နေပြည်တော် – မတ်(၅) 

မြန်မာစစ်တပ်က လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုတွေကို ထပ်တလဲလဲကျူးလွန်နေတာ ကြောင့်အရှေ့တောင်အာရှမှာ ရာသက်ပန်လူ့အခွင့်အရေးအကျပ်အတည်းကို ဖန်တီးနေတယ်လို့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပြီး အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ တောင်းဆိုထားပါ တယ်။ 

ပြီးခဲ့တဲ့ (၂) နှစ်က မြန်မာစစ်တပ်ဟာ ရွေးကောက်ခံအစိုးရဆီက မတရားအာဏာသိမ်းယူပြီး နောက်ပိုင်း အတိုက်အခံတွေကို အကြမ်းဖက်နှိမ်နင်းပြီးနောက် ဘက်ပေါင်းစုံက တပ်မတော် ကိုဆန့်ကျင်တဲ့ တော်လှန်ရေးလှုပ်ရှားမှုနဲ့ ရင်ဆိုင်နေရသလို အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ အရေး ယူမှုတွေနဲ့ ရင်ဆိုင်နေရတာပါ။ 

“အရပ်သား မခွဲခြားဘဲ လေကြောင်းတိုက်ခိုက်မှုနှင့် အမြောက်များဖြင့် ပစ်ခတ်ခြင်း၊ ရွာများကို အစုလိုက်အပြုံလိုက် မီးရှို့မှုများကြောင့် အရပ်သားများ ရွှေ့ပြောင်းတိမ်းရှောင်ခဲ့ရကာ လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဝင်ရောက်ခွင့် ငြင်းပယ်ခြင်းများအပါအဝင် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းတို့တွင် အကြမ်းဖက်မှုများ ပိုမိုပြင်းထန် လာကြောင်း တွေ့ရှိရတယ်” လို့ ကုလသမဂ္ဂ အစီရင်ခံစာမှာဖော်ပြထားပါတယ်။ 

စစ်တပ်က အသုံးပြုနေတဲ့ နည်းဗျူဟာက လက်နက်ကိုင်အဖွဲ့တွေကို စားနပ်ရိက္ခာ၊ငွေကြေး၊ ထောက်လှမ်းရေးနဲ့ လူသစ်စုဆောင်တာတွေကို ဖြတ်တောက်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုထား ပါတယ်။ 

“မြန်မာစစ်တပ်ရဲ့ စဉ်ဆက်မပြတ်နှင့် အကြွင်းမဲ့ အကြမ်းဖက်မှုတွေဟာ နိုင်ငံတကာ စည်းမျဉ်း များနှင့် အခြေခံမူများကို အမြဲတစေ ဂရုမစိုက်ကြောင်း ပြသနေတာဖြစ်တယ်၊ ဒါကြောင့် ဒီပြင်း ထန်သောကပ်ဆိုးကြီးကို အဆုံးသတ်ဖို့ ခိုင်မာတဲ့လုပ်ဆောင်မှု အရေးတကြီး လိုအပ်ပါတယ်” လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို အာမခံဖို့ တာဝန်ရှိတယ်လို့ စစ်ကောင်စီက ကြေညာထားပြီး ရက်စက် ကြမ်းကြုတ်မှုတွေ ကျူးလွန်နေတာကို ငြင်းဆိုကာ အကြမ်းဖက်သမားတွေကို ဆန့်ကျင်တဲ့ တရားဝင် စစ်ဆင်ရေးလုပ်ဆောင်နေတာဖြစ်တယ်လို့ ပြောပါတယ်။ 

ကုလသမဂ္ဂလူ့အခွင့်အရေးရုံးရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ ဂျိမ်းရိုဒီဟေဗာက နိုင်ငံရဲ့ (၇၇) ရာခိုင်နှုန်းဟာ လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။  

 “မြန်မာနိုင်ငံမှာ အကျပ်အတည်းတွေ ဒီလောက်အထိ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိလာတဲ့ အချိန်နဲ့ အခြေအနေမျိုး တစ်ခါမှ မတွေ့ဖူးပါဘူး” လို့ သူက ဂျီနီဗာတွင် ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဆိုပါတယ်။  

အစီရင်ခံစာမှာ မြန်မာစစ်ကောင်စီအနေနဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့နဲ့ အတိုက်အခံတွေ ကို ညှဉ်းပန်းနှိပ်စက်မှုတွေကို ရပ်တန့်ဖို့ တောင်းဆိုထားပြီး ဒီအကျပ်အတည်းကို အဆုံးသတ် နိုင်တဲ့ တွေ့ဆုံဆွေးနွေးပွဲအတွက် စစ်ဆင်ရေးတွေကို ရပ်တန့်ရမယ်လို့ အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.