ဆားလင်းကြီး – ဧပြီ(၅)

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးက စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးထားတဲ့ ကျေးရွာတစ်ရွာက ပြည်သူ တွေ (၆၀၀) အတွက် အညာပစ်တိုင်းထောင်လေးများအဖွဲ့က ခေါက်ဆွဲကြော်လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီမီးရှို့ဖျက်ဆီးထားတဲ့ အိမ်ထောင်စု (၁၂၈) စုအတွက် ဘူးရေ(၆၀၀) လှူဒါန်းပေးခဲ့တာ ဖြစ်ပြီး Mi Mi Lay Lin Family(Australia ) ရဲ့ ကူညီမှုနဲ့ လှူဒါန်းနိုင်ခဲ့တာဖြစ်တယ်လို့ အညာပစ်တိုင်း ထောင်လေးများအဖွဲ့က ပြောပါတယ်။

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းချိန်ကစပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂၈) ရက်နေ့အထိ စစ်ကောင်စီ လက်အောက်ခံအဖွဲ့တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူပိုင်နေအိမ် (၄၇၀၀၀) ကျော် ပျက်စီးဆုံးရှုံးထားတယ်လို့ Data for Myanmar ကထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ – အညာပစ်တိုင်းထောင်လေးများအဖွဲ့

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.