ရန်ကုန် – မတ်(၁၁)
မြန်မာနိုင်ငံရဲ့ ဟိုတယ်လုပ်ငန်းဟာ ကိုဗစ်နဲ့ စစ်တပ်အာဏာသိမ်းမှုတွေနဲ့ ရုန်းကန်နေရတာ ကြောင့် စင်္ကာပူပိုင် ကပ်ပယ်(Keppel) ကော်ပိုရေးရှင်းက ရန်ကုန်အခြေစိုက်ဆီဒိုးနားဟိုတယ် ကိုအမေရိကန်ဒေါ်လာ (၅၇.၄) သန်းနဲ့ ရောင်းချဖို့ ကြေညာခဲ့ပါတယ်။
စင်္ကာပူနိုင်ငံပိုင် လုပ်ငန်းစုဟာ လုပ်ငန်းရေရှည်တည်တံ့မှုအားကောင်းစေဖို့ အတွက် ပိုင်ဆိုင်မှု ရုပ်သိမ်းတာတွေကို အရှိန်မြှင့်လုပ်ဆောင်နေပြီး အကြီးစားပိုင်ဆိုင်မှုဖြစ်တဲ့ ဆီဒိုးနားဟိုတယ်ကို ရောင်းချတာဟာ တိုးတက်မှုအခွင့်အလမ်းသစ်တွေဆီကို ပို့ဆောင်နိုင်မယ့် အရင်းအနှီးကို စတင် တာဖြစ်တယ်လို့ ကပ်ပယ်လုပ်ငန်းစုရဲ့ ထုတ်ပြန်ချက်မှာဆိုထားပါတယ်။
လက်ရှိမှာတော့ ဆီဒိုးနားဟိုတယ်ဟာ ကိုဗစ်ကြောင့် လုပ်ငန်းလည်ပတ်မှုကို လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းကစပြီး ရပ်ဆိုင်းခဲ့တာပါ။
ကပ်ပယ်ဂရုပိုင် ဆီဒိုးနားဟိုတယ်ကို စင်္ကာပူမှာ ဟိုတယ်လုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစု အဖြစ်မှတ်ပုံတင်ထားတဲ့ Spring Blossom Ventures ကိုရောင်းချသွားမှာဖြစ်ပြီး နှစ်ဘက် သဘောတူညီချက်ကို ၂၀၂၃ ခုနှစ် ပထမခြောက်လအတွင်း အပြီးသတ်ဖို့ မျှော်လင့်နေကြပါ တယ်။
“ငါတို့ဟိုတယ် လုပ်ငန်းအသစ်စတင်ဖို့ ရှာနေတယ်” လို့ Spring Blossom Ventures ရဲ့ စီအီးအို နဲ့ ရှယ်ယာရှင်(၃) ဦးထဲမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ လိုဟန်ဟော့က Nikkei Asia ကို ပြောခဲ့ပြီး ဟိုတယ်အဖြစ်ဆက်လက်လည်ပတ်ဖို့ စီစဉ်ထားတယ်လို့ ဆိုကာ ဘယ်အချိန်မှာပြန်လည်ဖွင့်လှစ် သွားမယ်ဆိုတာကိုတော့ မဆုံးဖြတ်ရသေးဘူးလို့ ပြောခဲ့ပါတယ်။
စီအီးအို လိုဟန်ဟော့နဲ့ သူ့ရဲ့ မိတ်ဖက်တွေဟာ ဆောက်လုပ်ရေးလုပ်ငန်းကနေ အဆောက်အဦး အတွင်းပိုင်းနဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ လုပ်ဆောင်နေပြီး တချို့လုပ်ငန်းတွေဟာ မြန်မာနိုင်ငံနဲ့ ဆက်စပ်နေတယ်လို့ သိရပါတယ်။
မြန်နိုင်ငံ၏စီးပွားရေးအခြေအနေနှင့် ပတ်သက်၍ လိုအား မေးမြန်းတဲ့အခါ “အခြေအနေက တည်ငြိမ်လာပြီ၊ တိုင်းပြည်က ရှေ့ကို ဆက်သွားရမယ်” လို့ သူက Nikkei Asia ကိုပြောပါတယ်။
သို့ ပြောပါတယ်။
ဆီဒိုးနားဟိုတယ် ကို မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှာ ၁၉၉၆ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ပထမဆုံးနိုင်ငံတကာ ဟိုတယ်တွေထဲက တစ်ခုဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေး အရှိန်အဟုန်မြင့်လာဖို့ ရည်ရွယ်ချက် နဲ့ ၂၀၁၅ ခုနှစ်မှာ အခန်းအရည်အတွက်(၈၀၀) နီးပါးအထိ တိုးမြှင့်ပြီး အဆောက်အအုံအသစ် ထပ်မံတိုးချဲ့ဖွင့်လှစ်ထားပါသေးတယ်။
ကပ်ပယ်လုပ်ငန်းစုဟာ ရန်ကုန်မြို့က အဆင့်မြင့်ရုံးခန်းအိမ်ရာတွေ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငှားရမ်း မှုတွေကို ပြည်တွင်းလုပ်ငန်းစုကြီးဖြစ်တဲ့ ရွှေတောင်လုပ်ငန်းနဲ့ ပူးပေါင်းလုပ်ကိုင်ခဲ့တာ ဖြစ်ပါ တယ်။
ဆီဒိုးနားနဲ့ ပတ်သက်ပြီး ရွှေတောင်လုပ်ငန်းစုနဲ့ အစုရှယ်ယာရှင်တွေအနေနဲ့ ဟိုတယ်နဲ့ ပတ်သက် တဲ့ သဘောတူညီချက်နဲ့ မဆိုင်ဘဲ ကပ်ပယ်ရဲ့ ဖက်စပ်လုပ်ငန်းကနေ နုတ်ထွက်ဖို့ ဆွေးနွေးမှုမရှိ သေးဘူးလို့ တာဝန်ရှိသူတစ်ဦးက Nikkei Asia ကို ပြောထားပါတယ်။
Ref : Nikkei Asia