နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း (သီပေါ)နဲ့ ဆက်သွယ်မေးမြန်းချက်။
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့ ရှစ်ကြိမ်မြောက် မြန်မာ – ထိုင်းတပ်မတော်နှစ်ရပ်ကြား အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို ရခိုင်ပြည်နယ်၊သံတွဲမြို့နယ်၊ ငပလီကမ်းခြေမှာ ဇန်နဝါရီ ၁၉ ရက်နေ့ကစပြီး ကျင်းပနေတာပါ။
အဲဒီအစည်းအဝေးကို မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ထိုင်းဘုရင့်တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်တို့လည်း တက်ရောက်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် သုံးရက်ကြာကျင်းပမယ့် ဒီအစည်း အဝေးမှာ ဘာတွေဆွေးနွေးလာနိုင်လဲ။ မူးယစ်းဆေဝါးမှု၊ ငွေးကြေခဝါချမှုတွေနဲ့ ဖမ်းဆီးခံထားရတဲ့ လက် နက်ပွဲစားဦးထွန်းမင်းလတ်မှာ စစ်ခေါင်းဆောင်မိသားစုပိုင်ဆိုင်တဲ့ အထောက်အထားတွေ့ရှိခဲ့တဲ့ ကိစ္စအပေါ်မှာ ရော ဘာတွေဆွေးနွေးကြဖို့ ရှိမလဲ။ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း (သီပေါ)နဲ့ ဆက်သွယ်မေးမြန်းချက်။
-အရင်ဆုံးအနေနဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ထိုင်းဘုရင့်တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်တို့ တွေ့ဆုံပွဲမှာ ဘာတွေဆွေးနွေးသွားဖို့ ရှိနိုင်မလဲ။
ထိုင်းနဲ့မြန်မာက အဲဒီလိုဆက်ဆံရေးတွေ အဆင်ပြေနေတာက နစကအတွက်တော့ အများကြီးသက်သာရာ ရမယ်။ အခုတချို့ပြောနေကြတဲ့ No fly zone သတ်မှတ်ဖို့ အခု PDF တွေကြီးစိုးတဲ့ဒေသတွေမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တိုက်ပွဲဖြစ်ပွားတဲ့ဒေသတွေမှာ လေကြောင်းကနေ တိုက်ခိုက်တာတွေ ရှိတော့ အဲဒါတွေကို ကာကွယ်ပေးဖို့အတွက် No fly zone သတ်မှတ်ပေးဖို့ ပြောဆိုနေကြတာတွေရှိတယ်။အဲ့ ဒါတွေကို တကယ်တမ်းအကောင်အထည်ဖော်မယ်ဆိုရင် အမေရိကန်က အိမ်နီးချင်းနိုင်ငံတွေပေါ့နော်။ အိန္ဒိယတို့၊ ဘင်္ဂလားဒေ့ရှ်တို့၊ ထိုင်းတို့ အဲဒီနိုင်ငံတွေနဲ့ အဆင်ပြေဖို့ လိုတယ်။ သူတို့မြေပြင်ကနေ ထောက် ကူပေးဖို့ လိုတယ်။ အိန္ဒိယဆို မြန်မာနဲ့ဆက်ဆံရေး တအားကောင်းတယ်။ ဟိုတလောကလည်း ကာကွယ်ရေး ဝန်ကြီးချုပ်က ပြောသွားတာရှိတယ်။ မိမိနိုင်ငံနယ်နိမိတ်ကို အသုံးပြုပြီးတော့ အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံကို တိုက်ခိုက်တာမျိုး ဘယ်တော့မှ ခွင့်မပြုဘူးဆိုပြီး အဲဒီလိုမျိုးပြောတာရှိတယ်။ အဲဒီနောက်ပိုင်း CNF ဌာနချုပ်ကို ဗုံးကြဲတော့သူတို့ ဟိုဘက်ဗုံးတစ်လုံးကျသွားတာပေါ့။ အဲဒီကိစ္စလည်း ညှိနှိုင်းပြီးတော့ ပြေပြေလည်လည်ပဲ ဖြေ ရှင်းလိုက်တယ်ထင်တယ်။ အခုဆွေးနွေးတဲ့အခါမှာလည်း နယ်စပ်ကိစ္စအများစုပါနိုင်တာပေါ့။ ဟိုဘက်မှာ ကျွန်တော်တို့ စစ်ပြေးတွေလူသားချင်းဆိုင်ရာ ကူညီအထောက်အပံ့တွေ ပေးဖို့ကိစ္စတွေလည်း ပါနိုင်ပါတယ်။
