မနီလာ၊ မတ်(၃)

ဖိလစ်ပိုင်နိုင်ငံနယ်နိမိတ်အနီး ပင်လယ်ပြင်မှာ ရေနံတင်သင်္ဘောနစ်မြုပ်ခဲ့ပြီး သယ်ဆောင်လာတဲ့ စက်မှုလုပ်ငန်းသုံးဆီ လီတာ ၈ဝဝ,၀၀၀ ခန့် ပင်လယ်ထဲသို့ ယိုစိမ့်သွားတယ်လို့ အာဏာပိုင်တွေက မတ် ၂ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။  

Princess Empress အမည်ရှိတဲ့ အဲဒီ သင်္ဘောဟာ မြို့တော် မနီလာအနီးရှိ ဘတ်တန် ခရိုင်ဒေသန္တရမှ ထွက် ခွာကာ အလယ်ပိုင်းခရိုင်ဒေသန္တရသို့ ထွက်ခွာလာချိန်မှာ ပင်လယ်လှိုင်းကြမ်းတဲ့အတွက် အင်ဂျင်ချို့ယွင်းခဲ့ တာပါ။

ဖိလစ်ပိုင်ကမ်းရိုးတန်းစောင့်ကြပ်ရေးတပ်ဖွဲ့ရဲ့ ကနဦးသတင်းထုတ်ပြန်ချက်အရ ဖိတ်စင်သွားတဲ့ ဆီတွေမှာ ယာဉ်တွေအတွက် အသုံးပြုတဲ့ ဒီဇယ်တွေသာဖြစ်ပြီး စက်မှုလုပ်ငန်းသုံးလောင်စာဆီတွေ မဟုတ်ကြောင်း ပါရှိပါတယ်။

ဒါပေမယ့်လည်း ရေနမူနာစမ်းသပ်မှုရလဒ်တွေအရ ဖိတ်စင်သွားတဲ့ အရာတွေဟာ  နာအူဂျန် Naujan မြူနီစ ပယ်ပိုင်ရေနယ်အတွင်းသို့ ယိုစိမ့်သွားခဲ့တယ်လို့  ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့ပြီး အဲဒီဒေသတဝိုက် ပေါများလှတဲ့ ပင်လယ်ရေနေသက်ရှိတွေနဲ့ သန္တာကျောက်တန်းတွေအတွက် စိုးရိမ်ပူပန်မှုတွေကိုလည်း ဖြစ်ပေါ်စေခဲ့တာပါ။

လောင်စာဆီတွေယိုဖိတ်မှုဟာ ၂၄ စတုရန်းကီလိုမီတာကို ပျံ့နှံ့သွားခဲ့ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့ပေမယ့်လည်း ရေထဲမှာ ဒီဇယ်ဆီနဲ့ စက်မှုလောင်စာဆီ မည်မျှရှိသလဲဆိုတာကိုတော့ မသိရသေးပါဘူး။

ပင်လယ်ရေမျက်နှာပြင်အောက် မီတာ ၄၆၀ မှာနစ်မြုပ်နေတဲ့ ရေနံတင်သင်္ဘောကို ရှာဖွေနေဆဲဖြစ်ပြီး ယိုစိမ့်မှု ကို ရပ်တန့်ဖို့ ကြိုးပမ်းနေဆဲဖြစ်ကြောင်း သင်္ဘောနစ်မြှုပ်ခဲ့တဲ့ ခရိုင်ဒေသန္တရ အုပ်ချုပ်ရေးမှူး က ပြောကြားခဲ့ပါတယ်။

နစ်မြှုပ်သွားတဲ့ သင်္ဘောပေါ်မှ သင်္ဘောသား ၂၀ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ခြင်းမရှိကြောင်း လည်း သိရပါတယ်။

Ref,CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.