအမံတွေကို ကြီးကြပ်ကွပ်ကဲတာတွေ အရှိန်မြှင့်ဖို့ တိုက်တွန်းထားတဲ့ အဖွဲ့အစည်းကို တင်ပြသင့်တယ်လို့ တရုတ်ကိုယ်စားလှယ်တွေက WTO အစည်းအဝေးမှာပြောခဲ့တယ်လို့ CCTV သတင်းဌာမှာ ဖော်ပြခဲ့တာပါ။ 

ဂျီနီဗာအခြေစိုက် ကုန်သွယ်ရေးအရာရှိတစ်ဦးရဲ့ အဆိုအရ တရုတ်နိုင်ငံဟာ ဒီကိစ္စကို ထုတ်ဖော် ပြောကြားခဲ့ပြီးနောက် ကုန်စည်ကုန်သွယ်မှုကောင်စီရဲ့ တင်းမာတဲ့နှစ်ရက်ကြာ အစည်းအဝေးမှာ WTO ရဲ့ စောင့်ကြည့်မှု အစီအမံတွေကိုမြှင့်တင်ဖို့ တောင်းဆိုထားပါတယ်။ 

အမေရိကန်ကတော့ သူတို့ရဲ့လုပ်ဆောင်ချက်တွေဟာ အမျိုးသာလုံခြုံရေးဆိုင်ရာ အကြောင်းပြ ချက်တွေနဲ့ ဆက်စပ်နေတယ်လို့ ပြောထားပြီး WTO အနေနဲ့ ပြန်လည်သုံးသပ်ဖို့မသင့်ဘူးလို့ ဆိုခဲ့ပါတယ်။ 

ဂျပန်နိုင်ငံက တရုတ်ကို ပစ်မှတ်အဖြစ်သတ်မှတ်ရည်ညွှန်းပြီး ပြောဆိုခဲ့တာမဟုတ်ပေမယ့် တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်တဲ့ စက်ကိရိယာ (၂၃) မျိုးရဲ့ တင်ပို့မှုကို ကန့်သတ်မှာဖြစ် တယ််လို့ ဝါရှင်တန်ရဲ့ တားမြစ်ချက်နဲ့အညီပြီးခဲ့တဲ့ သီတင်းပတ်က ထုတ်ပြန်ခဲ့ပါတယ်။ 

ASML Holding NV (ASML.AS) ဆီ အလားတူ တင်ပို့မှုတွေကို ကန့်သတ်ဖို့ စီစဉ်ထားတယ်လို့ ပြီးခဲ့တဲ့လက နယ်သာလန်က ပြောခဲ့ပါတယ်။

တရုတ်နိုင်ငံကို ချစ်ပ်ပြားတင်ပို့မှုထိန်းချုပ်ဖို့ နိုင်ငံသုံးနိုင်ငံရဲ့ လှုပ်ရှားမှုဟာ WTOရဲ့ တရားမျှတမှုနဲ့ ပွင့်လင်းမြင်သာမှု စည်းမျဉ်းတွေကို ချိုးဖောက်ရာရောက်တယ်လို့ CCTV ကဖော်ပြထားပါတယ်။ 

ပြီးခဲ့တဲ့နှစ်ကလည်း တရုတ်ဟာ အမေရိကန်ရဲ့ အရေးယူဆောင်ရွက်မှုတွေကို WTO တိုင်ကြား ချက်တစ်ခုနဲ့ တုံ့ပြန်ခဲ့ပြီး အမေရိကန်ရဲ့ လုပ်ဆောင်ချက်တွေဟာ အဖွဲ့ဝင်နိုင်ငံတွေကြား ကုန်သွယ်မှုဆိုင်ရာ စည်းမျဉ်းတွေနဲ့ မကိုက်ညီဘူးလို့ WTO ရဲ့ ဝဘ်ဆိုက်မှာ ဖော်ပြထားတဲ့ အငြင်းပွားမှုမှတ်တမ်းမှာ ဖော်ပြထားပါတယ်။ 

အဲဒီအချိန်က ဝါရှင်တန်အနေနဲ့  WTO အငြင်းပွားမှုဖြေရှင်းရေးမှ ပြန်လည်သုံးသပ်ဖို့ ဒါမှမဟုတ် ဖြေရှင်းနိုင်စွမ်းမရှိ ဆိုတဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်တဲ့ ဆောင်ရွက်မှု တွေကို တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.