-နောက်တစ်ခုက စစ်ကောင်စီက သူတို့လုပ်မယ့် ရွေးကောက်ပွဲအပေါ် ထိုင်းဘက်ကထောက်ခံပေးဖို့ ပြောဆို တာတွေ ရှိလာနိုင်လား၊ ဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။
ဒါကတော့ သူတို့ဘာတွေလုပ်တယ်ဆိုတဲ့ဟာမျိုး ပြောနိုင်တာပေါ့။ အဖမ်းခံဖို့ဆိုတာထက်အာဆီယံမှာ ပြောနေ ကျအတိုငးပေါ့။ အခုလို အာဏာယူရတာဟာ အခြေခံဥပဒေအရရွေးကောက်ပွဲမဲမသမာမှုတွေ ရှိနေလို့ ဒါ ကြောင့်မို့ဝင်ပြီးတော့ ထိန်းပေးရတာ ဖြစ်တယ်။ ၂၀၀၈အခြေခံဥပဒေကို ကာကွယ်ထိန်းသိမ်းဖို့ ဖြစ်တယ်။ ကျွန်တော်တို့ကအမြဲတာဝန်ယူထားမှာ မဟုတ်ဘူး။ ပြီးရင် ကျွန်တော်တို့ကရွေးကောက်ပွဲ လုပ်ပေးမှာ။လွတ် လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲလုပ်ပေးမှာ။ အဲဒီလိုဟာတွေကတော့ ပြောမှာပါပဲ။
-ပြီးတော့ ထိုင်းနိုင်ငံမှာ မူးယစ်းဆေဝါးမှု၊ ငွေးကြေခဝါချမှုတွေနဲ့ ဖမ်းဆီးခံထားရတဲ့လက်နက်ပွဲစား ဦးထွန်း မင်းလတ်မှာ စစ်ခေါင်းဆောင်မိသားစု ပိုင်ဆိုင်တဲ့ အထောက်အထားတွေ့ရှိခဲ့တဲ့ ကိစ္စအပေါ်မှာရော ဘာတွေ ဆွေးနွေးကြဖို့ ရှိမလဲ။
သိသလောက်တော့ သူ့ရဲ့ အကောင့်ကိုတွေ့တယ်လို့ပြောတယ်။ အကောင့်နဲ့ စာအုပ်ဆိုတော့ ဒီလိုဗျ။ အဲဒီ ဟာတွေက ဟိုဘက်မှာဘဏ်အကောင့်ဖွင့်တယ်ဆိုရင် မြန်မာနိုင်ငံက ဘဏ်တွေလိုပဲပေါ့။ အဲဒီမှာအမြဲ အသုံး ပြုနေတဲ့ မူလဘဏ်အကောင့်ပိုင်ရှင်တွေကနေပြီးတော့ ထောက်ခံပေးရတာတို့ ကျွန်တော်တို့ဆီမှာလည်း အဲဒီ လိုမျိုး ရှိတာပဲ။ ကျွန်တော်ဖတ်လိုက်ရတာတော့ အဲဒီအကောင့်ထဲမှာ ငွေဘယ်လောက်ရှိတယ် ဆိုတာမျိုး၊ နောက်တစ်ခါ မသင်္ကာစရာ မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ ပက်သတ်နေတယ်ဆိုတာမျိုး ဘာမှမတွေ့ရဘူး။ မဖတ်ရဘူး။
နောက်တစ်ခါ သူတို့တိုက်ခန်းတွေ ဘာတွေဝယ်ထားတယ်ဆိုတာကလည်း တခြားနိုင်ငံသားတွေလည်း ဝယ်ထားကြတာပဲလေ။ အဲဒီမူးယစ်ဆေးဝါး ရောင်းဝယ်တယ်ဆိုတဲ့ ဦးထွန်းမင်းလတ်ကလည်း တခြားမူးယစ် ဆေးဝါး ရောင်းဝယ်တဲ့သူတွေက အလုပ်တစ်ခုခုလွှဲပေးလိုက်တဲ့ဟာ မူးယစ်ဆေးဝါးအရောင်းအဝယ်နဲ့ ပက်သက်တဲ့ ငွေလွှဲမှုမျိုးကို အဲဒါတွေ့လို့ အဲဒီလိုဖြစ်လိုက်တယ်လို့လည်း