ပေကျင်း၊ မတ်(၁၅)

တရုတ်နိုင်ငံဟာ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားပြီးနောက် (၃) နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဗီဇာအမျိုးအ စားအားလုံးကို မတ်လ ၁၅ ရက်ကစတင်ပြီး ပြန်လည်ဖွင့်ပေးမယ်လို့ ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့လက အာဏာပိုင်တွေဟာ ဗိုင်းရပ်စ်ကူးစက်မှုတွေ မြင့်တက်လာမှုအပေါ် အောင်ပွဲခံနိုင်ခဲ့ကြောင်း ကြေ ညာပြီးတဲ့နောက် ကိုဗစ်-၁၉ ကို ကာကွယ်ဖို့ နောက်ဆုံးချမှတ်ထားတဲ့ နယ်စပ်ဖြတ်ကျော်ထိန်းချုပ်မှု အစီအမံ တွေ အားလုံးကို ဖျက်သိမ်းလိုက်တာပါ။

ခရီးသွားလုပ်ငန်းကဏ္ဍကို မြှင့်တင်ခြင်းဟာ ကျဆင်းခဲ့တဲ့ စီးပွားရေးကို ပြန်လည်အသက်သွင်းဖို့ အထောက်အ ကူဖြစ်လာမယ်လို့လည်း ပြောကြားထားပါသေးတယ်။

ကပ်ရောဂါမတိုင်မီက ဗီဇာမလိုတဲ့ တရုတ်နိုင်ငံဧရိယာတွေကို အရင်အခြေအနေအတိုင်း ပြန်လည်ဖွင့်ပေးမှာ ဖြစ်ပြီး ဟိုင်နန်တောင်ပိုင်း ခရီးသွားကျွန်းနဲ့ ရှန်ဟိုင်းဆိပ်ကမ်းကို ဖြတ်သွားမယ့် အပျော်စီးသင်္ဘောခရီးစဉ် တွေလည်း ပါဝင်ပါတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ရှန်ဟိုင်းမြို့ကို အပျော်စီးသင်္ဘောဖြင့် ရောက်ရှိလာသူတွေအတွက် ဗီဇာကင်းလွတ်၊ ခရီးသွားလာမှုအား ပြန်လည်စတင်ခွင့်ပြုမှာဖြစ်ပြီး ဟောင်ကောင်၊ မကာအိုနဲ့ အာဆီယံဒေသတွင်း အုပ်စုတွင်းရှိ နိုင်ငံအချို့မှ ခရီးသွားအုပ်စုတွေအတွက်လည်း ခွင့်ပြုပေးမှာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက အသိပေးထားတာပါ။

အဲဒီ လုပ်ဆောင်ချက်တွေဟာ တရုတ်နဲ့ နိုင်ငံခြားအမှုထမ်းတွေဖလှယ်ရာမှာလည်း ပိုမိုလွယ်ကူ ချော မွေ့စေမှာဖြစ်တယ်လို့  တာဝန်ရှိသူကထပ်လောင်းပြောပါတယ်။

ခရီးသွားလုပ်ငန်းနဲ့ ဆေးဘက်ဆိုင်ရာ ရည်ရွယ်ချက်တွေအပါအဝင် တရုတ်နိုင်ငံက လာရောက်ကြတဲ့ နိုင်ငံခြားသားတွေအတွက် ဗီဇာအမျိုးအစားအားလုံးကို ပြန်လည်သုံးသပ်ခြင်းနဲ့ ထုတ်ပေးခြင်းတို့ကို ပြန်လည်စတင်မှာ ဖြစ်ကြောင်း စင်ကာပူရှိ တရုတ်သံရုံးက တနင်္လာနေ့နှောင်းပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

“ဗီဇာအမျိုးအစားအားလုံးအတွက် လျှောက်လွှာတွေကို ပြန်လည်စတင်ခြင်းက ဗြိတိန်နဲ့တရုတ်နိုင်ငံအကြား ပုံမှန်ခရီးသွားလာမှု ပြန်လည်စတင်ရာမှာ နောက်ထပ်သိသာထင်ရှားတဲ့အတားအဆီးကို ဖယ်ရှားပေးတာဖြစ် တယ်” လို့ တရုတ်-ဗြိတိန်စီးပွားရေးကောင်စီမှ မန်နေးဂျင်းဒါရိုက်တာ တွမ် ဆင်မ်ဆွန်က ရိုက်တာသို့ ပြောပါတယ်။

နိုင်ငံရပ်ခြား ခရီးသွားလာမှု ပိတ်ပင်ရေး အကြံပေးချက်ကို ဇန်နဝါရီတွင် ရုပ်သိမ်းခဲ့တဲ့ တရုတ်နိုင်ငံဟာ အခြားနိုင်ငံ ၄၀ ကိုလည်း ခရီးသွားအဖွဲ့တွေ လည်ပတ်ခွင့်ပြုတဲ့ စာရင်းထဲမှာထည့်သွင်းခဲ့ပြီး စုစုပေါင်း နိုင်ငံပေါင်း ၆၀ အထိ တိုးလာခဲ့တာဖြစ်ပါတယ်။

ဘေဂျင်းဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလမှာသူ့ရဲ့ တင်းကြပ်တဲ့ကိုဗစ်မူဝါဒတွေကို စွန့်လွှတ်ခဲ့ပြီး ဇန်နဝါရီလထဲမှာ ဝင်လာတဲ့ ခရီးသွားတွေအတွက် သီးသန့်ခွဲထားတဲ့ လိုအပ်ချက်တွေကိုလည်း ပယ်ဖျက်ခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ ကိုဗစ်-၁၉ ကို တုံ့ပြန်ရာမှာ ချောမွေ့တဲ့ အသွင်ကူးပြောင်းမှုတစ်ခု အောင်မြင်ဖို့ နှစ်လ ထက်မနည်း အချိန်ယူခဲ့ရတယ်လို့ တနင်္လာနေ့မှာ ဝန်ကြီးချုပ်သစ်က ပြောကြားခဲ့ပြီး နိုင်ငံရဲ့ မဟာဗျူဟာနဲ့ အစီအမံတွေဟာ လုံးဝမှန်ကန်ကြောင်း အခိုင်အမာပြောဆိုခဲ့ပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.