ရွှေဘို – ဖေဖော်ဝါရီ(၂၃)

စစ်ကိုင်းတိုင်းအတွင်းက ရွှေဘို၊ဝက်လက်နဲ့ အရာတော် မြို့နယ်တွေကို စစ်အုပ်ချုပ်ရေး (Martial Law) အမိန့် ထုတ်ပြန်လိုက်ပါတယ်။

လုံခြုံရေး၊တရားဥပဒေစိုးမိုးရေးနဲ့ နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက် နိုင်ဖို့အတွက် အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုင်ရာတွေကို တပါတည်း ကိုင်တွယ်ကျင့်သုံးနိုင်တဲ့ စစ်အုပ်ချုပ်ရေး အာဏာကို သက်ဆိုင်ရာ တိုင်းမှူးတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၄၁၉ အရ အပ်နှံလိုက်တာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂) ရက်နေ့ကလည်း စစ်ကောင်စီက စစ်ကိုင်းတိုင်းအတွင်းက ပုလဲ၊ အင်းတော်၊ဗန်းမောက်၊ကောလင်း၊ပင်လယ်ဘူး၊မြောင်၊ယင်းမာပင်၊ ခင်ဦး၊တန့်ဆည်၊ရေဦးနဲ့ ဆားလင်းကြီး စတဲ့ မြို့နယ်တွေအပြင် မွန်ပြည်နယ်မှာလည်း ရေးမြို့ကို စစ်အုပ်ချုပ်ရေး ကြေညာထားပြီး မကွေးတိုင်း၊ချင်းပြည်နယ်နဲ့ ကယားပြည်နယ် က မြို့နယ်တွေကိုလည်း စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားတာပါ။

စစ်ကောင်စီရဲ့ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ်တွေဟာ တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့ ဒေသတွေဖြစ်သလို စစ်ကောင်စီတပ်တွေ မထိန်းချုပ်နိုင်တဲ့ ဒေသတွေ ဖြစ်ပါ တယ်။

လက်ရှိအချိန်မှာတော့ စစ်ကိုင်းတိုင်းက မြို့နယ်(၃) မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာလိုက်တဲ့ အတွက် စစ်ကောင်စီရဲ့ စစ်အုပ်ချုပ်ရေးမြို့နယ်(၃၈) မြို့နယ်မှာ စစ်ကိုင်းတိုင်းမှာ (၁၄) မြို့နယ် ရှိပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာတနိုင်ငံလုံးမှာ စစ်အုပ်ချုပ်ရေး သတ်မှတ်ထားတဲ့ မြို့နယ်မှာ စုစုပေါင်း(၄၇) မြို့နယ်ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.