ပေကျင်း – မတ်(၁၆)
နျူကလီးယားစမ်းအင်သုံး ရေငုပ်သင်္ဘောအပေးအယူကိစ္စထွက်ပေါ်လာပြီးနောက် ယူကေနဲ့ အမေရိကန်ပြည်ထောင်စုတို့ဟာ မှားယွင်းမှုနဲ့ အန္တရာယ်လမ်း တစ်ခုနောက်ကို လိုက်ပါနေတယ် လို့ ဩစတြေးလျကို တရုတ်နိုင်ငံက သတိပေးခဲ့ပါတယ်။
အင်အားကြီးလာတဲ့ တရုတ်နဲ့ ရင်ဆိုင်မယ့် အာရှပစိဖိတ်တစ်လျှောက်ကို အနောက်ကမ္ဘာအင် အားကို မြှင့်တင်ဖို့ ရည်ရွယ်ချက်နဲ့ အမေရိကန်-ဗြိတိန်နည်းပညာအတိုင်း ပုံစံအသစ် တည် ဆောက်ထားတဲ့ နျူစွမ်းအင်သုံး ရေငုပ်သင်္ဘော(၅) စင်းဝယ်ယူဖို့ ဩစတြေးလျက ကြေငြာ ထားတာပါ။
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က အသစ်ဖွဲ့စည်းလိုက်တဲ့ ဝါရှင်တန်၊လန်ဒန်တို့နဲ့အတူ လွန်ခဲ့တဲ့ (၁၈) လအတွင်း AUKUS ကိုဝင်ရောက်လာပေမယ့် ဩစတြေးလျအနေနဲ့ နျူလက်နက်တွေ မရ နိုင်ဘူးလို့ ပြောခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ စစ်ရေးချဲ့ထွင်မှုကို ပြန်လည်တွန်းကန်နိုင်ဖို့ အမေရိကန် ပြည်ထောင်စုအနေနဲ့ ရှေ့ဆုံးက ဦးဆောင်နေပြီး နျူဓာတ်ကူး ပစ္စည်းနဲ့ စွမ်းအားရယူတဲ့ ရေငုပ်သင်္ဘောတွေ ဝယ်ယူ လိုက်တဲ့ ဩစတြေးလျဟာ AUKUS အဖွဲ့ထဲပါဝင်လာတာဖြစ်ပါတယ်။
“အမေရိကန်၊ ယူကေနှင့် သြစတြေးလျ နောက်ဆုံးပူးပေါင်းထုတ်ပြန်ချက်သည် ထိုနိုင်ငံအကြား ဘူမိနိုင်ငံရေးအကျိုးစီးပွားကို ဖော်ပြနေခြင်းဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်း၏ စိုးရိမ်မှုကို လျစ်လျူရှုထားသလို ပိုပြီးတိုးလေလေ မှားယွင်းမှုနှင့် အန္တရာယ်လမ်းတစ်ခုနောက်သို့ လိုက်နေသည်” လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝန်ဝီဘင် ကပြောခဲ့ပါ တယ်။
မစ္စတာဝန်ဘင်က အနောက်(၃) နိုင်ငံမဟာမိတ်ဟာ လက်နက်ပြိုင်ပွဲပြလုပ်နေတယ်လို့ စွပ်စွဲခဲ့ပြီး AUKUS လုံခြုံရေး အပေးအယူဟာ စစ်အေးတိုက်ပွဲဖြစ်တဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ သိသာထင်ရှား တဲ့ ဖြစ်စဉ်လို့ သူက ပြောပါသေးတယ်။
နျူကလီးယားရေငုပ်သင်္ဘော အရေးအဝယ်ဟာ ပြင်းထန်တဲ့ နျူပြန့်ပွားမှုအန္တရာယ်ကို ဖြစ်ပေါ် စေပြီး နျူကလီးယားမပြန့်ပွားရေး သဘောတူစာချုပ်ရဲ့ ရည်ရွယ်ချက်တွေနဲ့ ဦးတည်ချက်တွေ ကို ချိုးဖောက်နေတာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝန်ဝီဘင် က သတင်းကွန်ဖရန့်မှာ ပြောခဲ့ပါတယ်။
Ref:CNA