ကြားတယ်။ စစ်ဆေးနေတုန်းပေါ့။ တကယ်တမ်းမူးယစ်ဆေးဝါး ရောင်းဝယ်မှုလုပ်၊ မလုပ်ဆိုတာတော့ ထိုင်းတရားရေးကပဲ စစ်ဆေးရမှာပဲ။ ဘာ ဖြစ်လို့ ကျွန်တော်က ဒါကိုပြောလဲဆိုတော့ ကျွန်တော်နဲ့သိတဲ့တစ်ယောက်ကလည်း သူလုပ်တဲ့ စီးပွားရေးက တခြားစီးပွားရေး လုပ်ငန်းမူးယစ်ဆေးဝါးနဲ့ မပတ်သက်ဘူး။ ဒါပေမယ့် သူ့ရဲ့ ငွေစာရင်းမှာ တခြားအရောင်း အဝယ်ကိစ္စနဲ့ အဲဒီမူးယစ်ဆေးဝါးလုပ်တဲ့ သူက ငွေလွှဲပေးတာနဲ့ သူ့အကောင့်က ပိတ်ခံထားရတယ်။
အပိတ်ခံထားရတဲ့ အခါကျတော့ သွားရှင်းရတာပေါ့ဗျာ။ သွားပြီး ရှင်းနေတယ်။ အဲလိုဟာမျိုးလေးတွေ တွေ့ တော့ ကိုယ်ကမူးယစ်ဆေးဝါး မလုပ်ပဲနဲ့လည်းမူးယစ်ဆေးဝါးလုပ်တဲ့ သူရဲ့အကောင့်နဲ့တစ်ခုခု အရောင်းအ ဝယ်နဲ့ အချိတ်အဆက်ရှိလို့ရှိရင် အဲ့ဒါမျိုး ဖြစ်တတ်တယ်။ တရုတ်ပြည်မှာလည်း အဲဒီလိုပဲတရုတ်က လောင်းက စားတွေနှိပ်ကွက်တဲ့အခါကျတော့ နယ်စပ်မှာရှိတဲ့ အကောင့်တွေပိတ်တာပေါ့။ အဲဒီမှာ ငွေလွှဲလုပ်ငန်းလုပ်တဲ့ သူတွေများများက လောင်းကစားမလုပ်ပေမယ့် အပိတ်ခံရတယ်။ အပိတ်ခံရတော့ ရှင်းရတာပေါ့ဗျာ။ ဆိုတော့ ထွန်းမင်းလတ်ရဲ့ ကိစ္စကအဲဒီလိုအနေအထားလား။ တကယ်တမ်း သူကိုယ်တိုင်က မူးယစ်ဆေးဝါးလုပ်တာလား အဲဒီသတင်းက ရှင်းရှင်းလင်းလင်း မရှိသေးဘူးပေါ့။
-စစ်ခေါင်းဆောင်ကရော တစ်စုံတစ်ရာတောင်းဆိုတာတွေရှိလာနိုင်လား။ နောက်ဆုံးအနေနဲ့ ထိုင်း-မြန်မာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှစ်ဦးရဲ့ တွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး ဘာများဖြည့်စွက်ပြောကြားလိုတာရှိမလဲ။
မြန်မာနဲ့ထိုင်းကတော့ စစ်အာဏာသိမ်းပြီးတဲ့အခါ အရပ်သားအစိုးရကို ဖြုတ်ချတာတူတယ်ပေါ့။ တူပေမယ့်လို့ ထိုင်းအပေါ်မှာ ကတော့ အမေရိကန်နဲ့ အနောက်အုပ်စုကနားလည်မှု ရှိတယ်။ ထိုင်းစစ်တပ်အပေါ်မှာတော့ နားလည်မှုရှိတယ်။ မြန်မာအပေါ်မှာ တော့ နားလည်မှုမရှိဘူးဆိုတာက သူတို့ဘယ်လိုပဲ အကြောင်းပြပြ အမေရိကန်တို့ အနောက်အုပ်စုက လက်မခံဘူး။ နစကဥက္ကဌက တော့ ဖြစ်ဖြစ်ချင်းမှာအားကိုးတာပေါ့ဗျာ။ ဘာတွေများရမလဲလို့။ အခုသူတို့ရဲ့ ဆက်ဆံရေးက ကောင်းတယ်လို့ပြောရမှာပေါ့။ တရုတ်ထက်တောင် ပိုကောင်းနေတာပေါ့။ တရုတ်ခေါင်းဆောင်အနေနဲ့က နစကဥက္ကဌကို လက်ခံတွေ့ဆုံတာ မရှိသလို သူတို့ဆီ လည်း မဖိတ်ဘူး။ သူတို့လည်းလာလည်ပြီး တွေ့ဆုံတာမရှိဘူး။ နိုင်ငံခြားရေးဝန်ကြီးလာတာတောင်မှ ထိပ်သီးခေါင်းဆောင်ကို တွေ့မသွားဘူးပေါ့။ အဲဒီလိုတွေရှိတော့ ထိုင်းနဲ့ က ဆက်ဆံရေးကောင်းတယ်လို့ ပြောရမယ်။