ရန်ကုန် – မတ်(၂၈)

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်နဲ့ (၁၂) မိုင်အကွာနေရာကို ဗဟိုပြုပြီး ဒီနေ့ မတ်လ(၂၈) ရက်နေ့ နေ့လည်(၁) နာရီ(၂၂) မိနစ်၊(၂၄) စက္ကန့်အချိန်မှာ အင်အားအနည်းငယ်ရှိငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ စစ်ကောင်စီ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

မှော်ဘီမြို့ရဲ့ အနောက်မြောက်ဘက် (၁၂) မိုင်အကွာကို ဗဟိုပြုပြီး မြေအောက်အနက် (၁၅) ကီလိုမီတာမှာ အင်အားရစ်(ခ်)တာစကေး ၃.၇ အဆင့်ငလျင်လှုပ်ခတ်ခဲ့တာဖြစ်ပြီး ရန်ကုန်တိုင်း အတွင်းက မြို့နယ် အများအပြားမှာ ငလျင်လှုပ်ခတ်မှုဒဏ်ကို ခံစားခဲ့ရတာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းကလည်း စစ်ကောင်စီရုံးစိုက်ထားတဲ့ နေပြည်တော်မှာ ငလျင်လှုပ်ခတ်မှုဖြစ်ထားပါသေးတယ်။

မြေငလျင်လှုပ်ခတ်တာနဲ့ပတ်သက်ပြီး စစ်ကောင်စီက ဗေဒင်ယတြာတွေ ပြုလုပ်လာနိုင်တယ်လို့ ပြည်သူတွေကြား ပြောဆိုတာတွေရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – မိုးဇလ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.