March 13, 2023

အိန္ဒိယမှာ လိင်တူလပ်ထပ်ခြင်းကို အသိအမှတ်ပြုမပေးနိုင်လို့ တရားရုံးတော်ကထုတ်ပြန်

နယူးဒေလီ၊ မတ်(၁၄) အမျိုးသမီးအချင်းချင်း ချစ်ခင်နှစ်သက်သူ၊ အမျိုးသားအချင်းချင်း ချစ်ခင်နှစ်သက်သူတွေနဲ့ လိင်းပြောင်းထား သူအစရှိတဲ့ (LGBT) စုံတွဲတွေအပေါ် ချမှတ်ထားတဲ့ ဥပဒေမူဘောင်ရဲ့ စိန်ခေါ်မှုတွေကို ဖယ်ရှားပစ်ဖို့ အိန္ဒိယ တရားရုံးတော်ကို တောင်းဆိုခဲ့ကြပေမယ့် အန္ဒိယအစိုးရက လိင်တူလက်ထပ်မှုကို အသိအမှတ်မပြုကြောင်း တရားဝင်ထုတ်ပြန်လိုက်ပါတယ်။ (LGBT) စုံတွဲတွေအနေနဲ့ ဒီလို တောင်းဆိုမှုတွေပြုလုပ်ခဲ့ပေမယ့်လည်း မတ်လ (၁၂) ရက် နိုင်ငံရဲ့ အမြင့်ဆုံး…

နိုင်ငံတော်လုံခြုံရေးခိုင်မာအောင်ပြုလုပ်ဖို့သမ္မတရှီ အလေးပေးပြော

ပေကျင်း – မတ်(၁၄) တရုတ်သမ္မတ ရှီကျင်းဖျင်က သမိုင်းဝင် သမ္မတ သက်တမ်းတတိယအကြိမ် အဖြစ် အပ်နှင်းခံရ ပြီးနောက် ပထမဆုံးမိန့်ခွန်းမှာ နိုင်ငံတော်လုံခြုံရေးကို ခိုင်မာအောင်ပြုလုပ်ဖို့လိုအပ်တယ်လို့ အလေးပေးပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံကို ဦးဆောင်ဖို့ တရုတ်ခေါင်းဆောင် ရှီကျင်းဖျင်ကို ရွေးချယ်ခဲ့ကြပြီး တရုတ်ရဲ့ မျိုးဆက်တွေထဲမှာ ဩဇာအကြီးဆုံး ခေါင်းဆောင် ဖြစ်လာခဲ့တာပါ။ အမျိုးသားပြည်သူ့ကွန်ဂရက်(NPC) တရုတ်ပါလီမန်က…

ငွေကြေးခဝါချမှုစွဲချက်ကို ရုံးတင်စစ်ဆေးပေးဖို့ မလေးရှားဝန်ကြီးချုပ်ဟောင်း တောင်းဆို

ကွာလာလမ်ပူ – မတ်(၁၄) မလေးရှားဝန်ကြီးချုပ်ဟောင်း မူရီဒင် ရာဆင်ဟာ ဝန်ကြီးချုပ်သက်တမ်းကာလအတွင်း အစိုးရရဲ့ အခွန်နဲ့ အတိုးနှုန်းသက်သာစွာ စီးပွားရေး ကဏ္ဍပြန်လည်ထူထောင်ရေးအစီအစဉ်နဲ့ ပတ်သက်တဲ့ ငွေကြေးခဝါချမှုကို ရှာအလမ်တရားရုံးတော်မှာ စစ်ဆေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒီအမှုကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနဲ့ အကြမ်းဖက်မှုကိစ္စရပ်တွေအတွက် ငွေကြေး ထောက်ပံ့ရေးနဲ့ ဥပဒေမဲ့ ဆောင်ရွက်မှုများ တိုက်ဖျက်ရေး အက်ဥပဒေ ၂၀၀၁ အရ ဆောင်ရွက် မှာဖြစ်တယ်လို့…

“တောကြီးတန်းကပန်းတွေ တစ်တောလုံးဝေကြဟေ့” ခေါင်းစဥ်နဲ့ ကျဆုံးခဲ့သူတွေအတွက် အမှတ်တရ အထိမ်းအမှတ်ပြုလုပ်

