March 2023

ဒီးမော့ဆို အနောက်ဖက်ခြမ်းက စစ်ရှောင်ကျေးရွာကို လေယာဉ်နဲ့ ဗုံးကြဲလို့ ပြည်သူ တစ်ဦး သေဆုံး

ဒီးမော့ဆို – မတ်(၂၉) ကယားပြည်နယ်၊ ဒီးမော့ဆို အနောက်ဘက်ခြမ်းက စစ်ရှောင်ကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ(၁) ဦးသေဆုံးပြီး (၄) ဦးထိခိုက်ဒဏ်ရာရရှိသွားတယ် လို့ စစ်ဘေးရှောင်အရေးကူညီနေသူတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ(၂၈) ရက်နေ့ညနေပိုင်းက တိုက်ပွဲဖြစ်တာမရှိဘဲ ဒီးမော့ဆိုအနောက်ဘက်ခြမ်း ကို လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့တာပါ။ လက်ရှိအချိန်မှာတော့ ထိခိုက်သေဆုံးသူတွေရဲ့ အချက်အလက်နဲ့ ကျေးရွာအမည်ကို…

ခါးပတ်တစ်ကွင်း လမ်းတစင်းစီမံကိန်းဝင် ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ထုတ်ပေးခဲ့တဲ့ ချေးငွေတွေပြန်လည်ရရှိရေး ဘေဂျင်းအစိုးရရုန်းကန်နေရ

ဂျိုဟန်းနက်စ်ဘတ်၊ မတ်(၃၀) တရုတ်အစိုးရက ၂၀၀၈ ခုနှစ် မှ ၂၀၂၁ ခုနှစ်အတွင်း ခါးပတ်တစ်ကွင်း လမ်းတစ်စင်းလို့ အမည်ရတဲ့စီမံကိန်းမှာ ပါဝင်တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံ ၂၂ နိုင်ငံကို အမေရိကန် ဒေါ်လာ ၂၄၀ ဘီလီယမ်ထုတ်ချေးခဲ့တဲ့အတွက် ဒီချေးငွေတွေ ပြန်လည်ပေးဆပ်ဖို့ကို သက်ဆိုင်ရာနိုင်ငံတွေက ရုန်းကန်နေကြရပါတယ်။ ကမ္ဘာ့ဘဏ်၊ ဟားဗက်ကီနီဒီကျောင်းနဲ့ ကမ္ဘာ့စီးပွားရေးဆိုင်ရာ ကီရယ်အင်တီကျုတို့မှ သုတေသနပညာရှင် တွေရဲ့ အစီရင်ခံစာအရ…

တရုတ်ခေါင်းဆောင်ကို ယူကရိန်းလာလည်ဖို့ ဇယ်လန်းစကီး ဖိတ်ခေါ်

ကီးယက် – မတ်(၃၀) ယူကရိန်းသမ္မတ ဇယ်လန်းစကီးက တရုတ်ခေါင်းဆောင်ရှီရျင်းဖျင်ကို ယူကရိန်းနိုင်ငံကို လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ထားတယ်လို့ AP သတင်းဌာနက ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ရုရှားကယူကရိန်းကို စတင်ကျူးကျော်ခဲ့ချိန်ကစပြီး တရုတ်သမ္မတ ဟာ ယူကရိန်းခေါင်းဆောင်နဲ့ တစ်ခါမှ တွေ့ဆုံစကားပြောတာမရှိဘဲ တရုတ်က ယူကရိန်း အကျပ်အတည်းရဲ့ နိုင်ငံရေးဖြေရှင်းချက်အတွက် အချက်(၁၂) ချက်ပါ အစီအစဉ်ကို ထုတ်ပြန် ထားတာပါ။…

ကမ္ဘောဒီးယား ဘုရင်ကို ပုပ်ခတ်ပြောဆိုမှုတွေကြောင့် တရားစွဲခံထားရတဲ့ တက်ကြွလှုပ်ရှားသူ ပြန်လည်လွတ်မြောက်

