April 5, 2023

ပြင်းအား ၆.၆ မဂ္ဂနီကျူအဆင့်ရှိ ငလျင်တစ်ခု ဖိလစ်ပိုင်ကမ်းလွန်မှာ လှုပ်ခတ်ခဲ့

မနီလာ၊ ဧပြီ(၆) ဖိလစ်ပိုင်အရှေ့ဘက် ဗီဂါကမ်းလွန်မှာ ပြင်းအား ၆.၆ မဂ္ဂနီကျုအဆင့်ရှိတဲ့ ငလျင်တစ်ခု ဧပြီလ (၄)ရက်နေ့မှာ လှုပ်ခတ်ခဲ့ပြီး နိုင်ငံအဆင့် ငလျင်ဗေဒအေဂျင်စီကနေ ဆူနာမီသတိပေးချက်ထုတ်ပြန်ခဲ့ရပါတယ်။ အင်အားပြင်းငလျင်ဟာ ဗီဂါအရှေ့ ၁၂၀ ကီလိုမီတာ၊ အနက်ပေ ၄၅ ကီလိုမီတာမှာလှုပ်ခတ်ခဲ့တာ ဖြစ်ပြီး ငလျင်စတင်လှုပ်ခတ်ချိန်မှာ ပြင်းအား ၆.၃ မဂ္ဂနီကျုသာရှိတယ်လို့ ဥရောပမြေထဲပင်လယ်ငလျင်ဗဟိုဌာန က သီးခြား ထုတ်ပြန်ပေးခဲ့တာပါ။…

အမေရိကန်ဦးဆောင်တဲ့ ချစ်ပ်ပြား တင်ပို့မှုကို တင်းတင်းကြပ်ကြပ်စောင့်ကြည့်ဖို့ တရုတ် တိုက်တွန်း

ပေကျင်း – ဧပြီ(၆) အဆင့်မြင့် ချစ်ပ်ပြား ထုတ်လိုက်နိုင်မှုကိုတားဆီးဖို့ ရည်ရွယ်တဲ့ အမေရိကန်ဦးဆောင်တဲ့ နည်းပညာ တင်ပို့မှုကန့်သတ်ချက်တွေကို စီစစ်ဖို့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကို တရုတ်တိုက်တွန်း ခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်သံဌာကမှာ ဖော်ပြထားပါတယ်။ ဂျပန်၊နယ်သာလန်နဲ့ အမေရိကန်တို့က သူတို့ရဲ့ အစီအစဉ်တွေနဲ့ နောက်ဆက်တွဲ အစီအမံတွေကို ကြီးကြပ်ကွပ်ကဲတာတွေ အရှိန်မြှင့်ဖို့ တိုက်တွန်းထားတဲ့ အဖွဲ့အစည်းကို တင်ပြသင့်တယ်လို့ တရုတ်ကိုယ်စားလှယ်တွေက WTO အစည်းအဝေးမှာပြောခဲ့တယ်လို့…

ဘာလီကျွန်းမှာ ဝတ်လစ်စလစ်ဓာတ်ပုံရိုက်တဲ့ ရုရှားခရီးသည် ပြည်နှင်ဒဏ်ပေးခံရ

ဘာလီ – ဧပြီ(၆) ဘာလီကျွန်းရဲ့ အထွဋ်အမြတ်ထားရာ ထောင်ထိပ်ပေါ်မှာ ဝတ်လစ်စလစ်နဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံကို လူမှုကွန်ရက်မှာ တင်ခဲ့ပြီးနောက် ရုရှားခရီးသွားဧည့်သည်ကို ပြည်နှင်ဒဏ်ပေးလိုက် ပြီဖြစ်တယ်လို့ ကျွန်းအာဏာပိုင်တွေက ပြောခဲ့ပါတယ်။ ဟိန္ဒူယဉ်ကျေးမှုထွန်းကားတဲ့ ကျွန်းပေါ်မှာ ခရီးသွားဧည့်သည်တွေရဲ့ လေးစားမှုကင်းမဲ့တဲ့ အပြုအမှုအမြောက်အများထွက်ပေါ်လာပြီးနောက် အာဏာပိုင်တွေဟာ အခုလိုလုပ်ဆောင်လာ တာပါ။ ဘာလီကျွန်းရဲ့ အမြင့်ဆုံးတောင်ဖြစ်တဲ့ အေဂန်တောင်ပေါ်မှာ အသက်(၂၄) နှစ်အရွယ် ရုရှား…

