အမှန်/အမှား
+++++++++

မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော် လှန်ရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့”အင်းတော်စည်ပင်ဈေးတွင် PDF ထောက်ပံ့ပေးနေသူ ၄ ဦးကို ဖမ်းဆီးအရေးယူ” ဆိုတဲ့ ဓာတ်ပုံပါ အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို စစ်တပ်ကို ထောက်ခံတဲ့အကြောင်း အများအားဖြင့် ဝါဒဖြန့်ဝေလေ့ရှိတဲ့ Fifty Two New တယ်လီဂရမ်အကောင့်ကနေ ဒီဇင်ဘာလ ၂၉ ရက်မှာ စတင်ဖြန့်ဝေတာ တွေ့ရပါတယ်။

စစ်တပ်လော်ဘီတွေဖြန့်ဝေနေတဲ့ ပိုစ့်ပါ အကြောင်းအရာ အပြည့်အစုံမှာတော့ “စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၊ စည်ပင်ဈေးတွင် PDF ထောက်ပံ့နေသူ ၄ ဦးအား ဖမ်းဆီးရမိ” ခေါင်းစဉ်နဲ့အတူ“အေးချမ်းစွာနေထိုင်လိုသော ပြည်သူများ၏ သတင်းပေးချက်အရ လုံခြုံရေးအဖွဲ့များမှ သွားရောက်စစ်ဆေး မှုများ ပြုလုပ်ခဲ့ရာ ခင်မာဦး(ခ)စန်းဝင်း၊ အေးစန်း(ခ)မစန်း၊ ခင်စောထွေး(ခ)မမိရှား၊ မဲရှင်(ခ)ဒေါ်မဲ တို့အားဖမ်းဆီးရမိခဲ့ပြီး တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။”ဆိုပြီး ဝါဒဖြန့် သတင်းအမှားကို ဓာတ်ပုံတွေနဲ့တကွ ရေးသားဖြန့်ဝေနေတာပါ။

တပ်ထောက်ခံသူအကောင့်တုတွေ ဖြန့်ဝေနေတဲ့ ဓာတ်ပုံနဲ့ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။

ဖြစ်စဉ်အမှန်ကတော့ စစ်ကောင်စီတပ်ကဖမ်းသွားတဲ့ အမျိုးသမီး ၄ ဦးဟာ အင်းတော်စည်ပင်ဈေးမှာ ကြက်သားရောင်းနေတဲ့ ဈေးသည် အမျိုးသမီးများသာ ဖြစ်တာကို သံလွင်တိုင်းမ်က စိစစ်တွေ့ရှိရပါတယ်။

စစ်ကောင်စီရဲတပ်ဖွဲ့က ဖမ်းသွားတဲ့ အမျိုးသမီး ၄ ဦးဟာ အင်းတော်မြို့ဈေးထဲမှာ ကြက်သားရောင်းတဲ့ နားခါရွာမှ အမျိုးသမီးများဖြစ်ပြီးအမျိုးသမီး (၄)ဦးကို PDF ထောက်ပံ့တယ်လို့ စွပ်စွဲပြီး စစ်သားနဲ့ရဲတွေကဖမ်းဆီး သွားတာဖြစ်တယ်လို့ Indaw Revolution-IR ရဲ့သတင်းထုတ်ပြန်ချက်အရ သံလွင်တိုင်းမ်က စိစစ်တွေ့ရှိရပါတယ်။

Indaw Revolution-IR ရဲ့သတင်းထုတ်ပြန်ချက်လင့်

https://bit.ly/3IKmzpF

The Nation Voiceသတင်းဌာနမှာ ဖော်ပြထားတဲ သတင်းလင့်

https://bit.ly/3vDIU0h

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ “အင်းတော်စည်ပင်ဈေးတွင် PDF ပဒက် ထောက်ပံ့ပေးနေသူ၄ဉီးကို ဖမ်းဆီးအရေးယူ” ဆိုတဲ့ ဓာတ်ပုံပါ သတင်းဟာ စစ်တပ်ထောက်ခံသူတွေဘက်က ဖြန့်ဝေနေတဲ့ သတင်းအမှား တစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ် 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.