မနီလာ – မတ်(၂၆) 

ဖိလစ်ပိုင်နိုင်ငံအတွင်း ခြောက်သွေ့ရာသီနီးကပ်လာတဲ့အတွက် တချို့သော မိသားစုအိမ်ခြေ (၁၁) မီလျံကျော်ဟာ သန့်ရှင်းတဲ့ ရေလက်လှမ်းမီနိုင်မှုပြတ်လပ်နိုင်ပြီး ရေကပ်ဘေးကြုံတွေ့ လာရနိုင်တယ်လို့ သမ္မတ ဖာဒီနန်မားကိုစ့်ဂျူနီယာက မတ်လ(၂၃) ရက်နေ့မှာ ပြောခဲ့ပါတယ်။

မြို့တော်မနီလာမှာ ကျင်းပတဲ့ (၆) ကြိမ်မြောက် Water Philippines ညီလာခံနဲ့ ပြပွဲအတွင်း သမ္မတက နိုင်ငံအနေနဲ့ ဒီပြဿနာကိုဖြေရှင်နိုင်ဖို့ ခေတ်မီတဲ့ ရေစီမံခန့်ခွဲမှု နည်းပညာတွေ တပ်ဆင်ရမယ်လို့ ဆိုခဲ့တာပါ။ 

ဖိလစ်ပိုင်နိုင်ငံဟာ မြေအောက်ရေလွှာကို မှီခိုနေရပြီး အပေါ်ယံရေလွှာ ပိုမိုကောင်းမွန်တဲ့ စီမံခန့်ခွဲမှု ပြန်လုပ်ဖို့ ရေစစ်စနစ်တွေကို တိုးမြှင့်လုပ်ဆောင်ဖို့လိုအပ်သလို လူတိုင်း သောက်သုံးနိုင်မယ့် ရေတွေကို ပေးအပ်နိုင်မှာဖြစ်တယ်လို့ သမ္မတက ပြောပါတယ်။ 

အမျိုးသားရေအရင်းအမြစ်ဘုတ်အဖွဲ့ အမှုဆောင်ဒါရိုက်တာ ဒေါက်တာ ဆီဗီလို ကဖီလစ်ပိုင် နိုင်ငံသား (၁၁) မီလျံဟာ မသန့်ရှင်းတဲ့ ရေးတွင်းတွေ၊ မြစ်တွေ၊ရေကန်တွေနဲ့ မိုးရေတွေကို အရင်းပြုပြီး ရေယူနေရတယ်လို့ ပြောပြီး (၃) ရက်အကြာမှာ မစ္စတာ မားကိုစ့်ရဲ့ မှတ်ချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။ 

ဒီ ကိန်းဂဏန်းဟာ အစိုးရအဖွဲ့ရဲ့ နောက်ဆုံးရအချက်အလက်တွေအရ ၂၀၂၀ ခုနှစ်အတွင်း ရှိခဲ့တဲ့ ဖိလစ်ပိုင်လူဦးရေ ၂၆.၃၉ မီလျံရဲ့ ထက်ဝက်နီးပါးဖြစ်တယ်လို့ သိရပါတယ်။ 

လက်ရှိအချိန်မှာတော့ မနီလာတောင်ဘက် မြို့နယ်တချို့နဲ့ ကာဗိုက်ခရိုင်ဒေသန္တရတို့မှာ ရေပေးဝေမှုတွေ ဖြတ်တောက်ထားတယ်လို့ သိရပါတယ်။ 

ဖိလစ်ပိုင်နိုင်ငံဟာ လူဦးရေအလျင်အမြန်တိုးပွားလာမှုနဲ့ အားနည်းတဲ့ အုပ်ချုပ်ရေး စနစ်တွေ အပါအဝင် တချို့သော အချက်တွေကြောင့် ပြည်သူတွေကို သန့်ရှင်းတဲ့ရေ ပေးဝေနိုင်ဖို့ ရုန်းကန် နေရတာဖြစ်ပါတယ်။ 

အမျိုးသားစီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုအာဏာပိုင် (Neda) ရဲ့ ၂၀၂၁ခုနှစ် အစီရင်ခံစာမှာ နိုင်ငံရဲ့ ကျွန်းစုတွေဟာ အရွယ်အစားနဲ့ အသွင်အပြင်ရှိတဲ့အပြင် မိုးရွာသွန်းမှု ကွဲပြားတဲ့ အတွက် ရေပေးဝေမှုကို ကောင်းစွာဖြန့်ဝေမပေးနိုင်တာဖြစ်တယ်လို့ ဆိုထားပါတယ်။ 

ဖိလစ်ပိုင်နိုင်ငံအတွင်း ရရှိနိုင်တဲ့ ရေအထောက်အပံ့ဟာ အလျင်အမြန်တိုးပွားလာတဲ့ လူဦးရေနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖြေရှင်းမပေးနိုင်ဘူးလို့လည်း ပြောထားပါတယ်။ 

မင်စွန့်တာ၊ လူအညစ်အကြေးနဲ့ ရေဆိုးတွေ စီမံခန့်ခွဲမှုနဲ့ စွန့်ပစ်မှုတွေမှာ သင့်တော်တာမရှိတဲ့တဲ့ အတွက် တချို့သော ဧရိယာမှာရှိတဲ့ အပေါ်ယံရေလွှာနဲ့ မြေအောက်ရေလွှာဟာ ညစ်ညမ်းနေရပြီး ဒီအလေ့အထတွေကြောင့် လူထုအနေနဲ့ ရေကဖြစ်တဲ့ ရောဂါတွေကို ကြုံတွေ့နေရတာဖြစ်တယ် လို့ Neda ကပြောပါတယ်။ 

တရားမဝင်စည်းမျဉ်းချိုးဖောက်တဲ့ ဆောင်ရွက်မှုတွေနဲ့ ရေပေးဝေမှုနေရာကို ညစ်ညမ်းမှုတွေ ယိုစိမ့်စေတဲ့ ပိုက်လိုင်းတွေ တားဆီးထိန်းချုပ်ရေးတွေလို လုံလောက်ပြည့်မီမှုမရှိတဲ့ ရေစီမံခန့်ခွဲ မှုအလေ့အထတွေကြောင့် ဖိလစ်ပိုင်အစိုးရဟာ ဝေဖန်ခံနေရတာဖြစ်တဲ့အပြင် ဒီပြဿနာတွေ ကြောင့် ပိုမိုဆိုးရွားတဲ့ ရာသီဥတုအခြေအနေတွေပိုမိုဆိုးရွားလာတာဖြစ်တယ်လို့ ဆိုနေကြပါ တယ်။ 

ကန္တရနိုင်ငံဖြစ်ပေမယ့် အကောင်းဆုံး ရေစီမံခန့်ခွဲမှုရှိတဲ့ အစ္စရေးနိုင်ငံကို ဥပမာပေးပြီး ဖိလစ်ပိုင် နိုင်ငံအနေနဲ့ တခြားနိုင်ငံတွေရဲ့ အကောင်းဆုံးအလေ့အထတွေကို အတုယူဖို့ လိုအပ်တယ်လို့ သမ္မတ မားကိုစ့်ဂျူနီယာက ပြောခဲ့ပါတယ်။

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.