သင်္ကြန်မှာ သီချင်းတွေ အခမဲ့ အသုံးပြုခွင့်ပေးဖို့ စစ်ကောင်စီတောင်းခံ

နေပြည်တော် – ဧပြီ(၅) နိုင်ငံတကာနဲ့ ပြည်သူတွေကိုအာရုံလွှဲဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီရဲ့ ဟန်ပြသင်္ကြန်မှာ တေးသီချင်း တင်ဆက်မှုတွေ ပြုလုပ်သွားမှာဖြစ်တဲ့အတွက် ဖျော်ဖြေမှုမှာ ပါဝင်တဲ့ တေးသီးချင်းတွေကို အခမဲ့ သုံးစွဲခွင့်ပြုဖို့ ဝါဒဖြန့် သတင်းစာကတဆင့် တောင်းခံထားပါတယ်။ မေတ္တာနဲ့ အခမဲ့အသုံးပြုခွင့်ပေးဖို့ စစ်ကောင်စီလက်အောက်ခံပြန်ကြားရေးဝန်ကြီးဌာနက သက်ဆိုင်တဲ့ မူပိုင်ခွင့် ရှိသူ ပညာရှင်တွေကို လေးစားစွာ မေတ္တာရပ်ခံပန်ကြားအပ်ပါတယ်လို့ ဆိုထားတာပါ။ ဒီနှစ်သင်္ကြန်ကို…

စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် NUG ကြေညာ

မော်လမြိုင် – ဧပြီ(၅) စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ဧပြီ ၄ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေဟာ အများပြည်သူကြား ထိတ်လန့် မှုတွေကို ဖြစ်ပေါ်စေတာ၊ ပြည်တွင်း တရားဝင် နိုင်ငံရေး အဖွဲ့အစည်းတွေကို ဥပဒေနဲ့မညီညွတ် တဲ့ လုပ်ရပ်တွေကို အတင်းအကြပ်ပြုလုပ်စေဖို့ လုပ်ဆောင်ခဲ့တဲ့အတွက်…

စစ်ဘေးရှောင်လူဦးရေ (၆၀၀) အတွက် အညာပစ်တိုင်းထောင်လေးများအဖွဲ့ ခေါက်ဆွဲကြော် လှူဒါန်း

ဆားလင်းကြီး – ဧပြီ(၅) စစ်ကိုင်းတိုင်း၊ဆားလင်းကြီးက စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးထားတဲ့ ကျေးရွာတစ်ရွာက ပြည်သူ တွေ (၆၀၀) အတွက် အညာပစ်တိုင်းထောင်လေးများအဖွဲ့က ခေါက်ဆွဲကြော်လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီမီးရှို့ဖျက်ဆီးထားတဲ့ အိမ်ထောင်စု (၁၂၈) စုအတွက် ဘူးရေ(၆၀၀) လှူဒါန်းပေးခဲ့တာ ဖြစ်ပြီး Mi Mi Lay Lin Family(Australia ) ရဲ့ ကူညီမှုနဲ့ လှူဒါန်းနိုင်ခဲ့တာဖြစ်တယ်လို့ အညာပစ်တိုင်း…

ထိုင်း “လူထုစံနမူနာယူထိုက်သူ” ဆု မဲတော်ဆေးခန်းပဲ့ကိုင်ရှင် ဒေါက်တာစင်သီယာမောင် ရရှိ

ဘန်ကောက် – ဧပြီ(၅) ထိုင်းနိုင်ငံအတွင်း ဂီတ၊အနုပညာ၊နိုင်ငံရေး၊စီးပွားရေး စတဲ့ ကဏ္ဍပေါင်းစုံက လူမှုအပြောင်း အလဲဦးဆောင်နိုင်သူတွေကိုပေးအပ်တဲ့ People of tomorrow ဆုကို မဲတော်ဆေးခန်းပဲ့ကိုင်ရှင် ဒေါက်တာစင်သီယာမောင်က ဒီနေ့ ဧပြီလ(၅)ရက်နေ့မှာ လက်ခံရယူခဲ့ပါတယ်။ The People Award ဆုကို ထိုင်းနိုင်ငံနယ်ပယ်အစုံက လူမှုအပြောင်းအလဲအတွက် ဦးဆောင်နိုင် တဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း(၁၀၀) ကနေ ရွေးချယ်ပြီးနောက်ဆုံး…

စစ်ကောင်စီတပ်ရဲ့ အင်အားအချိနဲ့ဆုံးအချိန်ရောက်နေပြီလို့ NUG ယာယီသမ္မတပြော

မော်လမြိုင် – ဧပြီ(၅) တခေတ်တခါမှာမှ မကြုံခဲ့ဖူးတဲ့ ပြည်သူတွေရဲ့ စုပေါင်းအားနဲ့ နည်းမျိုးစုံဆန့်ကျင်ခဲ့ကြတာကြောင့် ဒီအချိန်ဟာ စစ်ကောင်စီတပ်ရဲ့ အင်အားအချိနဲ့ဆုံးအချိန်ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ(၄) ရက်နေ့မနက်ပိုင်းမှာကျင်းပခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (၁၃) ကြိမ်မြောက်အစိုးရအဖွဲ့အစည်းအဝေးမှာ အခုလိုပြောခဲ့တာပါ။ “ဒီအချိန်ဟာ အကြမ်းဖက်စစ်တပ်ရဲ့ အင်အား အချိနဲ့ဆုံးအချိန်လို့ ပြောလို့ရတဲ့ အချိန်ပါ။ ဘာကြောင့် ဒီလိုပြောတာလဲဆိုရင်…