ဘန်ကောက် – မတ်(၂၄) 

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ အနောက်တောင်ဘက် (၁၀၀) ကီလိုမီတာအကွာ ပစ်ချ်ဘူရီမှာ လူသေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရရှိအောင် ပစ်ခတ်တာတွေလုပ်ဆောင်နေတဲ့ သေနတ် သမားကို ထိုင်းရဲတပ်ဖွဲ့က အသေပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ 

ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ မတ်လ(၂၂) ရက်နေ့က သေနတ်သမားရဲ့ ပစ်ခတ်မှုကြောင့် လူ(၃) ဦးသေဆုံး ပြီး (၃) ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့အတွက် ရဲတပ်ဖွဲ့က (၁၅) နာရီအကြာစောင့်ကြည့်မှုတွေ လုပ်ပြီးနောက် ပစ်သတ်ခဲ့တာပါ။ 

ထိုင်းရဲတပ်ဖွဲ့က သေနတ်သမားရဲ့ နေအိမ်အဆောက်အဦးကို ဝင်ရောက်စီးနင်းပြီးနောက် ပစ်ခတ် ခဲ့တာဖြစ်ပြီး သေဆုံးခဲ့တဲ့ သေနတ်သမားဟာ အသက်(၂၉) နှစ်အရွယ် အနူဝတ်ဝင်ထွန် ဆိုသူ ဖြစ်ကာ သူဟာ အမျိုးသားပန်းခြံအရာရှိဟောင်းတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ 

သေဆုံးသူတွေထဲက တစ်ဦးဟာ အဲဒီနေရာကို ဝင်ရောက်လာတဲ့ ပါဆယ်ပို့ဆောင်သူတစ်ဦးဖြစ် သလို သေနတ်သမားအနီးက ကျောင်းသူတစ်ဦးကိုလည်း ထိခိုက်မိထားတဲ့အတွက် ပြင်းထန် ဒဏ်ရာရရှိထားတယ်လို့ ဆိုပါတယ်။ 

“ကျွန်တော်တို့ တစ်ဆင့်ချင်းတိုးသွားတယ်။ ညှိနှိုင်းတာတွေလုပ်တယ်။ ဒါပေမယ့် သူက ပြန်တိုက်ခိုက်ခဲ့ပြီး တခြားသူတွေကို ပစ်ခတ်ခဲ့ပါတယ်။ နောက်အိမ်ရဲ့ ဒုတိယအထက်က သူ့ အခန်းထဲကို ပြေးဝင်သွားခဲ့တယ်။ တကယ်လို့ ကျွန်တော်တို့မှာ ဒိုင်းကာသာ မရှိရင်တော့ ကျွန်တော်တို့ လူတွေလည်း အပစ်ခံရနိုင်တယ်” လို့ ရဲမှူးချုပ် ထနာဝတ်က ပြောခဲ့ပါတယ်။ 

အခင်းဖြစ်စဉ်နေရာမှာ ရဲတပ်ဖွဲ့က Glock ပစ္စတိုတစ်လက်နဲ့ မဂ္ဂဇင်းစာအုပ်နှစ်အုပ်ကိုသိမ်း ဆည်း ရမိထားပြီး သေနတ်သမားမှာ လက်နက်တွေ ထပ်ရှိနိုင်သေးတယ်လို့ သုံးသပ်ထားကြပါ တယ်။ 

ဘန်ကောက်ပိုစ့်သတင်းဌာနကတော့ သေနတ်သမားဟာ ကိုယ်ထိလက်ရောက်ကျူးလွန်မှု တစ်ခု ကြောင့် တရားရုံးမှာ အမှုရင်ဆိုင်နေရကာ ဖိအားကြုံတွေ့နေရတဲ့အတွက် အခုလိုလုပ်ဆောင်တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ 

ထိုင်းနိုင်ငံမှာ လက်နက်ပိုင်ဆိုင်မှုန်ုန်းတွေ မြင့်တက်လာပြီးနောပ် ပြီးခဲ့တဲ့ (၁၂) လအတွင်း အကြမ်းဖက်မှုဖြစ်စဉ်တွေ ဆက်တိုက် ဖြစ်လာနေပြီး အဲဒီဖြစ်စဉ်တွေကြောင့် ကလေးငယ် (၂၄) ဦး အပါအဝင် လူ(၃၆) ဦးအစုလိုက်အပြုံလိုက် သေဆုံးမှုတွေ ရှိခဲ့တဲ့ ထိုင်းအရှေ့မြောက်ပိုင်း နှောင်ဘိုလမ်းဖူးခရိုင် ဒေသန္တရ ဖြစ်စဉ်ဟာ သေဆုံးမှုအများဆုံး ထဲက တစ်ခုဖြစ်ပါတယ်။

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.