မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းအပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု၊သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “နိုင်ငံတကာမှ သတ်မှတ်ထားတဲ့ ကလေးသူငယ်များ စစ်မှုထမ်းခြင်းဥပဒေကို ချိုးဖောက်နေတဲ့ အကြမ်းဖက် NUG,EAOsအချို့နှင့် PDFများ” ဆိုတဲ့ ကလေးငယ်တွေရဲ့ဓာတ်ပုံပါ အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို စစ်တပ်ကို ထောက်ခံတဲ့အကြောင်း အများအားဖြင့် ဝါဒဖြန့်ဝေလေ့ရှိတဲ့ဗိုလ်သံခဲအကောင့်ကနေ ဖေဖော်ဝါရီ (၇)ရက်နေ့မှာ ဖြန့်ဝေတာတွေ့ရပါတယ်။

စစ်တပ်လော်ဘီတွေဖြန့်ဝေနေတဲ့ ပိုစ့်ပါ အကြောင်းအရာ အပြည့်အစုံမှာတော့ “နိုင်ငံတကာမှ သတ်မှတ်ထားတဲ့ ကလေးသူငယ်များ စစ်မှုထမ်းခြင်းဥပဒေကို ချိုးဖောက်နေတဲ့ အကြမ်းဖက် NUG,EAOsအချို့နှင့် PDFများခါင်းစဉ်နဲ့အတူ NUG,EAOsအချို့နဲ့ PDF အကြမ်းဖက်အဖွဲ့တွေထံမှ အသက်ရှင်လျက်ရှိသည့် လက်နက်ကိုင်အကြမ်းဖက် သမားတွေကို စစ်ဆေးကြည့်လိုက်တဲ့အခါမှာ အသက် ၁၈ မပြည့်သေးတဲ့ ကလေးငယ်များ အများစုဖြစ်နေကြပါတယ်”ဆိုပြီး ဝါဒဖြန့် သတင်းအမှားကို ရေးသားဖြန့်ဝေနေတာပါ။

တပ်ထောက်ခံသူအကောင့်တုတွေ ဖြန့်ဝေနေတဲ့ ဓာတ်ပုံနဲ့ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။

ဖြစ်စဉ်အမှန်ကတော့ စစ်ကောင်စီလက်အောက်ခံ ဂျာယန် ပြည်သူ့စစ်အဖွဲ့က အသက်မပြည့်သေးတဲ့ ကလေးငယ် (၂၀)ဦးအပါအဝင် တအာင်းလူမျိုး (၁၂၇)ဦးကိုဖမ်းဆီးသွားတာဖြစ်ပြီး တအာင်းတပ်မတော် (TNLA) က ပြန်လည်ကယ်ထုတ်နိုင်ခဲ့တာကို ဓာတ်ပုံတွေနဲ့တကွ TNLA က ဖေဖော်ဝါရီ(၈ )ရက်နေ့က သတင်းထုတ်ပြန်ထားတာကို စိစစ်တွေ့ရှိရပါတယ်။

ဖေဖော်ဝါရီ ၄ ရက်မှာ ရှမ်းမြောက် လားရှိုးခရိုင် မိုင်းယော်တိုက်နယ် ဂျာယန်ရွာမှာရှိတဲ့ ဂျာယန် ပြည်သူ့ စစ်တပ်စခန်းကို TNLA တပ်ဖွဲ့ အင်အား (၅၀၀)ကျော်က ဝင်ရောက်စီးနင်းပြီးကလေးငယ် (၂၀)ဦးအပါအဝင် တအာင်းလူမျိုး (၁၂၇)ဦးကိုကယ်ထုတ်ခဲ့တယ်လို့ TNLA က ဖေဖော်ဝါရီ( ၈)ရက်နေ့က သတင်းထုတ်ပြန်ထားတာကို စိစစ်တွေ့ရှိရပါတယ်။

TNLA က ထုတ်ပြန်ထားတဲ့ ဓာတ်ပုံတွေကိုထင်ယောင်ထင်မှားဖြစ်အောင် စာသားတွေနဲ့အတူ သတင်းအမှား ဖြန့်ချိနေတာကို စိစစ်တွေ့ရှိရပါတယ်။

TNLA အဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်

https://bit.ly/3HLwhplhttps://bit.ly/3HPOkef

Shwe Phee Myay သတင်းဌာနမှာ ဖော်ပြထားတဲ သတင်းလင့်-

https://bit.ly/3RPjsiG

Irrawaddy သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းလင့်-

https://bit.ly/3jKiuHK

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ ” နိုင်ငံတကာမှသတ်မှတ်ထားတဲ့ ကလေးသူငယ်များ စစ်မှုထမ်းခြင်းဥပဒေကို ချိုးဖောက်နေတဲ့ အကြမ်းဖက် NUG, EAOsအချို့နှင့် PDFများ” ဆိုတဲ့ ဓာတ်ပုံပါ သတင်းဟာ စစ်တပ်ထောက်ခံသူတွေဘက်က ဖြန့်ဝေနေတဲ့ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.