ကြာအင်းဆိပ်ကြီး၊ မတ်(၄)

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ထဲမှာ KNU/KNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ပူးပေါင်းပြီး မီးအိမ်ရှင်ဆေးခန်းတစ်ခု ဖွင့်လှစ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ် ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ်(၃)ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနက မတ် ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မီးအိမ်ရှင်ဆေးခန်းကို ကြာအင်းဆိပ်ကြီးမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ မဟာမိတ် KNU/KNLA တို့ ပူးပေါင်းဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဆေးခန်းမှာ ဒေသခံပြည်သူတွေနဲ့ ပြည်သူ့ကာကွယ် ရေးတပ်မတော် ရဲဘော်တွေရဲ့ ကျန်းမာရေးကိစ္စတွေ ကူညီစောင့်ရှောက်ပေးတာနဲ့ ကျန်းမာရေးအသိပညာပေး ကိစ္စရပ်တွေကို ကူညီဆောင်ရွက်ပေးလျက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဒါ့အပြင် (၂၀၂၃)ခုနှစ် ဇန်နဝါရီလ (၁)လတာမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေ ကြောင်းပစ်ကူတွေ အဆမတန်ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း(၂၂)ရွာက ဒေသခံပြည်သူ ၁၆၀၀၀ ကျော ်စစ်ဘေးရှောင်ခဲ့ရပြီး စစ်ဘေးရှောင် ဒေသ ခံပြည်သူလူထုတွေကိုလည်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က လိုအပ်တဲ့အကူအညီအထောက်အပံ့တွေ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဒါပေမယ့် ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဖွင့်လှစ်ထားတဲ့ မီးအိမ်ရှင်ဆေးခန်းမှာ အင်တာနက်လိုင်း အခက်အခဲနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ်(၃)ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနရဲ့ ထုတ်ပြန်ချက်ကနေ သိရပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆)နယ်မြေအတွင်းမှာရှိတဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်ဟာ စစ် ကောင်စီတပ်က စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားတဲ့ မြို့နယ်တစ်မြို့နယ်ဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ KNLA PDF ပူးပေါင်းတပ်တွေအကြား စစ်ရေးတင်းမာမှုတွေကနေ မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.