March 26, 2023

စစ်ကောင်စီထံ မှတ်ပုံတင်တဲ့ နိုင်ငံရေးပါတီ ၅၀ ကျော်ရှိလာ

နေပြည်တော်၊ မတ်(၂၆) စစ်ကောင်စီကျင်းပဖို့ ကြိုးပမ်းနေတဲ့ လာမယ့်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ထံ မှတ်ပုံတင်ခွင့်လျှောက်ထားတဲ့ နိုင်ငံရေးပါတီ ၅၀ ကျော်ရှိလာပြီလို့ ဝါဒဖြန့်သတင်းစာမှာ ထုတ်ပြန်ပါတယ် ။ပါတီမှတ်ပုံတင် ဥပဒေပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုတဲ့ ရှမ်းပြည်ကိုးကန့်ဒီမို ကရက်တစ်ပါတီ၊ နာဂအမျိုးသားပါတီ၊ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည် ထောင်စုမြန်မာနိုင်ငံ)ပါတီ၊ ”ဝ”အမျိုးသားပါတီနဲ့…

ပုလောမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေ

ပုလော၊ မတ်(၂၆) စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာမှာ မတ်လ (၂၅)ရက်ကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီတိုက်ပွဲဟာ မတ် ၂၄ ရက်နေ့ ညနေ ၃ နာရီအချိန်လောက်မှာ ပုလောကုန်းကျေးရွာကို ကား ၃ စီးနဲ့ အင်အားလာဖြည့်တဲ့ စစ်ကောင်စီတပ်အင်အား…

နိုင်ငံခြားငွေလိုအပ်ချက်ကြောင့် မြန်မာပို့ကုန်ကဏ္ဍတစ်ခုလုံးကို ထိန်းချုပ်ဖို့ စစ်ကောင်စီကြိုးပမ်

နေပြည်တော်၊ မတ်(၂၆) ပို့ကုန်လိုင်စင် လျှောက်ထားစရာမလိုတဲ့ ကုန်စည်လိုင်းတွေကိုလည်း လိုင်စင်လျှောက်ဖို့ စစ်ကောင်စီရဲ့ ညွှန်ကြားမှုဟာ ကုန်သွယ်ရေးကဏ္ဍတစ်ခုလုံးကို ထိန်းချုပ်လိုက်တာဖြစ်ပြီး ကုန်သွယ်မှုပိုမို ကျဆင်းလာနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေနဲ့ ပို့ကုန်လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီလက်အောက်ခံ ကုန်သွယ်ရေးဦးစီးဌာနက ပို့ကုန်လိုင်စင် လျှောက်ထားဖို့ မလိုတဲ့ ကုန် စည်လိုင်းတွေလည်း Myanmar Tradenet 2.0 စနစ်မှာ လာမယ့် ဧပြီ ၁…

လျှပ်စစ်မီးခိုးသုံးသူတွေကို အရေးယူမယ်လို့ စစ်ကောင်စီကော်ပိုရေးရှင်း YESC ပြော

ရန်ကုန်၊ မတ်(၂၆) တရားမဝင် လျှပ်စစ်မီးခိုးသုံးသူတွေကို လျှပ်စစ်ဥပဒေနဲ့ အမှုဖွင့်တရားစွဲဆို အရေးယူသွားမယ်လို့ စစ်ကောင်စီ လက်အောက်ခံ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC)က မတ် ၂၄ ရက်နေ့မှာ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း YESC က ပြည်သူအချို့ တရားမဝင်လျှပ်စစ်ဓာတ်အား ခိုးသုံးနေတဲ့အတွက် နိုင်ငံတော်လျှပ်စစ်ကဏ္ဍ ဝင်ငွေလျော့နည်းကျဆင်းလာတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။ YESC ရဲ့…

သံဖြူဇရပ်မှာ ရိုဟင်ဂျာ ၁၄၅ ဦး ဖမ်းဆီးခံရ

သံဖြူဇရပ်၊ မတ်(၂၆) မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ထင်းရူးကျေးရွာအုပ်စု ဝင်းစိန်ကျေးရွာအနီး ရော်ဘာခြံမှာ မတ် ၂၄ ရက်နေ့က ရိုဟင်ဂျာ ၁၄၅ ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရခိုင်ပြည်နယ်ကနေလာတဲ့ ရိုဟင်ဂျာလူမျိုးတွေ သံဖြူဇရပ်မြို့နယ်အတွင်းရောက်ရှိ ပုန်းခိုနေတယ်ဆိုတဲ့ သတင်းအရ စစ်ကောင်စီတပ်၊ ရဲတပ်ဖွဲ့အပါအဝင် အုပ်ချုပ်ရေးအဖွဲ့တွေက သွားရောက်ရှာဖွေစဉ် ဖမ်းဆီးခံလိုက်ရတာပါ။ ဖမ်းဆီးခံလိုက်ရတဲ့ ရိုဟင်ဂျာတွေထဲမှာ အမျိုးသား…

လောင်းလုံးမှာ စစ်တပ်မီးရှို့သွားတဲ့ ကျေးရွာတွေက ဒေသခံအများစု နေရပ်မပြန်ရဲသေး

လောင်းလုံး၊ မတ်(၂၆) တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ညောပြင်ကျေးရွာနဲ့အောက်ကျောက်ဝပ်ကျေးရွာတို့ကို စစ် ကောင်စီတပ် မီးရှို့ဖျက်ဆီးမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေဟာ လက်ရှိအချိန်အထိ နေရပ်မပြန်ရဲသေးဘူးလို့ စစ်ရှောင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ မတ် ၂၁ ရက်နေ့က တပ်အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ အဲဒီကျေး ရွာ ၂ ရွာကို ဝင်ရောက်လာပြီးနောက် ဒေသခံနေအိမ် ၁၅၀…