နေပြည်တော် – ဧပြီ(၅)

နိုင်ငံတကာနဲ့ ပြည်သူတွေကိုအာရုံလွှဲဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီရဲ့ ဟန်ပြသင်္ကြန်မှာ တေးသီချင်း တင်ဆက်မှုတွေ ပြုလုပ်သွားမှာဖြစ်တဲ့အတွက် ဖျော်ဖြေမှုမှာ ပါဝင်တဲ့ တေးသီးချင်းတွေကို အခမဲ့ သုံးစွဲခွင့်ပြုဖို့ ဝါဒဖြန့် သတင်းစာကတဆင့် တောင်းခံထားပါတယ်။

မေတ္တာနဲ့ အခမဲ့အသုံးပြုခွင့်ပေးဖို့ စစ်ကောင်စီလက်အောက်ခံပြန်ကြားရေးဝန်ကြီးဌာနက သက်ဆိုင်တဲ့ မူပိုင်ခွင့် ရှိသူ ပညာရှင်တွေကို လေးစားစွာ မေတ္တာရပ်ခံပန်ကြားအပ်ပါတယ်လို့ ဆိုထားတာပါ။

ဒီနှစ်သင်္ကြန်ကို စစ်ကောင်စီက ရန်ကုန်၊မန္တလေးနဲ့ နေပြည်တော်လို မြို့ကြီးတွေမှာစည်ကားသိုက် မြိုက်စွာ ကျင်းပနိုင်ဖို့အတွက် လုပ်ဆောင်နေတာဖြစ်ပါတယ်။

စီးပွားရေးအကျိုးအမြတ်အတွက် မဟုတ်ဘဲ အများပြည်သူဖျော်ဖြေရေးအတွက် ရည်ရွယ် ဆောင် ရွက်တဲ့ သီဆိုဖျော်ဖြေမှု၊ထုတ်လွှင့်မှုတွေမှာပါဝင်တဲ့ တေးသီချင်းတွေကို မေတ္တာနဲ့ အခမဲ့ သုံးစွဲခွင့် ပြုဖို့ မူပိုင်ခွင့်ရှိသူတွေကို လေးစားစွာ မေတ္တာရပ်ခံပန်ကြားအပ်ပါတယ်လို့ ဆိုထားပါတယ်။

ပြီးခဲ့တဲ့ နှစ်ကလည်း စစ်ကောင်စီကျင်းပတဲ့ သင်္ကြန်မှာ နာမည်ကြီးအဆိုတော် တော်တော်များများ ပါဝင်တာမရှိတဲ့အတွက် တခြားသူတွေကိုဖျော်ဖြေရေးစင်တွေပေါ်တက်ဆိုခိုင်ခဲ့ပေမယ့် အရှက်ကွဲ ပြီး စာသားမှားတာတွေကြောင့် ပြည်သူတွေရဲ့ လှောင်ပြောင်တာတွေလည်း ခံထားရပါတယ်။

ဒါ့အပြင် မူပိုင်ခွင့်ရှိသူတွေကလည်း မူရင်းသီချင်းတွေ ပျက်စီးစေတယ်ဆိုပြီး ကန့်ကွက်တာတွေ လည်းရှိခဲ့ပါသေးတယ်။

တော်လှန်ရေးအင်အားစုတွေဘက်ကတော့ ပြည်သူတွေကို အကြမ်းဖက်မှုတွေလုပ်နေတဲ့ စစ်ကောင်စီ ရဲ့သင်္ကြန်မှာ ပြည်သူတွေမပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

သတင်း / ဓာတ်ပုံ – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.