ဖနွမ်းပင် – မတ်(၅) 

နိုင်ငံတော်သစ္စာဖောက်မှုနဲ့ အပြစ်ရှိတယ်လို့ စွပ်စွဲခံရပြီးနောက် ကမ္ဘာဒီးယားအတိုက်အခံ ခေါင်းဆောင် ကင်မ်ဆိုခါ ကို နေအိမ်အကျယ်ချုပ်ထောင်ဒဏ်(၂၇) နှစ် ချမှတ်ခဲ့တယ်လို့ ဖနွမ်းပင်မြို့တော် တရားသူကြီးက ပြောပါတယ်။ 

ပြီးခဲ့တဲ့ မတ်လ(၃) ရက်နေ့ကအမိန့်ချမှတ်ခဲ့တာဖြစ်ပြီး ကင်မ်ဆိုခါကို နိုင်ငံရေးအရ ပါဝင် ပတ်သက်မှု ရှိတဲ့ ရုံးလုပ်ငန်း၊ ရွေးကောက်ပွဲတွေမှာ မဲပေးတာတွေကိုပါ တားမြစ်သွားမယ် လို့ တရားသူကြီးက ဆိုထားပါတယ်။ 

ကမ္ဘောဒီးယားအာဏာရှင်ဟွန်ဆန်ဆီက အာဏာသိမ်းဖို့ အမေရိကန်ပြည်ထောင်စုနဲ့ ပူးပေါင်းပြီး ခဲ့ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၁၇ ခုနှစ်မှာ သူ့ကိုအာဏာပိုင်တွေက ဖမ်းဆီးခဲ့တာပါ။ 

လက်ရှိမှာတော့ ဖျက်သိမ်းခံထားရပြီဖြစ်တဲ့ ကမ္ဘောဒီးယားအမျိုးသားကယ်ဆယ်ရေးပါတီ Cambodia National Rescue Party (CNRP) ရဲ့ ခေါင်းဆောင် ကင်မ်ဆိုခါက သူ့ကိုစွပ်စွဲထား တာတွေကို ငြင်းဆိုထားသလို အမေရိကန်ကလည်း လိမ်လည်ကြံစည်တဲ့ သီအိုရီတွေသာ ဖြစ် တယ်လို့ ပြောထားပါတယ်။ 

နေအိမ်အကျယ်ချုပ်ထိန်းသိမ်းခံထားရတဲ့ ခေါင်းဆောင် ကင်မ်ဆိုခါရဲ့ ရှေ့နေနဲ့ ဥပဒေပြုရေး အဖွဲ့ကတော့ ဒီအမှုအတွက် အယူခံဝင်သွားမယ်လို့ ဆိုပါတယ်။ 

ကမ္ဘောဒီးယားအစိုးရက အမေရိကန်ရဲ့ ဝေဖန်မှုတွေကို တုံ့ပြန်ဖို့အတွက် တရုတ်အစိုးရနဲ့ ညှိနှိုင်း ဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ကိုင်နေတယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ကမ္ဘောဒီးယားရွေးကောက်ပွဲ မတိုင်ခင်ကလည်း ကမ္ဘောဒီးယားအမျိုးသား ကယ်ဆယ်ရေးပါတီ(CNRP) ကို ဝန်ကြီးချုပ် ဟွန်ဆန်က ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်ဖူးပါ တယ်။ 

အဲဒီအချိန်တည်းက ဟွန်ဆန်ဦးဆောင်တဲ့ CPP ပါတီက အာဏာလက်ဝါးကြီးအုပ်မှုကို စိန်ခေါ် နိုင်တဲ့ CNRP ပါတီကို အမျိုးမျိုးဖိနှိပ်တာတွေလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ 

အစိုးရက ပါတီဝင်တွေကို ဖမ်းဆီးတာတွေအပြင် ဖမ်းဆီးခံရမှာဆိုးတာကြောင့် ပြည်ပထွက်ပြေး ရတာတွေကြောင့် ကင်မ်ဆိုခါရဲ့ CNRP ပါတီ ပျက်ဆီးသွားတဲ့ အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ 

တရားရုံးက အတိုက်အခံခေါင်းဆောင်ကို ပြစ်ဒဏ်ချမှတ်ခဲ့တာနဲ့ ပတ်သက်ပြီး အစိုးရအဖွဲ့ ပြော ရေးဆိုခွင့်ရှိသူကို မှတ်ချက်ပေးဖို့ ဆက်သွယ်ခဲ့ပေမယ့် ငြင်းဆန်ခဲ့တယ်လို့ ရိုက်တာမှာ ဖော်ပြ ထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.