ဘန်ကောက် – ဧပြီ(၅)

ထိုင်းနိုင်ငံအတွင်း ဂီတ၊အနုပညာ၊နိုင်ငံရေး၊စီးပွားရေး စတဲ့ ကဏ္ဍပေါင်းစုံက လူမှုအပြောင်း အလဲဦးဆောင်နိုင်သူတွေကိုပေးအပ်တဲ့ People of tomorrow ဆုကို မဲတော်ဆေးခန်းပဲ့ကိုင်ရှင် ဒေါက်တာစင်သီယာမောင်က ဒီနေ့ ဧပြီလ(၅)ရက်နေ့မှာ လက်ခံရယူခဲ့ပါတယ်။

The People Award ဆုကို ထိုင်းနိုင်ငံနယ်ပယ်အစုံက လူမှုအပြောင်းအလဲအတွက် ဦးဆောင်နိုင် တဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း(၁၀၀) ကနေ ရွေးချယ်ပြီးနောက်ဆုံး (၁၀) ဦးကိုဆုပေးခဲ့တာပါ။

နောက်ဆုံး(၁၀) ဦးစာရင်းမှာ ပါဝင်လာတဲ့ ဒေါက်တာစင်သီယာမောင်ဟာ ထိုင်းနိုင်ငံအတွင်း မနက်ဖြန်အတွက် လူထုကစံနမူနာယူထိုက်သူ (The People Award) အဖြစ်သတ်မှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒေါက်တာစင်သီယာမောင်ဦးဆောင်နေတဲ့ မယ်တော်ဆေးခန်းဟာ ကျန်းမာရေးဝန်ဆောင်မှုပေး တာ၊ ကလေးသူငယ်ကာကွယ်ရေးနဲ့ ပညာရေး၊ကျန်းမာရေးသင်တန်းတွေဖြန့်ဝေပေးတာအပြင် ရွှေ့ပြောင်းဒုက္ခသည်တွေရဲ့ ကျန်းမာရေးစနစ်အားကောင်းခိုင်မာရေးအတွက် ကြိုးစားလုပ် ဆောင်ပြီး ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်မှာ နှစ်ပေါင်း(၃၀) ကြာ အထောက်အကူပြုနေတဲ့ အဖွဲ့အစည်းဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မယ်တော်ဆေးခန်းဟာ ကျန်းမာရေးသင်တန်းနဲ့ ကျန်းမာရေးစနစ်အားကောင်းခိုင်မာ ရေးအတွက် မြန်မာနိုင်ငံ အရှေ့နယ်စပ်တစ်လျှောက်မှာရှိတဲ့ တိုင်းရင်းသားကျန်းမာရေးအဖွဲ့ အစည်းတွေနဲ့အတူ ပူးပေါင်း လုပ်ဆောင်နေတာဖြစ်ပါတယ်။

သတင်း / ဓာတ်ပုံ – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.