ဖနွမ်းပင် – မတ်(၃၀) ကမ္ဘောဒီးယားဘုရင်ကို ပုပ်ခတ်ပြောဆိုတာတွေလုပ်ခဲ့လို့ တရားစွဲခံထားရတဲ့ တက်ကြွလှုပ်ရှား သူတစ်ဦးဟာ ဝန်ကြီးချုပ်ဟွန်ဆန်ကို တရားဝင်တောင်းပန်ခဲ့ပြီးနောက် ပြန်လည်လွတ်မြောက် လာတယ်လို့ သိရပါတယ်။ ယင်မ်ဆီနွန်နဲ့ ဟွန်ကိုဆယ် ဆိုတဲ့ အတိုက်အခံခေါင်းဆောင်(၂) ဦးဟာ ဘုရင်ကို စော်ကား ပုပ်ခတ် တဲ့အပြင် လူမှုကွန်ရက်ပေါ်မှာ ရေးသားလှုံ့ဆော်မှုတွေကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်က ဖမ်းဆီးခံခဲ့ရတာပါ။ ကမ္ဘောဒီးယားမှာ လာမယ့် ဆီးဂိမ်းပွဲအတွက်…

စလင်းမှာ စစ်ကောင်စီရွာလုံးကျွတ်မီးရှို့မှုကြောင့် ပြည်သူ (၃၀၀​) ဝန်းကျင် ထွက်ပြေးနေရ

စလင်း – မတ်(၂၉) မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကောင်စီက ကင်းပွန်းခြုံကျေးရွာကို ရွာလုံးကျွတ်မီးရှို့ ဖျက်ဆီးမှုတွေကြောင့် ပြည်သူ (၃၀၀) ဝန်းကျင်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံ တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ(၂၈) ရက်နေ့ မနက်အစောပိုင်းကစပြီး နေ့လည်ပိုင်းအထိ စစ်ကောင်စီနဲ့ ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က ပြည်သူတွေရဲ့ ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တာပါ။ လက်ရှိအချိန်မှာတော့ စစ်ကောင်စီမီးရှို့ဖျက်ဆီးခဲ့တဲ့…

သံလွင်မြစ်အရှေ့ခြမ်းက စစ်ကောင်စီ နယ်စပ်စခန်းကို KA သိမ်းပိုက်

ဘော်လခဲ – မတ်(၂၉) ကယားပြည်နယ်၊ သံလွင်မြစ်အရှေ့ခြမ်းမှာရှိတဲ့ စစ်ကောင်စီရဲ့ ထိုင်း-မြန်မာနယ်စပ် ခြေကုပ် စခန်းတစ်ခုဖြစ်တဲ့ BP-11 စခန်းကို သိမ်းယူနိုင်ခဲ့တယ်လို့ ကရင်နီတပ်မတော် KA အမှတ်-၅ တပ်ရင်းက မတ်လ(၂၈) ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ မတ်လ(၂၄) ရက်နေ့က KA အမှတ်(၅) တပ်ရင်းနဲ့ စုပေါင်းတပ်က စစ်ကောင်စီ တပ်စခန်းကို သိမ်းပိုက်ခဲ့တာဖြစ်ပြီး အဲဒီတိုက်ပွဲမှာ…

KNU နယ်မြေမှာ ၂ နှစ်အတွင်း အရပ်သား ၂၀၀ ကျော်သေဆုံးပြီး ၅၀၀ နီးပါး ဒဏ်ရာရ

ဖားအံ၊ မတ်(၂၉) ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေမှာ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်အတွင်း စစ်ကောင်စီတပ် ရဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေကြောင့် အရပ်သားပြည်သူ ၂၀၀ ကျော် သေဆုံးပြီး ၅၀၀ နီးပါး ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်တဲ့ အစီရင်ခံစာ အချက်အလက်တွေအရ သိရပါတယ်။ “မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်မှုများကြောင့် ရှင်သန်မှုပျောက်ဆုံးနေသော လူသားဘဝများ”ဆိုတဲ့ အစီရင်ခံစာကို မတ်…

စစ်အာဏာသိမ်း (၇၈၆) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၁၇၁ ဦးအထိရှိလာ

မော်လမြိုင်၊ မတ်(၂၉) AAPP ရဲ့ မတ်(၂၈)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၈၆)ရက်အတွင်း ပြည်သူ (၃၁၇၁)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၀၉၀၈ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၈၄၄) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…