တိုက်ပွဲတွေကြောင့် ထိုင်း-မြန်မာ ကုန်သွယ်ရေး ရပ်ဆိုင်းလုနီးပါးဖြစ်လာ
မော်လမြိုင်၊ မတ်(၂၉) ကရင်ပြည်နယ် အာရှလမ်းမကြီးတလျှောက် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ် ရေး ရပ်ဆိုင်းလုနီးပါးဖြစ်လာပြီး တရားမဝင်ကုန်သွယ်မှု အနည်းငယ်သာ ကျန်ရှိတော့တယ်လို့ နယ်စပ်ကုန်သည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ (၂၅)ရက်နေ့ကစပြီး အာရှလမ်းမကြီး တစ်လျှောက် ကော့ကရိတ်၊ ကျုံဒိုးမြို့နဲ့ မြဝတီကုန်သွယ် ရေးဇုန်တို့မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သလို…