KNU ညောင်လေးပင်ခရိုင် တိုက်ပွဲတွေကြောင့် ဒေသခံ ၅၀၀၀ ကျော် ထပ်မံထွက်ပြေးနေရ
ညောင်လေးပင်၊ ဇန်နဝါရီ(၂၂) ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေမှာ အခုနှစ်ဆန်းပိုင်းစကပြီး ဒီကနေ့အချိန်ထိ KNLA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေနေ့စဉ်လိုလို ဖြစ်ပွားခဲ့ပြီး ကျေးရွာတွေထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား(၅၀၀၀) ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရတယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။ ဇန်နဝါရီ(၁)ရက်နေ့ကနေ (၁၅)ရက်နေ့အထိ ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေထဲမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေအကြား…