မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ Han nyein Oo,Ba Nyuntစတဲ့စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “အလှူပွဲတွေပါ ဒုက္ခပေးလာတဲ့ … ပဒပ်များ”ဆိုတဲ့အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို တယ်လီဝရမ်အကောင့်ကနေ မတ်လ( ၈)ရက်နေ့မှာ ဖြန့်ဝေတာကို တွေ့ရပါတယ်။

စစ်တပ်လော်ဘီတွေဖြန့်ဝေနေတဲ့ ပိုစ့်ပါ အကြောင်းအရာ အပြည့်အစုံမှာတော့”အလှူပွဲတွေပါ ဒုက္ခပေးလာတဲ့ ခွေးပဒပ်များ ခေါင်းစဉ်နဲ့အတူ ရန်ကုန်တွံ့တေးမြို့နယ် အနောက်အရိုးတောင်ကျေးရွာအုပ်စု ပေါက်ကုန်းကျေးရွာမှာ အလှူလုပ်လို့ဆိုပြီး အလှူရှင်ကို —တ် သွားပြန်သတဲ့ “ဆိုပြီး စစ်ကောင်စီ လော်ဘီတွေက အွန်လိုင်းမှာ ဝါဒဖြန့် ရေးသားဖြန့်ဝေနေတာပါ။

တပ်ထောက်ခံသူအကောင့်တုတွေ ဖြန့်ဝေနေတဲ့ ဓာတ်ပုံနဲ့ပိုစ့်ပါအကြောင်းအရာနဲ့ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ထုတ်ပြန်ချက်အတု ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။

ဖြစ်စဉ်အမှန်ကတော့ သေဆုံးသူတွေဟာ စစ်ကောင်စီနောက်လိုက်တွေ ဖြစ်တဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး စိုးလွင်နှင့် ပျူစောထီးခေါင်း‌ဆောင် စစ်မှုထမ်း ဟောင်း သန်းလွင်တို့ သေဆုံးသွားတာဖြစ်ပြီးDelta Revolutionary Force က ပစ်ခတ်ရှင်းလင်းလိုက့်တာဖြစ်တယ်လို့ စိစစ်တွေ့ရှိရပါတယ်။

အုပ်ချုပ်ရေးမှူး စိုးလွင် (ခေါ်) ကျားကြီးသည် စစ်ကောင်စီ၏အမိန့်ဖြင့် ဒေသခံပြည်သူများအပေါ် ဧည့်စာရင်းအတင်းဓမ္မကောက်ခံခြင်း၊ စစ်ကောင်စီအပေါ် မီတာအခွန်မဆောင်သော ပြည်သူတွေရဲ့ နေအိမ်များကို ခြိမ်းခြောက်ကာ ဒဏ်ကြေးအဆမတန်ကောက်ခံပြီး ကိုယ်ကျိုးအတွက် အသုံးပြုခြင်းကြောင့် Delta Revolutionary Force က ပစ်ခတ်ရှင်းလင်းလိုက့်တာဖြစ်တယ်လို့ စိစစ်တွေ့ရှိရပါတယ်။

Hlaing Infoတယ်လီဂရမ်မှာဖော်ပြထားတဲ သတင်းလင့်

https://t.me/infohlaing/58019

စကစရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ချက်ပါတဲ့ သတင်းလင့်

https://news-eleven.com/article/245360

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ “အလှူပွဲတွေပါ ဒုက္ခပေးလာတဲ့ ခွေးပဒပ်များ” ဆိုတဲ့ ဓာတ်ပုံပါ သတင်းဟာ စစ်တပ်ထောက်ခံသူတွေဘက်က ဖြန့်ဝေနေတဲ့ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.