တွံတေး၊ မတ်(၁၃) ပြီးခဲ့တဲ့၂၀၂၁ မတ် ၁၃ရက်နေ့က တွံတေးသပိတ်ဖြိုခွင်းခံရစဥ် ကျဆုံးခဲ့တဲ့ ပြည်သူလေးယောက်အတွက် အမှတ်တရအထိမ်းအမှတ်တစ်ခုကို တွံ​တေးမြို့သူ၊ မြို့သားတွေစုပေါင်းပြီး ဒီကနေ့ မတ်လ (၁၃)ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။ ကျဆုံးခဲ့တဲ့ပြည်သူတွေအတွက် အထိမ်းအမှတ်တစ်ခုကို တွံတေးတံတားပေါ်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ကျဆုံးခဲ့သူတွေအပါအဝင် ဖမ်းဆီးခံထားရတဲ့ တွံတေးသူ၊ တွံတေးသားတွေအားလုံးအတွက် အမှတ်တရစီစဉ်ဖြစ်တာလို့ တွံတေးမြို့ခံတစ်ဦးကပြောပါတယ်။ “ကျွန်တော်တို့မြို့မှ မဟုတ်ပါဘူး၊ တစ်နိုင်ငံလုံး လက်ရှိအပြင်းအထန်ဖိနှိပ်ခံနေရတဲ့ အခြေအနေတွေကနေ…

ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ မျိုးစေ့ချပေးခဲ့တဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကို ဦးညွှတ်ဂုဏ်ပြုတယ်လို့ NUG သဝဏ်လွှာပေးပို့

မော်လမြိုင် – မတ်(၁၃) ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားတွေဖြစ်တဲ့ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ မျိုးစေ့ချပေးခဲ့တဲ့ တိုက်ပွဲဝင်စိတ်ဓာတ်အမွေကို အလေးအနက်ထား ခံယူပြီး မြန်မာ့ဒီမိုကရေစီ တော်လှန်ရေး သမိုင်း တလျှောက် ကျဆုံးခဲ့ကြရတဲ့ အာဇာနည်အပေါင်းကိုဦးညွှတ်ဂုဏ်ပြုတယ်လို့ NUG အစိုးရက သဝဏ်လွှာပေးပို့ခဲ့ပါတယ်။ ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ ကျဆုံးခြင်း(၃၅) နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ အမျိုးသားညီညွတ်ရေး အစိုးရကိုယ်စား ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက နှမြောသတအောက်မေ့ သတိတရရှိနေပါကြောင်းနဲ့ အထိမ်းအမှတ်သဝဏ်လွှာပေးပို့ခွင့်ရတဲ့အတွက်…

မွန်ပြည်နယ်အပါအဝင် တိုင်းနဲ့ပြည်နယ် (၁၁)ခုမှာ အချိန်အခါမဟုတ်မိုးရွာသွန်းနိုင်တယ်လို့ မိုးဇလ အသိပေး

မော်လမြိုင် – မတ်(၁၃) မွန်ပြည်နယ်အပါအဝင် တိုင်းနဲ့ ပြည်နယ်(၁၁) ခုမှာ (၃) ရက်ကနေ (၅) ရက်အထိ မိုးရွာသွန်းနိုင်တယ် လို့ စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေး ထုတ်ပြန်ထားပါတယ်။ မတ်လ(၁၃) ရက်ကစပြီး အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ကာ တိုင်းနဲ့ ပြည်နယ်(၁၁) ခုမှာ ရွာသွန်းမြဲ ထက်ပိုမိုရွာသွန်းနိုင်တယ်လို့ ဆိုထားတာပါ။ မွန်ပြည်နယ်၊…

တာတိုင်ရွာလူသတ်မှု လက်သည် NUG ဟု စစ်ကောင်စီလော်ဘီတွေ ဝါဒဖြန့် (အမှန်/အမှား)

မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု၊ သတင်းမှားတွေကို အမှန်/အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ Han nyein Oo,ပြည်ချစ်သား၊ Myanmar Hard Talk စတဲ့ စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “စစ်ကိုင်းမြိုနယ် တာတိုင်ကျေးရွာမှာ NUG လက်အောက်ခံ ပကဖ…

ပအိုဝ်းပြည်သူတွေ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရတဲ့ နေရာမှာ စစ်ကောင်စီ ရဲ့ ကျည်ဆံတွေ သိမ်းဆည်းရမိထားတယ်လို့ PNDF ထုတ်ပြန်

ပင်လောင်း – မတ်(၁၃) ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်ပြောင်းဒေသ နမ်းနိန်းကျေးရွာဘုန်းကြီး ကျောင်းမှာ ခိုလှုံနေတဲ့ ပြည်သူတွေအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရတဲ့နေရာမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကျည် နဲ့ ကျည်ဆံတွေ သိမ်းဆည်းရမိထားတယ်လို့ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်(ခမ်းကောင်) က သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီရဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက် မှုကြောင့် စစ်ရာဇဝတ်မှုမြောက်တဲ့ တွေ့ရှိချက်တွေကို ပအိုဝ်းပြည်သူတွေအပါအဝင် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုတစ်ရပ်လုံးနဲ့ နိုင်ငံတကာမိသားစု…