ဘာလီ – ဧပြီ(၆) 

ဘာလီကျွန်းရဲ့ အထွဋ်အမြတ်ထားရာ ထောင်ထိပ်ပေါ်မှာ ဝတ်လစ်စလစ်နဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံကို လူမှုကွန်ရက်မှာ တင်ခဲ့ပြီးနောက် ရုရှားခရီးသွားဧည့်သည်ကို ပြည်နှင်ဒဏ်ပေးလိုက် ပြီဖြစ်တယ်လို့ ကျွန်းအာဏာပိုင်တွေက ပြောခဲ့ပါတယ်။ 

ဟိန္ဒူယဉ်ကျေးမှုထွန်းကားတဲ့ ကျွန်းပေါ်မှာ ခရီးသွားဧည့်သည်တွေရဲ့ လေးစားမှုကင်းမဲ့တဲ့ အပြုအမှုအမြောက်အများထွက်ပေါ်လာပြီးနောက် အာဏာပိုင်တွေဟာ အခုလိုလုပ်ဆောင်လာ တာပါ။ 

ဘာလီကျွန်းရဲ့ အမြင့်ဆုံးတောင်ဖြစ်တဲ့ အေဂန်တောင်ပေါ်မှာ အသက်(၂၄) နှစ်အရွယ် ရုရှား နိုင်ငံသားတစ်ဦးဟာ ဝတ်လစ်စလစ်ဓာတ်ပုံရိုက်ကူးခဲ့တာဖြစ်ပြီး အဲဒီတောင်ထိပ်ကို ဒေသခံ ဟိန္ဒူဘာသာဝင်တွေက ဘုရားအိမ်အဖြစ် ယုံကြည်သက်ဝင်ထားကြတာဖြစ်ပါတယ်။ 

ကျွန်းလူဝင်မှုကြီးကြပ်ရေးရုံးရဲ့ ထုတ်ပြန်ချက်အရ အဲဒီရုရှားနိုင်ငံသားကို နိုင်ငံတွင်းဝင်ရောက် ခွင့်အနည်းဆုံး(၆)လအထိ ပိတ်ပင်သွားမှာဖြစ်ကာ ဧပြီလ(၄) ရက်နေ့ထဲက နိုင်ငံတွင်းကထွက်ခွာ ခိုင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ မတ်လက အဲဒီပုံထွက်ပေါ်လာပြီးနောက်သူကို ဖမ်းဆီးထိန်းသိမ်းကာ စစ်ဆေးမေး မြန်းမှုတွေပြုလုပ်ကာ တောင်ပေါ်ရှိ ဓလေ့ထုံးတမ်းသန့်စင်ရေးမှာ ပါဝင်ဖို့ တိုက်တွန်းခံခဲ့ရသလို ဝန်ချတောင်းပန်တာတွေလည်း ပြုလုပ်ခဲ့ရတယ်လို့ သိရပါတယ်။ 

ဘာလီကျွန်းပေါ်မှာ ရုရှားခရီးသွားဧည့်သည်တွေဟာ ဆိုးရွားစွာ မထီမဲ့မြင်ပြုမှုတဲ့ လုပ်ရပ်တွေ လုပ်ဆောင်ခဲ့တယ်ဆိုပြီး တိုင်တန်ချက်တွေလည်း ရှိနေတာဖြစ်ပါတယ်။ 

ဒါ့အပြင် ဘာလီအုပ်ချုပ်ရေးအရာရှိ ဝါရန်ကိုစတာကလည်း ရုရှားနဲ့ ယူကရိန်းခရီးသွား ဧည့်သည်တွေကို ဆိုက်ရောက်ဗီဇာခံစားခွင့်ရုတ်သိမ်းဖို့ တောင်းဆိုထားတဲ့ စာတစ်စောင်ကို အင်ဒိုအစိုးရကို ပေးပို့ထားပါတယ်။ 

“ကျေးဇူးပြုပြီး ဘာလီမှာရှိတဲ့ သဘာဝတရား၏ အလှအပကို စည်းမျဥ်းဥပဒေများနှင့် အညီလိုက်နာ၍ ခံစားပါ။ အကယ်၍ သင်က ချိုးဖောက်မယ်ဆိုရင်တော့ ကျွန်ုပ်တိုလည်း အရေးယူဆောင်ရွက်ဖို့ တုံ့ဆိုင်းနေမှာ မဟုတ်ပါဘူး” လို့ ဘာလီကျွန်း လဝက အရာရှိက ပြောခဲ့ပါတယ်။

Ref: AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.